Photo: Tesla |
တရုတ်နိုင်ငံ ရှန်ဟိုင်းမှာရှိတဲ့ Tesla စက်ရုံကြီးဟာ အဆင့်မြှင့်တင်ထားတဲ့ သူတို့ရဲ့ Tesla Model Y ကိုစတင်ထုတ်လုပ်နေပြီဖြစ်ပါတယ်။ ဒီမော်ဒယ်အသစ်တွေရဲ့ infotainment system မှာ ယခင်သုံးနေကြ Intel Atom E3950 CPU တွေအစား စွမ်းဆောင်ရည်သိသိသာသာပိုကောင်းတဲ့ AMD Ryzen CPU တွေကိုအသုံးပြုလာမှာဖြစ်ပါတယ်။
ဘယ် AMD CPU ကိုသုံးတယ်ဆိုတာမသိရသေးပေမယ့် Tesla Model S Plaid ရဲ့ game console မှာသုံးထားတဲ့ ချပ်စ်ပဲဖြစ်ဖို့များပါတယ်။ ဒါ့ကြောင့် AMD ချပ်စ်တွေဟာ Tesla ကားတွေမှာ ဒုတိယမြောက်အသုံးပြုခြင်းလို့ပြောနိုင်ပါတယ်။ Tesla Model X ဟာလည်း AMD ချပ်စ်တွေကိုပြောင်းလဲအသုံးပြုမှာဖြစ်ပြီး entry level Model 3 မှာသာ Intel ချပ်စ်တွေသုံးပါတော့မယ်။စွမ်းဆောင်ရည်တွေကိုနှိုင်းယှဉ်ကြည့်တဲ့အခါ YouTube လိုတရုတ်App တစ်ခုဖြစ်တဲ့ YouKou ရဲ့ loading ယူချိန်ဟာ Ryzen ချပ်စ်နဲ့ဆို 4.18s သာကြာပြီး Atom E3950 နဲ့ဆို 17.12s ကြာပါတယ်။ Bilibili မှာ Ryzen ချပ်စ်နဲ့ဆို 7.04s ကြာပြီး Atom E3950 နဲ့ဆို 24.16s အထိ loading ယူချိန်ကြာပါတယ်။ ထင်ထားတဲ့အတိုင်း AMD နဲ့ဆိုပိုသွက်တယ်လို့ဆိုကြပါတယ်။ AMD နဲ့ Tesla တို့ရဲ့ဆက်ဆံရေးတိုးတက်လာတာကြောင့် ဈေးကွက်ပြန်ရဖို့ Intel ဘယ်လိုကြိုးပမ်းမလဲဆိုတာတော့ စောင့်ကြည့်ရပါဦးမယ်။
Source: Tom's Hardware
#EnThueTech
#News #CPU
0 Comments