Subscribe Us

header ads

ပထမဆုံးတရုတ်ပြည်တွင်းဖြစ် Innosilicon GPU


GPU ဈေးကွက်မှာ AMD နဲ့ Nvidia တို့ကသာလွှမ်းမိုးထားပြီး Intel ကတော့ ၂၀၂၂ခုနှစ်မှာ Arc Alchemist gaming GPU တွေနဲ့ Ponte Vecchio accelerator တွေထုတ်လုပ်ကာ ဈေးကွက်ထဲဝင်ရောက်လာပါတော့မယ်။ တရုတ်နိုင်ငံက cryptocurrency mining နဲ့ ဆက်စပ်ပစ္စည်းတွေရောင်းနေတဲ့ Innosilicon ဟာ ဒီလို လက်တစ်ဆုပ်သာရှိတဲ့ GPU ထုတ်လုပ်ရေးဈေးကွက်ထဲဝင်ရောက်ဖို့ကြိုးစားနေပါတယ်။ အခုဆိုရင် Innosilicon ဟာ တရုတ်နိုင်ငံ Data Center ဈေးကွက်အတွက်ကိုယ်ပိုင်ဖန်တီးထားတဲ့ "Fenghua No.1" လို့အမည်ရတဲ့ GPU ကိုထုတ်ဖော်ပြသလိုက်ပြီး အနောက်တိုင်း GPU ဈေးကွက်အချို့ကိုရယူနိုင်ဖို့ကြံရွယ်နေပုံရပါတယ်။

Imagination Technologies ရဲ့ Power VR IP ကိုအခြေခံထားတဲ့ "Fenghua No.1" GPU ဟာ တရုတ်နိုင်ငံရဲ့ ပြည်တွင်းအခြေခံအဆောက်အဦးတွေမှာ အသုံးချနိုင်သလို cloud gaming လိုအလုပ်တွေ၊ desktop graphics နဲ့ workstation လိုအလုပ်တွေအတွက်လည်း ကိုင်တွယ်နိုင်စွမ်းရှိတယ်လို့ Innosilicon ကဆိုပါတယ်။ ဒီလိုပြောပေမဲ့ လက်ရှိ AMD၊ Nvidia နဲ့ Intel တို့က GPU တွေနဲ့ နိုင်းယှဉ်ထားတဲ့ အသေးစိတ်အချက်လက်တွေကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။

Innosilicon ဟာ သူတို့ရဲ့ GPU အကြောင်းကိုများများစားစားမပြောခဲ့ပေမယ့် 4K ကိုကိုင်တွယ်နိုင်မယ့် HDMI 2.1 နဲ့ Display Port ကိုအထောက်အပံ့ပေးထားတယ်လို့ဆိုပါတယ်။ သူ့တို့ရဲ့ graphic cardဟာ chiplet ကိုအခြေခံထားကာ PCIe 4.0 connectivity နဲ့ GDDR6X Memory ကိုအသုံးပြုထားလို့ဆိုပေမယ့် memory ပမာဏနဲ့ bandwidth ကိုတော့ လက်ရှိမှာမသိရသေးပါဘူး။

"Fenghua No.1" ဟာ graphics API အများစုဖြစ်တဲ့ OpenGL၊ OpenGL ES၊ OpenCL၊ Vulkan နဲ့ DirectX တို့အပြင် operating system တွေဖြစ်တဲ့ Windows၊ Linux နဲ့ MacOS တို့ကိုအထောက်အပံ့ပေးမယ်လို့ဆိုပါတယ်။

"Fenghua No.1" အနေနဲ့ AMD နဲ့ Nvidia တို့ရဲ့ High End ဈေးကွက်ထဲကိုယှဉ်ပြိုင်သွားမှာမဟုတ်ပေမယ့် GPU ဈေးကွက်ထဲ အမှန်တကယ်အသုံးချနိုင်တဲ့ ပစ္စည်းအဖြစ်မြင်ရမှာဖြစ်ပါတယ်။ "Fenghua No.1" ကိုပြသလိုက်ခြင်းဟာ တရုတ်နိုင်ငံအနေနဲ့ ပြည်တွင်းဖြစ်ပစ္စည်း‌တွေက AMD နဲ့ Nvidia လို အနောက်နိုင်ငံကြီး‌တွေရဲ့ ပစ္စည်းတွေနဲ့ ယှဉ်ပြိုင်နိုင်လာဖို့ရည်ရွယ်နေကြောင်း ပြသလျက်ရှိနေပါတယ်။

ခေတ်ပေါ် OS နဲ့ API ကိုယ်အထောက်ပံပေးနိုင်တဲ့ Innosiliconရဲ့ "Fenghua No.1"ဟာ တရုတ်စျေးကွက်အတွက်ကြီးမားတဲ့ တိုးတက်ပြောင်းလဲမှုဖြစ်ပါတယ်။ စွမ်းဆောင်ရည်အသေးကိုဖော်ပြမထားတာက AMD နဲ့ Nvidia ကိုယှဉ်ပြိုင်နိုင်ဖို့ အချိန်တစ်ခုယူရဦးမယ်လို့ဆိုလိုနေသလိုပါပဲ။ စွမ်းဆောင်ရည်ပိုင်းအနေနဲ့သိထားရသလောက်က FP32 မှာ 6 teraflops ရှိတယ်ဆိုပြီး လက်ရှိ AMD RX 6600 က 7.3 teraflopsကာ Nvidia GTX 1660 Super ဟာ 5 teraflops သာရှိပါတယ်။

"Fenghua No.1" ဟာ Power VR ကိုအခြေခံထားတယ်လို့သိထားရတဲ့အတွက် ၂၀၂၀ခုနှစ်က Imagination Technologies ရဲ့ Chief Marketing Officer ဖြစ်သူ David Harold ပြောကြားချက်အရ 11th Gen Power VR architecture ဟာ အဲအချိန်က desktop GPU တွေနဲ့ performance-per-watt အပိုင်းမှာ ၇၀% ပိုမိုသာလွန်တယ်လို့ဆိုခဲ့ဖူးပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် သူတို့အနေနဲ့ ဒီအဆင့်ထိရောက်လာတာဟာ ပြည်တွင်းဖြစ် GPU တွေဟာ ဈေးကွက်ထဲယှဥ်ပြိုင်လာနိုင်‌တဲ့အထိ လေးလေးနက်နက်ဆုံးဖြတ်ထားတယ်ဆိုတာ မီးမောင်းထိုးပြလျက်ရှိနေပါတယ်။

သင့်အနေနဲ့ Battlefield 2042 ကစားဖို့ "Fenghua No.1" ကိုအွန်းလိုင်းမှာဝယ်ယူလို့ရနိုင်မှာမဟုတ်ပေမယ့် ၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ်လောက်ဆိုရင် ဈေးကွက်ထဲမြင်တွေ့ရဖွယ်ရှိပါတယ်။

Source: OC3D, Techspot and Teaktown

#EnThueTech
#News
#GPU

Post a Comment

0 Comments