Subscribe Us

header ads

AMD မှ Zen 4 EYPC လမ်းပြမြေပုံနှင့် Instinct MI200 ကိုမိတ်ဆက်ပြသ



Dr.Lisa Su ဟာ AMD ရဲ့ Accelerated Data Center ပွဲမှာ Zen 4 CPU တွေရဲ့ လမ်းပြမြေပုံပြသခဲ့ပါတယ်။ အဆိုပါလမ်းပြ‌မြေပုံအရ


Zen 4 Cores 96ခုအထိပါမယ့် 5nm process နဲ့ပွဲထွက်လာမယ့် Genoa ဟာ DDR5 အထောက်အပံ့နဲ့ PCIE Gen 5 တို့ပါဝင်လာမှာဖြစ်ပါတယ်။ 5nm process ကို TSMC ကဆောင်ရွက်ပေးမှာဖြစ်ပြီး လက်ရှိ Milan မှာသုံးထားတဲ့ 7nm ထက် density နဲ့ power efficiency မှာ၂ဆပိုမိုသလို စွမ်းဆောင်ရည်လည်း ၁.၂ဆပိုကောင်းတယ်ဆိုပါတယ်။



Cloud အသားပေး Bergamo မှာတော့ စွမ်းဆောင်ရည်မြင့်မားတဲ့ Zen 4 C Core 128 ခုအထိပါဝင်လာမှာဖြစ်ပါတယ်။ Bergamo ဟာ Genoa နဲ့ socket အတူတူပဲဖြစ်ပါတယ်။ Zen 4 C ဆိုတာ ပုံမှန် Zen 4 Core တွေထက်အနည်းငယ်သေးငယ်ပြီး thread များများပိုလိုတဲ့ cloud အတွက်ပိုသင့်တော်အောင်ဖန်တီးထားတာပါ။

AMD Instinct MI200 series

ဒီပွဲမှာ AMD ဟာ Instinct MI200 series ကိုလည်းတရားဝင်ထုတ်ဖော်ပြသခဲ့ပြီး MI100 ကိုကြီးကြီးမားမားအဆင့်မြှင့်တင်ထားတာဖြစ်ပါတယ်။



ပထမဆုံးအပြောင်းအလဲကတော့ MI200 series မှာ Zen 2 နဲ့ Zen 3 CPU တွေလို chiplet design ကိုသုံးလာပါတယ်။ CDNA die ၂ခုဟာ Infinity Fabric နဲ့ GPU ၂ခုအကြား bi-directional bandwidth တစ်ခုဟာ 100Gbps အထိရှိတယ်လို့ဆိုပါတယ်။

MI200 series ထဲက flagship ဖြစ်တဲ့ MI250X မှာ Compute Units 220 နဲ့ stream processor ပေါင်း 14080 ရှိကာ 128GB HBM2 memory ပါဝင်ပါတယ်။ non-X version မှာတော့ 208 Compute Units နဲ့ stream processor ပေါင်း 13312 ပါဝင်ကာ memory ကတော့အတူတူဖြစ်ပါတယ်။

Instinct M250X နဲ့ 250 ၂ခုစလုံးမှာ open-hardware compute accelerator သို့ OCP module form factor နဲ့လာမှာဖြစ်ပြီးနောက်ပိုင်းမှာတော့ OEM ဆာဗာတွေမှာ PCIE card အနေနဲ့လာမှာဖြစ်ပါတယ်။ MI200 series ဟာ နောက်နှစ်ပထမ၄လပတ်ထဲထွက်ရှိမှာဖြစ်ပါတယ်။

Post a Comment

0 Comments