Subscribe Us

header ads

Windows ပေါ် တွင် Android ဂိမ်း‌များကို ၂၀၂၂ခုနှစ်မှာကစားနိုင်မည်



Windows 11 အရောင်းရဆုံးဖြစ်ရခြင်းရဲ့ အဓိကအချက်တစ်ခုက စတင်ကြေညာချိန်မှာ Android App တွေကိုသုံးလို့ရမယ်ဆိုတာပါပဲ။

ဒါပေမယ့်လက်ရှိမှာတော့လူတိုင်းမသုံးနိုင်သေးပဲ Windows Insider မှာသာရနိင်ပါသေးတယ်။ Microsoft ဟာ Amazon နဲ့ပူးပေါင်းပြီး Apps Store ကိုဖန်တီးမယ်ဆိုပေမယ့် Google Play Store မှာ app ၂သန်းခွဲလောက်ရှိပြီး Amazon မှာတော့ app တွေ ၄သောင်းခွဲခန့်သာရှိတာကိုတွေ့ရပါတယ်။

အခုအခါ Google ဟာ The Game Award ပွဲမှာ Google Play app ကို Windows အတွက်ထုတ်ပေးမယ်ဆိုလာပါတယ်။ ဒီfeature ကို Windows 11 သာမက Windows 10 မှာပါရမှာဖြစ်ပြီး နောက်နှစ်ထွက်မယ့် Windows Update တွေထဲပါဝင်လာမယ်လို့ဆိုပါတယ်။ Android App တွေကို Windows မှာ ဘယ်လို emulate လုပ်ပြီးသုံးရအောင်လုပ်ပေးမလဲဆိုတာမသိရသေးပေမယ့် ဂိမ်းတွေကတော့ Cloud Streaming လုပ်ပြီးကစားတာမဟုတ်ဘူးလို့ဆိုပါတယ်။

Microsoft နဲ့ Google တို့ Android App တွေ Windows မှာသုံးရအောင်ကြံစည်နေချိန်မှာ BlueStacks ကတော့ Android ဂိမ်းတွေကို Web Browser ကနေသုံးလို့ရအောင် cloudအခြေပြု BlueStacks X ကိုဖန်တီးနေပါတယ်။ BlueStacks ဟာ ၂၀၁၆ခုနှစ်လောက်ကစပြီး Android ဂိမ်းတွေကို Windows မှာသုံးလို့ရတဲ့ App အဖြစ်ထင်ရှားလာခဲ့ပါတယ်။

Source: Tom's Guide and The Verge

Post a Comment

0 Comments