Image credit: Microsoft |
Microsoft ဟာ မကြာခင်က အောက်တိုဘာ ၅ရက်နေ့မှာထွက်ရှိမယ့် Windows 11 နဲ့အတူ Office 2021 ပါထွက်ရှိလာမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ Office 2021 ဟာ Office 2019 ကိုဆက်ခံမှာဖြစ်ပါတယ်။
Office 2021 ဟာ Office 2019 ရဲ့ minor update သာဖြစ်လာမှာဖြစ်ပြီး အချို့သူတွေအတွက်တော့ အဆင့်မြှင့်တင်ရတာတန်လောက်မယ့် features အချို့တွေလည်းပါဝင်တယ်လို့ဆိုပါတယ်။
ဒီနောက်ဆုံး update မှာ အာရုံစိုက်အခံရဆုံးဟာ Excel ဖြစ်ပြီး Microsoft အနေနဲ့ Xmatch, LET, Dynamic Arrays နဲ့ XLookup အစကရှိတဲ့ features တွေ ထပ်ပေါင်းထည့်ပေးထားပါတယ်။ XLookup ဟာ search bar လိုမျိုးဖြစ်ပြီး table ထဲက ဘယ် data ကိုမဆိုရှာဖွေပေးနိုင်ပါတယ်။ LET ကတော့ calculation results တွေကို အမည်ပေးနိုင်ပါတယ်။
Outlook မှာလည်း update အချို့ပါဝင်လာပါတယ်။ ဝင်လာတဲ့စာတွေကို ချက်ခြင်းဘာသာပြန်ပေးနိုင်တာနဲ့ folder တွေ email အကောင့်တွေအားလုံးကို ရှာဖွေနိုင်လာပါတယ်။
Word, Excel PowerPoint Outlook တို့မှာ စွမ်းဆောင်ရည်ပိုကောင်းအောင် အဆင့်မြှင့်တင်ထားပေးသလို UI အသစ်တွေလည်း ထည့်သွင်းပေးထားပါတယ်။ Word မှာဆိုရင်လည်း အခမဲ့ Office Software ဖြစ်တဲ့ LibreOffice တို့မှာသုံးတဲ့ ODF format ကိုထောက်ပံ့ပေးလာပါတယ်။
Office 2021 ဟာ Office 2019 အတိုင်းတူညီတဲ့ဈေးနှုန်းသာရှိမှာဖြစ်ပြီး Office Home and Student အတွက် $149.99၊ Home and Business အတွက်က $249.99 ကျသင့်မှာပါ။ Office 365 အသုံးပြုသူတွေအတွက်က Office 2021 ထွက်ရှိမယ့် အောက်တိုဘာလ ၅ရက်နေ့ကနေ အခမဲ့အဆင့်မြှင့်တင်အသုံးပြုနိုင်ပါတယ်။
Office 2021 ကို Windows 11၊ Windows 10 နဲ့ မကြာသေးခင်ကထွက်ရှိထားတဲ့ MacOS version ၃မျိုးမှာ အသုံးပြုနိုင်ပါတယ်။
Office 2021 ထွက်ရှိတာနဲ့တပြိုင်နက် Microsoft ဟာ Office 2013 ကိုအထောက်အပံ့ရပ်ဆိုင်းမှာဖြစ်ပြီး
Windows 11 မှာအသုံးပြုနိုင်တော့မှာမဟုတ်ပါဘူး။
Source: Tom's Hardware
0 Comments