Subscribe Us

header ads

Intel Raptor Lake တွင် စွမ်းအင်သုံးစွဲမှု ၂၅% လျော့နည်းလာမည်

13th Gen Raptor Lake Desktop CPU တွေဟာ Alder Lake ကို refresh ပြန်လုပ်ထားတယ်လို့ထင်ကောင်းစရာရှိပေမယ့် အရင်တုန်းကလို clock speed ချည်းပဲတိုးလာမှာမဟုတ်တော့ပါဘူး။ 

ဒီအချက်အလက်ကိုတွေ့ရှိတဲ့သူက Reddit insider Underfox ဆိုသူဖြစ်ပြီး Raptor Lake မှာ digital linear voltage regulator (DLVR) ပါလာမယ်လို့ဆိုပါတယ်။ DLVR ဟာ Motherboard က လာတဲ့ voltage ကို ချပ်စ်အတွင်းမှာ Voltage Regulation အဖြစ်ထပ်မံဆောင်ရွက်ပေးမှာဖြစ်တယ်လို့ဆိုပါတယ်။

လက်ရှိ Intel CPU တွေမှာ voltage regulation အတွက် motherboard တွေအပေါ်မှီခိုနေရတာဖြစ်ပြီး ပုံမှန်voltage ထက်ပိုထုတ်ပေးနေတာကြောင့် အပူနဲ့စွမ်းအင်သုံးစွဲမှုများပြားနေတာဖြစ်ပါတယ်။ CPU အတွက်တကယ်လိုအပ်တဲ့ voltage နဲ့ motherboard ပေါ်က load line calibration (LLC)နဲ့ ကိုက်ညီမရှိဘူးလို့ ယူဆရပါတယ်။ ဒါကြောင့် Intel ဟာ 12th Gen Alder Lake CPU တွေရဲ့ ပါဝါစားသုံးမှုကမြင့်မားနေတာမို့ Raptor Lake မှာ လျော့နည်းအောင်ကြံစည်နေပုံရပါတယ်။ DLVR သုံးထားတဲ့ Raptor Lake CPU ဟာ Voltage 160mV လျော့နည်းမှာဖြစ်ပြီး ပုံမှန်ထက် ၂၀~၂၅%လျော့နည်းသွားတာဖြစ်ပါတယ်။ 

Raptor Lake ဟာ ၂၀၂၂နှစ်ကုန်ပိုင်းလောက်ထွက်လာမယ်လို့သိရပြီး DLVR အပြင်၊ ပိုများတဲ့ core/thread၊ မြင့်မားတဲ့ clock speedနဲ့ ပိုမြန်တဲ့ DDR5/LPDDR5X ကိုအထောက်ပံ့ပေးလာမယ်လို့ယူဆရပါတယ်။

Source: wccftech

Post a Comment

0 Comments