Subscribe Us

header ads

AMD CES 2022

Ryzen 7 5800X3D

AMD ဟာသူတို့ရဲ့ 3D V-cache နည်းပညာအကြောင်းကို Computex 2021 ကိုမိတ်ဆက်ပေးခဲ့ပြီး 7nm Zen 3 chiplet မှာ cache die တွေထပ်ဆင့်ပိုးထားတဲ့နည်းပညာတွေဖြစ်ပါတယ်။


3D V-cache ကို သုံးမယ့် CPU က Ryzen 7 5800X3Dဖြစ်ပြီး မူလ5800Xထက် clock speed အနည်းငယ်ကျဆင်းသွားပါတယ်။



လက်ရှိမှာ 3D V-cache CPU ဟာ Ryzen 7 5800X3Dတစ်မျိုးတည်းသာရှိမှာဖြစ်ပြီး နွေဦးရာသီမှာထွက်ရှိလာမှာပါ။

Zen 4 လမ်းပြမြေပုံ


CES 2022မှာ မျိုးဆက်သစ် Zen 4 Core ကိုသုံးထားတဲ့ Ryzen 7000 Series CPU ကိုကြေညာခဲ့ပါတယ်။ 5nm ကိုသုံးထားမယ့် Zen 4 ဟာ ၂၀၂၂ဒုတိယနှစ်ဝက်လောက်မှာဝယ်ယူနိုင်မှာပါ။




Zen 4 မှာ AM5 ဆိုတဲ့socket အသစ်ပြောင်းမှာဖြစ်ပြီး PGA ကနေ LGA ဖြစ်မှာပါ အတိအကျဆိုရရင် LGA 1718ပါ။


AM5 မှာ Socket အသစ်ပြောင်းသွားပေမယ့် လက်ရှိ AM4 Cooler တွေနဲ့အသုံးပြုလို့ရမယ်လို့ဆိုပါတယ်။ Zen 4 မှာ PCIE 5.0နဲ့ DDR5ကိုလည်းအထောက်ပံ့ပေးလာမှာပါ။ AM5ထွက်တဲ့အချိန် ရှားပါးနေတဲ့ DDR5 တွေဈေးကွက်ထဲပိုမြင်လာရဖွယ်ရှိပါတယ်။

Radeon Super Resolution


AMDဟာ Radeon Super Resolution(RSR) ကိုကြေညာခဲ့ပါတယ်။ Radeon Super Resolution ဆိုတာ driver အခြေခံထားတဲ့ FidelityFX Super Resolution(FSR) ဘယ်ဂိမ်းမှာမဆိုသုံးနိုင်ပါတယ်။

FSR နဲ့မတူတာက RSR ဟာ ဂိမ်းရဲ့ UI အပါအဝင်ဂိမ်းတစ်ခုလုံးကို upscale လုပ်ပေးမှာပါ။ RSR ဟာ AMD ရဲ့ Driver တွေထဲ ၂၀၂၂ခုနှစ် ပထမနှစ်ဝက်အတွင်းပါဝင်လာမှာဖြစ်ပါတယ်။

ဈေးသက်သာတဲ့ Radeon RX 6500XT


Desktop Graphics အပိုင်းအတွက် ဈေးသက်သာတဲ့ Radeon RX 6500XT ကိုပြသခဲ့ပြီး mainstream မှာဈေးသက်သာတဲ့ GPU တစ်ခုတိုးလာမှာပါ။


RX 6500XT မှာ 16 Compute Units Infinity Cache 16MB နဲ့ Clock Speed 2.6GHz ရှိမှာပါ။ ဒါပေမယ့် Memory Bus က 64bit နဲ့ GDDR6 4GB သာပါဝင်မှာပါ။


သူ့ရဲ့စွမ်းဆောင်ရည်ကို AMD က GTX 1650 နဲ့ RX 570 တို့နဲ့နှိုင်းယှဉ်ပြသွားပါတယ်။ အကြမ်းဖြင်းအားဖြင့် 1080Pမှာ GTX 1650ထက် 30~40%အထိပိုမြန်တယ်လို့ဆိုပါတယ်။ RX 6500XT ကို ဇန်နဝါရီ၁၉ရက်နေ့မှာ $200နဲ့စတင်ရောင်းချမှာပါ။


Mobile Ryzen 6000 Series


AMD ဟာ APU အသစ်တွေဖြစ်တဲ့ Mobile Ryzen 6000 Series အကြောင်းကိုအကြာကြီးပြောသွားပါတယ်။ Mobile Ryzen 6000 Series မှာ Zen 3+ Core ကိုသုံးမှာဖြစ်ပြီး TSMC 6nm နဲ့ထုတ်လုပ်မှာဖြစ်သလို RDNA2 graphics လည်းတွဲဖက်ပါဝင်လာမှာပါ။



