Subscribe Us

header ads

ကမ္ဘာ့အမြန်ဆုံးစာရင်းဝင်စူပါကွန်ပျူတာပိုင်ဆိုင်လာတော့မည့်ထိုင်းနိုင်ငံ


ထိုင်းနိုင်ငံဟာ နှစ်ပေါင်း၃၀လုံးလုံးကမ္ဘာ့အမြန်ဆုံးစူပါကွန်ပျူတာစာရင်းထဲမှာပါဝင်ဖို့ အခြေအနေမရှိခဲ့ပါဘူး။ အခုဆိုရင် ထိုင်းနိုင်ငံဟာ ပထမဆုံး double precision performance မှာ အမြင့်ဆုံး 13 petaflops အထိရနိုင်တဲ့ စူပါကွန်ပြူတာကိုပိုင်ဆိုင်နိုင်တော့မှာပါ။

ထိုင်းနိုင်ငံ အမျိုးသားသိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးမှုအေဂျင်စီ (NSTDA)အတွက် Hewlett Packard Enterprise ဟာ စူပါကွန်ပြူတာတည်ဆောက်ပေးသွားမယ်လို့ဆိုပါတယ်။ အဆိုပါ စူပါကွန်ပျူတာကို NSTDA စူပါကွန်ပြူတာစင်တာမှာထားရှိမှာဖြစ်ပါတယ်။

ဒီ စူပါကွန်ပူတာကို HPE Cray EX နဲ့ တည်‌ဆောက်မှာဖြစ်ပြီး လက်ရှိစင်တာမှာလက်ရှိသုံးနေတဲ့စက်ထက် အဆ၃၀လောက်ပိုမြန်မှာဖြစ်ကာ ကမ္ဘာ့အမြန်ဆုံးစူပါကွန်ပျူတာ ၅၀စာရင်းမှာပါဝင်လာနိုင်မယ်လို့ယူဆရပါတယ်။ ဒီစူပါကွန်ပျူတာမှာ AMD EYPC Milan CPU ‌ပေါင်း ၄၉၆ ခုနဲ့ Nvidia A100 GPU ပေါင်း ၇၀၀ ကျော်တပ်ဆင်ထားပါတယ်။ ဒါ့အပြင် HPE Slingshot Fabric နဲ့ Cray Clusterstor E1000 storage array လည်းပါဝင်ဖြစ်ပြီး ၂၀၂၂ခုနှစ်ထဲမှာ စတင်လည်ပတ်နိုင်မယ်လို့သိရပါတယ်။

ဒီစူပါကွန်ပြူတာကိုအသုံးပြုပြီး ထိုင်းနိုင်ငံရဲ့ ကျန်းမာရေးစနစ်ကိုအထောက်ကူပေးမယ့်ဆေးဖက်ဆိုင်ရာစနစ်တွေ၊ စွမ်းအင်ဆိုင်ရာကိစ္စတွေနဲ့ ရာသီဥတုအခြေအနေ‌တွေခန့်မှန်းရာမှာ ပိုမိုမြန်ဆန်လာစေဖို့ ကုညီပေးနိုင်တယ်လို့သိရပါတယ်။ ဒီစူပါကွန်ပြူတာရှိလာတဲ့အတွက် ထိုင်းနိုင်ငံက သုတေသီများ၊ သိပ္ပံပညာရှင်များ၊ အင်ဂျင်နီယာအတွက် ကြီးမားတဲ့အထောက်အပံ့ဖြစ်စေမှာဖြစ်ပြီး စီးပွားရေးနှင့်လူမှုရေးတန်းဖိုးတွေမြင့်တက်လာစေမှာဖြစ်ပါတယ်" လို့ HPE(Hewlett Packard Enterprise) HPC ဌာနရဲ့ Vice President နဲ့ GM ဖြစ်သူ Bill Mannel ကဆိုပါတယ်။

Source: HPC Wire and nextplatform

#EnThueTech
#News

Post a Comment

0 Comments