Subscribe Us

header ads

အမေရိကန်မှ တရုတ်ကွမ်တမ်နည်းပညာအဖွဲ့အစည်း ၈ခုကိုပိတ်ပင်


အမေရိကန်ကုန်သွယ်ရေးဌာနဟာ တရုတ်ဂျပန်၊ ပါကစ်စတန်နှင့်စင်ကာပူက နိုင်ငံခြားအဖွဲ့အစည်း၂၇ ခုကို ပိတ်ပင်လိုက်ပါတယ်။ အဖွဲ့အစည်းတွေထဲက ၈ခုဟာ ကွမ်တမ်ကွန်ပျူတာဖန်တီးနေကြသူတွေဖြစ်ပြီး အမျိုးသားလုံခြုံရေးကိုထိခိုက်စေနိုင်တယ်လို့ အမေရိကန်က ယူဆထားပါတယ်။

အဖွဲ့အစည်း၈ခုစလုံးဟာ တရုတ်အစိုးရကိုယ်စား ကွမ်တမ်နည်းပညာကို စစ်ရေးမှာအသုံးချဖို့အတွက်ဖန်တီးနေတယ်လို့ဆိုပါတယ်။ ကုမ္မဏီ၃ခုကတော့ အမေရိကန်နည်းပညာတွေကို ရယူဖို့ သို့ လက်ဝယ်ပိုင်ဆိုင်နိုင်ဖို့ ကြိုးပမ်းနေတာတွေ့ရတယ်လို့ဆိုပါတယ်။

တရုတ်နိုင်ငံဟာ ကွမ်တမ်နည်းပညာကိုအသုံးချပြီး ရေဒါမှပျောက်ကွယ်အောင်ဖန်တီးထားမှုကိုတန်ပြန်ခြင်း၊ တန်ပြန်ရေငုတ်သင်္ဘောကိစ္စတွေနဲ့ ကုတ်တွေဖော်ထုတ်ခြင်းနဲ့ ဖော်ထုတ်ရမလွယ်တဲ့ ကုတ်တွေဖန်တီးခြင်း စတဲ့စစ်ရေးဆိုင်ရာကိစ္စတွေမှာ အသုံးချဖို့စိတ်ဝင်စားနေတယ်လို့ အမေရိကန်ကုန်သွယ်ရေးဌာနကယုံကြည်နေပါတယ်။

အဖွဲ့အစည်း၈ခုထဲကတစ်ခုဟာ ဒီနှစ်အစောပိုင်းက ကမ္ဘာ့အမြန်ဆုံးကွမ်တမ်ကွန်ပြူတာတည်‌ဆောက်ခဲ့တဲ့ တရုတ်သိပ္ပံနှင့်နည်းပညာတက္ကသိုလ် ကွမ်တမ်ဌာနဖြစ်တယ်လို့ဆိုပါတယ်။ သီအိုရီအရ အဆိုပါကွမ်တမ်ကွန်ပြူတာဟာ အမေရိကန်ကထက် ၂ဆ သို့ ၃ဆပိုမြန်တယ်လို့ဆိုပါတယ်။

တားမြစ်ခံရတဲ့အဖွဲ့အစည်းအများစုကတော့ ဒီကိစ္စအပေါ်ပူပန်ခြင်းမရှိပါဘူး။ QuantumCTek ကတော့ ဒီအခြေနေကိုကိုင်တွယ်နိုင်တယ်လို့ Nikkei Asia ကိုဆိုပါတယ်။ ဘာလို့ဆို နည်းပညာအများစုက တရုတ်ကလာတာဖြစ်ပြီး အမေရိကန်ကိုမှီခိုခဲ့ခြင်းမရှိဘူးလို့ဆိုပါတယ်။

ကွမ်တမ်နည်းပညာနဲ့ မသက်ဆိုင်တဲ့ အဖွဲ့စည်း ၁၉ခုဟာလည်း ပိတ်ပင်ခံထားရပြီး ၃ခုဟာ တရုတ်နိုင်ငံပိုင်ဖြစ်ပြီး တရုတ်၊ ဂျပန်နဲ့ စင်ကာပူတို့မှာအခြေစိုက်ထားကာ အမေရိကန်နည်းပညာတွေကို အီရန်ရဲ့ စစ်ရေးနဲ့အာကာသအစီအစဉ်တွေ မြောက်ကိုးရီယားရဲ့ ရှေးပြေးကုမ္မဏီတွေစီ ရောင်းချထားပါတယ်။

ကျန်တဲ့အဖွဲ့အစည်း ၁၆ခုကတော့ ပါကစ္စတန်ရဲ့ အန္တရာယ်များတဲ့အနုမြူကိစ္စတွေ သို့ တိုက်ခြင်းပစ်ဒုံးပျံအစီအစဉ်တွေအတွက် နည်းပညာတွေဖြန့်ဝေပေးခဲ့တယ်လို့ဆိုပါတယ်။ အဖွဲ့အစည်းအချို့ဟာ ပါကစ္စတန်ကဖြစ်ပြီး ကျန်တာတွေကတရုတ်နိုင်ငံကပါ။ ထူးဆန်းတာတစ်ခုက တားမြစ်ခံရတဲ့ လုပ်ငန်းတစ်ခုဟာ ရေခဲသေတ္တာနဲ့ လေအေးပေးစက်ကုမ္မဏီဖြစ်နေတာပါ။

နောက်ထပ် အမေရိကန်ကုန်သွယ်ရေးဌာနက သူတို့ရဲ့ထုတ်ကုန်တွေကို စစ်ဘက်မှာအသုံးချနေတာကိုလည်းစာရင်းပြုစုထားပါသေးတယ်။ ပိတ်ပင်ခံရတဲ့အထဲမှာ မော်စကိုရူပဗေဒနဲ့နည်းပညာတက္ကသိုလ်လည်းပါဝင်တယ်လို့ဆိုပါတယ်။

Source: Techspot

Post a Comment

0 Comments