Subscribe Us

header ads

Free-To-Play အဖြစ်ပြောင်းလဲသွားမည့် PUBG


PlayerUnknown's Battlegrounds: PUBG လို့အသိများကြတဲ့ PUBG Battlegrounds ဟာ ဇန်နဝါရီလ ၁၂ရက်နေ့ ၂၀၂၂ခုနှစ်ကနေစပြီး free-to-play အဖြစ်ပြောင်းလဲသွားမယ်လို့ PUBG Studio က ကြာသပတေးနေ့မှာ ကျင်းပတဲ့ The Game Award ပွဲမှာဆိုခဲ့ပါတယ်။



PUBG: Battleground ကို free-to-play အဖြစ်ပြောင်းလဲပြီးတဲ့နောက် Battleground Plus ဆိုတဲ့ premium acc ကိုမိတ်ဆက်ပေးမှာဖြစ်ပြီး extra currency၊ Ranked Mode၊ Custom Match function၊ in-game bonus နဲ့ အခြား bonus တွေပါဝင်လာမှာပါ။ Upgrade လုပ်ဖို့ရာ $12.99ကျသင့်မှာဖြစ်ပြီး ပါဝင်တဲ့အရာတွေဟာဂိမ်းရဲ့မူလကစားရတဲ့အတွေ့အကြုံတွေကိုအပြောင်းအလဲမဖြစ်သွားစေပါဘူး။

PUBG ကိုဝယ်ယူထားဖူးတဲ့သူတွေကတော့ Battleground Plus နဲ့ special cosmetic items တွေ ကို အခမဲ့ရရှိမှာဖြစ်ပါတယ်။ PUBG ရဲ့ free-to-play version ကို PS4၊ PS5၊ PC(Steam)၊ Xbox One နဲ့ Xbox Series X တို့မှာကစားနိုင်ပါတယ်။ PUBG: Battlegrounds ကို လက်ရှိ Steamမှာ $29.99 နဲ့ရောင်းချနေတာဖြစ်ပါတယ်။


Source: Polygon

Post a Comment

0 Comments