Subscribe Us

header ads

မလေးရှားနိုင်ငံရှိ ချစ်ပ်စက်ရုံသစ်အတွက် ဒေါ်လာ ၇ ဘီလီယံခန့်သုံးစွဲရန် Intel စီစဉ်နေ

Intel ဟာ မလေးရှားနိုင်ငံအတွင်း ဒေါ်လာ ၇.၁ ဘီလီယံတန်ဖိုးရှိ စက်ရုံအသစ်ကို တည်ဆောက်ရန် စီစဉ်နေကြောင်း မလေးရှားအာဏာပိုင်များက ပြောကြားခဲ့ပါတယ်။ ကမ္ဘာနှင့်အဝှမ်း ဆီမီးကွန်ဒတ်တာ‌တွေပြတ်တောက်မှုများနဲ့ ရင်ဆိုင်ကြုံတွေ့နေရချိန်မှာ Intel ရဲ့ CEO ဖြစ်သူ Pat Gelsinger ဟာ တရုတ်နိုင်ငံအနေနဲ့ ထိုင်ဝမ်အပေါ် အမြဲရန်လိုနေချိန်မှာ ထိုင်ဝမ်ရဲ့ကုန်ထုတ်လုပ်မှုအပေါ် အလွန်အကျွံ မှီခိုနေရကြောင်း သတိပေးခဲ့တာဖြစ်ပါတယ်။

မလေးရှားဟာ ၁၉၇၂ ခုနှစ်လောက်ကတည်းက ပီနန်မှာ AMD နဲ့ Intel တို့အတွက် manufacturing and assembly စက်ရုံတွေရှိနေခဲ့ပြီး အဲချိန်က ပီနန်ဆိုတာ မလေးရှားရဲ့ စီလီကွန်ချိုင့်ဝှမ်းလို့တင်စားခေါ်ဆိုကြပါတယ်။ ၁၉၈၀ခုနှစ် ဝန်းကျင်တွေမှာ ပြည်ပပို့ကုန် ၃ပုံ၁ပုံဟာ ဆီမီးကွန်ဒတ်တာတွေဖြစ်ခဲ့ပါတယ်။ 

မီဒီယာတွေရဲ့ဖော်ပြချက်အရ ပီနန်မှာရှိတဲ့ စက်ရုံအတွက် Intel ကနေ ရင်းဂစ် ၃၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမယ်လို့ မလေးရှား ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေး အာဏာပိုင်အဖွဲ့ကဆိုပါတယ်။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး အန်တိုနီ ဘလင်ကင် ရဲ့ ဒေသတွင်း ပထမဆုံး အကြိမ် လာရောက် လည်ပတ်တဲ့ (ဒီဇင်ဘာ ၁၅ ရက်) မှာ Intel ရဲ့ မလေးရှားအတွက် အစီအမံ‌တွေကို ထပ်မံဖော်ပြသွားမယ်လို့သိရပါတယ်။

Intel ရဲ့ CEO ဖြစ်သူ Pat Gelsinger ဟာ Intel အတွက် အာရှရဲ့ကုန်ထုတ်စွမ်းအား အရေးပါမှုကို ဖော်ပြရန်အတွက် ယခုသီတင်းပတ်အတွင်း ထိုင်ဝမ်နဲ့ မလေးရှားနိုင်ငံကို သွားရောက်လည်ပတ်မှာဖြစ်ပါတယ်။ သူဟာ TSMC ကိုတည်ထောင်သူ Morris Chang နဲ့‌တွေ့ဆုံမှာဖြစ်ပြီး Morris Chang ကတော့ "Pat Gelsinger အနေနဲ့ Intel ကုမ္ပဏီရဲ့ ထိပ်တန်းအရာရှိတွေအငြိမ်းစားယူခြင်းဆိုင်ရာ စည်းမျဉ်းတွေကြောင့် Intel ကို ထိပ်တန်းနေရာကို ပြန်ရယူပေးဖို့ အချိန်အလုံအလောက်မရနိုင်ဘူး" လို့ဆိုခဲ့တဲ့အတွက် အဆင်မပြေဖြစ်နိုင်ချေရှိတဲ့ တွေ့ဆုံမှုတစ်ခုဖြစ်နိုင်ကြောင်း Gelsinger မှ ပြောကြားခဲ့ပါတယ်။

Pat Gelsinger က "ထိုင်ဝမ်ဟာတည်ငြိမ်တဲ့ဒေသတစ်ခုမဟုတ်ပါဘူး၊ ဘေဂျင်းအစိုးရဟာ ဒီအပတ်အတွင်း တိုက်လေယာဉ် ၂၇စင်းကို ထိုင်ဝမ်ရဲ့ လေကြောင်းရန်ကာကွယ်ရေးဇုံထဲကိုပျံသန်းစေခဲ့ပါတယ်၊ ဒါဟာသင့်အတွက်သက်တောင့်သက်သာဖြစ်စေမှာလား" လို့လူသိထင်ရှားသတိ‌ပေးခဲ့ဖူးတာဖြစ်ပါတယ်။

Gelsinger ဟာ အမေရိကန်အစိုးရရဲ့ ပြည်တွင်းကုမ္ပဏီများအတွက် သီးသန့်ထောက်ပံ့ထားတဲ့ ဆီမီးကွန်ဒတ်တာရန်ပုံငွေအတွက် ဒေါ်လာ ၅၂ ဘီလီယံသုံးစွဲဖို့ အမေရိကန်အစိုးရကို တောင်းဆိုထားပြီး TSMC က တော့ "အမေရိကန်အတွက် အလွန်အပျက်သဘောဆောင်မည်" ဟု ပြောကြားထားပါတယ်။

သုံးစွဲသူတွေအနေနဲ့ Intel ရဲ့ ရင်းနှီးမြှုပ်နှံမှုရဲ့ အသီးအပွင့်တွေကို မြင်တွေ့ရဖို့ နှစ်အတော်ကြာ အချိန်ယူရမှာဖြစ်‌‌ပေမယ့်၊ အထူးသဖြင့် သူတို့ရဲ့ Foundry Services (IFS) ဌာနခွဲဟာ အခြားကုမ္မဏီတွေအတွက်ချစ်ပ်များ ထုတ်လုပ်နေပြီး Amazon နဲ့ Qualcomm တို့ဟာပထမဆုံးဖောက်သယ်ဖြစ်လာဖွယ်ရှိပါတယ်။

Intel ရဲ့ အရီဇိုးနားမှာရှိတဲ့ စက်ရုံနှစ်ခုဟာလည်း ၂၀၂၄ခုနှစ်မှာ အပြည့်အဝလည်ပတ်နိုင်မယ်လို့ မျှော်လင့်ရပြီး ဥရောပတိုက်မှာ ချစ်ပ်စက်ရုံအသစ်‌ေတွတည်ဆောက်ဖို့အတွက် ယူရို 80 ဘီလီယံ (ဒေါ်လာ 94.7 ဘီလီယံ) အထိ ရင်းနှီးမြှုပ်နှံမယ်လို့ မကြာသေးမီက ပြောကြားခဲ့ပါတယ်။ 

Source: Techspot ‌and cilisos.my

Post a Comment

0 Comments