DDR5 ဟာ capacity ပိုများ၊ ပိုမြန်သလို ရှာတွေ့ဖို့လည်းအင်မတန်ခက်ခဲနေပါတယ်။ 12th Gen Alder Lake CPU ထွက်ပေါ်လာပြီးနောက် PC Enthusiast တွေဟာ DDR5 နဲ့ သုံးလိုလာကြပါတယ်။ ဒီနှစ် Samsung ရဲ့ Tech Day ပွဲမှာ သူတို့ရဲ့ မျိုးဆက်သစ် Memory ထုတ်လုပ်ရေးအကြောင်းတွေကို ထုတ်ဖော်ပြသလိုက်ပါတယ်။
DDR5 ဟာ DDR4 ရဲ့ JEDEC standard speed ဖြစ်တဲ့ 3200 megatransfers per second (MT/s) ကနေ 6400 MT/s အထိမြင့်မားလာပါတယ်။ ဒါတောင် JEDEC standard အရ စံအဖြစ်လက်မခံရသေးပါဘူး။ Samsung ဟာ DDR6 မှာ ဒီထက် ၂ဆတိုးလိုနေပြီး 12800 MT/s အထိရှိစေချင်နေပါတယ်။ ဒီစံနှုန်းဟာ အစောပိုင်းသတ်မှတ်ထားချက်အနေနဲ့သာရှိနေပြီး ၂၀၂၄ခုနှစ်လောက်မှ လက်ခံဖို့စီစဥ်လာပါလိမ့်မယ်။
DDR6 ကို ထုတ်လုပ်ဖို့ကြံရွယ်နေတဲ့သူတွေကတော့ ပြိုင်ဘက်ကုမ္ပဏီဖြစ်တဲ့ မကြာခင်ကမှ HBM3 ကိုစမ်းသပ်နေတဲ့SK Hynix ပဲဖြစ်ပါတယ်။ HBM Memory ဟာ High Performance Computing (HPC)တွေအတွက် ပိုမြန်၊ ပိုပါဝါစားသက်သာပေမယ့် ပုံမှန် GDDR Memory တွေထက်တော့ ဈေးပိုများပါတယ်။ HBM2 ကို AMD ရဲ့ Vega၊ Radeon VII နဲ့ Radeon Pro GPU တွေအပြင် Nvidiaရဲ့ မော်ဒယ်အချို့ဖြစ်တဲ့ Titan V နဲ့ Quadro GP100တို့မှာသုံးခဲ့ဖူးပါတယ်။
DDR5 လိုပဲ DDR6 မှာ module တစ်ခုခြင်းစီအလိုက် channel တွေ bank တွေတိုးလာမှာဖြစ်ပါတယ်။ ဒီ architecture ပိုင်းဆိုင်ရာ အပြောင်းအလဲတွေကြောင့် Memory Timing၊ power management နဲ့ ECC တွေအပြင်အခြားအချက်တွေကြောင့် Samsungကို memory တွေရဲ့ အမြန်နှုန်းနဲ့ ယုံကြည်စိတ်ချရမှုပိုတိုးပွားလာအောင်လုပ်ဆောင်ဖို့တွန်းအားပေးနေပါတယ်။
Source: Techspot
0 Comments