Subscribe Us

header ads

SteamOS ၏ storage requirements လျော့ကျလာ


SteamOS ဆိုတာ အသစ်ထွက်ရှိလာမယ့် Valve ရဲ့ Steam Deck handheld console အတွက် Linux OS အခြေခံ ဂိမ်းအသားပေး OS ပဲဖြစ်ပါတယ်။ အသစ်ထွက်ရှိလာတဲ့ Steam OS version 3.0 မှာ storage requirements ဟာ 24GB ကနေ 10GB အထိလျော့နည်းသွားပြီလို့ဆိုပါတယ်။

ဒါဟာ Steam Deck ဝယ်ယူမယ့်သူတွေအတွက်အင်မတန်ကောင်းတဲ့သတင်းပါ အနည်းဆုံး 64GB internal storageရှိတဲ့ Steam Deck မှာ 14GB လောက်လျော့သွားတာဟာ အင်မတန်သိသာတဲ့ပြောင်းလဲမှုဖြစ်ပြီး ဂိမ်းတွေပိုသွင်းထားနိုင်တဲ့အခွင့်အလမ်းတွေတိုးလာစေမှာဖြစ်ပါတယ်။

SteamOS update မှာ Steam Deck ရဲ့ Touch Screen သုံးရတာပိုကောင်းလာမှာဖြစ်သလို Wifi ရဲ့ စွမ်းဆောင်ရည်လည်းတိုးတက်လာမှာဖြစ်ကာ Audio ၊GPU နဲ့ အခြား components တွေအတွက် kernal driver update တွေလည်းပါဝင်လာမှာဖြစ်ပါတယ်။ ဒါ့အပြင် Samsung နဲ့ Micron memory အသီးသီးတို့အတွက် BIOS တွေလည်းထည့်သွင်းလာမယ်လို့ဆိုပါတယ်။

Steam Deck ကို ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလမှာ တင်ပို့မှာဖြစ်ပြီး Steam Deck မထွက်ခင်နဲ့ ထွက်ပြီးကာလတွေမှာ improvement တွေထပ်လုပ်ပေးဖို့ မျှော်လင့်ရပါတယ်။

Source: OC3D

Post a Comment

0 Comments