အလင်းတွေအကြောင်းလေ့လာနေတဲ့ ဘော်စတွန်အခြေစိုက် Lightelligence ဆိုတဲ့ကုမ္ပဏီဟာ ကမ္ဘာ့ပထမဦးဆုံး အရွယ်အစားသေးငယ်တဲ့ အလင်းအခြေခံ computing device ကိုထုတ်ဖော်ပြသခဲ့ပါတယ်။ အလင်းကိုအခြေခံထားတဲ့အတွက် အလင်းကိုအသုံးပြုပြီး တွက်ချက်မှုတွေကို ဆောင်ရွက်မှာပါ။ အဆိုပါပစ္စည်းဟာ ပုံမှန် computing unit တွေထက် အဆရာပေါင်းများစွာမြန်ဆန်တယ်လို့ဆိုပြီး RTX 3080 ထက် အဆပေါင်း ၃၅၀လောက်ကိုမြန်တယ်လို့ဆိုပါတယ် သို့ပေသော်ငြားအချို့နေရာတွေမှာသာဖြစ်ပါတယ်။
Demo အဆင့်သာရှိနေချိန်မှာတောင် ကိုယ်ထည်တစ်ခုထဲမှာသာထည့်ထားတဲ့ Photonic Arithmetic Computing Engine (PACE)ဟာ အချို့သော AI၊ Deep Learning နဲ့ Machine Learning တွေကို အလင်းရဲ့အလျင်နဲ့ကောင်းစွာဆောင်ရွက်နိုင်စွမ်းရှိပါတယ်။
PACE ဟာ အချို့သော Matrix Application တွေမှာ RTX 3080ထက် အဆပေါင်းများစွာမြန်နေရတယ်ဆိုတာက သူ့ရဲ့တွက်ချက်ပုံသဘာဝကြောင့်ဖြစ်ပါတယ်။ နားလည်လွယ်အောင်ပြောရရင်တော့ data တွေဟာ အလင်းရဲ့အလျင်အတိုင်းသွားနေတာမို့လိုပါပဲ။
PACE ဟာ လက်ရှိမှာ တိတိကျကျသတ်မှတ်ထားတဲ့ workload ကိုဆောင်ရွက်နိုင်စွမ်းရှိနေပါတယ်။ ဒါပေမယ့် ကုမ္ပဏီကတော့ "PACE ဟာ တွက်ချက်ဖို့အခက်အခဲဆုံး အရာတွေကိုထိရောက်စွာရှာဖွေပေးနိုင်ပါတယ်။ ပြောရမယ်ဆိုလို့ရှိရင် အချို့တွက်ချက်မှုတွေမှာ ထိထိရောက်ရောက်တွက်ချက်နိုင်တဲ့ ASIC လိုမျိုးပါပဲ" လို့ဆိုပါတယ်။
PACE ဟာသူ့ရဲ့ပထမဆုံး AI Accelerator ကို ၂၀၂၂ခုနှစ်အတွင်းမှာဈေးကွက်ထဲတင်ပို့မှာဖြစ်ပါတယ်။ ဒါဟာဈေးကွက်ထဲဝင်ဖို့ကြိုးစားတာသာဖြစ်ပါတယ်။ ကုပ္မဏီရဲ့အဓိကရည်မှန်းချက်က အမြောက်အမြားထုတ်လုပ်နိုင်ဖို့ဖြစ်ပြီး Cloud AI၊ ဘဏ္ဍာရေးနဲ့ retail ဈေးကွက်ကို ၂၀၂၃မှာဖြန့်ချီနိုင်ဖို့ပစ်မှတ်ထားနေပါတယ်။
Source: Tom's Hardware
0 Comments