မျိုးဆက်သစ် Ryzen CPU တွေထွက်ရှိလာတဲ့အခါ သူနဲ့တွဲဖက်သုံးရမယ့် motherboard တွေလည်းထွက်လာမှာပါ။ သုံးစွဲသူတွေဟာ motherboard chipset version အပေါ်မူတည်ပြီး သူတို့ရွေးချယ်လိုက်တဲ့ processor ရဲ့လုပ်ဆောင်နိုင်စွမ်းတွေ ကန့်သတ်ခံရပါတယ်။ AMD ဟာ motherboard chipset ကိုဖန်တီးရာမှာ ထိုင်ဝမ်က ASMedia နဲ့ပူးပေါင်းဆောင်ရွက်နေပါတယ်။ သူတို့က ပုံမှန်အားဖြင့် High-End၊ Midrange နဲ့ Low End ဆိုပြီး အပိုင်းတွေခွဲပြီးထုတ်ကြတာပါ။ သို့ပင်သော်ငြား high-end motherboard chipset ဟာ mid-range chipset တွေကိုပေါင်းစည်းလာတာမျိုးဖြစ်နိုင်တယ်လို့ BiliBili forum တွေမှာတွေ့နေရတယ်ဆိုပါတယ်။
သူတို့တွေ့ရသလောက်က AMD X670 motherboard chipset ဟာ Multi Chip Module (MCM) design နဲ့ဖြစ်ပြီး mid-range B650 motherboard chipset ၂ခုကိုပေါင်းစည်းထားတာလို့ဆိုပါတယ်။ B650 motherboard chipset ၂ခုကိုပေါင်းစည်းကာ X670 chipset ဖြစ်လာစေပြီး motherboard ထုတ်လုပ်သူတွေကို အသုံးပြုဖို့ AMD ကတွန်းအားပေးနေပါတယ်။ ဒီလိုလုပ်လိုက်တဲ့အတွက် Mini-ITX motherboard ကို ဒီဇိုင်းပြုထုတ်လုပ်ရတာခက်ခဲစေမှာပါ။ ဒီကောလာဟလကို ချင့်ချိန်ယုံကြည်ကြဖို့လိုပြီး ဘယ်လိုဖြစ်လာမလဲဆိုတာမသိနိုင်သေးပါဘူး။ ငွေကြေးပိုင်းအရတော့ AMD ဟာ chipset အသစ်ထပ်ဖန်တီးပြီး ထုတ်လုပ်ခိုင်းဖို့ရာမလိုအပ်တဲ့အတွက် အဓိပ္ပါယ်ရှိသယောင်ထင်ရပါတယ်။
Source: Techpowerup
#EnThueTech
#News
#AMD #Motherboard
0 Comments