Zen3+ Core အကြောင်းကိုသေချာမပြောခဲ့ပေမယ့် သေချာပြောတာက RDNA2 graphics အကြောင်းပါ။ RDNA2 graphicsမှာ Compute Units 12ခုပါဝင်ပြီး ပထမဆုံး Ray Tracing ကို အထောက်အပံ့ပေးမယ့် APU တွေဖြစ်လာမှာပါ။


ဒီ APU တွေဟာ U Series တွေဖြစ်တဲ့အတွက် Thin and Light Laptop တွေမှာ Ray Tracing ကိုအထောက်အပံ့ပေးလာမှာပါ။ RDNA2 ကိုစွမ်းအားပိုကောင်းစေအောင် ပိုမိုမြန်ဆန်တဲ့ DDR5 LPDDR5တို့ကိုအထောက်အပံ့ပေးမှာပါ။ PCIE ကိုလည်း Gen 4 ကို 16 lanes အထိအထောက်အပံ့ပေးမှာဖြစ်သလို USB4 နဲ့ Wifi 6E ကိုလည်းအထောက်အပံ့ပေးလာမှာပါ။


ဒါ့အပြင် Display Port 2 နဲ့ HDMI 2.1 အပြင် AV1 Hardware Decoding ကိုလည်းရလာမှာမို့ Ryzen 5000 mobile ထက်အများကြီးပိုကောင်းလာမှာပါ။

RDNA2 graphics ကို Zen 3+ Core တွေသုံးထားတဲ့ AMD Ryzen 6000 H Series နဲ့ U Series တွေအားလုံးမှာထည့်သွင်းလာမှာဖြစ်ပြီး ယခင် Zen 3 ကိုrefresh လုပ်ထားတဲ့ U Series အချို့model တွေမှာတော့ Vega graphics သာပါဝင်မှာဖြစ်ပါတယ်။


AMD ဟာ Intel အပေါ် သူ့ရဲ့ graphics ပိုင်းအရသာလွန်နေမှုကျဥ်း‌မြောင်းလာခဲ့ပြီးနောက် Mobile Ryzen 6000 U Series တွေမှာပြန်လည်အသာရအောင်ကြိုးပမ်းလာခဲ့ပါတယ်။ 1080P မှာဆိုရင် Ryzen 6000 U Seriesတွေဟာ 5000 U Series တွေထက်၂ဆသာလွန်လာသလို Intel Core i7 1185G7 နဲ့ Nvidia MX450 ကိုလည်းအသာအယာကျော်ဖြတ်သွားနိုင်ခဲ့တယ်လို့ဆိုပါတယ်။


CPU စွမ်းဆောင်ရည်ပိုင်းအနေနဲ့ 6800U ဟာ 5800U နဲ့ 28W အနေအထားမှာ single thread ကို 10% နဲ့ multi thread မှာ30%အထိ စွမ်းဆောင်ရေးတိုးတက်လာတယ်လို့ AMD ကဆိုပါတယ်။


AMD ရဲ့ U Series တွေဟာ စွမ်းဆောင်ရည်ကောင်းကြပေမယ့် ဘက်ထရီခံနိုင်စွမ်းမှာ Intel ကိုမမှီသေးပါဘူး။ ဒါပေမယ့် Mobile Ryzen 6000 U Series တွေမှာ ဘက်ထရီနဲ့ ၂၄နာရီကြာ video playback ရနိုင်ပြီလို့ဆိုပါတယ်။

5GHz ကိုကျော်လွန်ခြင်း


Intel နဲ့ယှဉ်လိုက်မယ်ဆိုရင် AMD CPU တွေရဲ့ Clock Speed ဟာ သိသိသာသာလျော့နည်းနေတာတွေ့ရမှာပါ။ ဒါပေမယ့် Ryzen CPU တွေ mature ဖြစ်လာတာနဲ့အမျှ Clock Speed တွေတစ်ဖြည်းဖြည်းတက်လာတာတွေ့ရမှာပါ။ အခုဆိုရင် Mobile Ryzen 6000 H Series တွေမှာ Boost Clock 5 GHz အထိရနိုင်လာခဲ့ပါပြီ။ ပါဝါစားပိုသက်သာတဲ့ U Series တွေမှာလည်း 4.7GHz အထိရလာခဲ့ပြီမို့မဆိုးလှပါဘူး။

Ryzen 6000 Series အသုံးပြုထားတဲ့ laptop တွေကိုဖေဖော်ဝါရီလထဲမြင်တွေ့ရမှာဖြစ်ပြီး Intel 12th Gen Alder Lake CPU သုံး laptop တွေနဲ့ ယှဉ်ပြိုင်ရမှာပါ။

Laptop GPU များ


AMD ဟာ Thin and Light Laptop တွေအတွက် ရည်ရွယ်ထားတဲ့ RX 6000S Series GPU တွေကိုလည်းကြေညာခဲ့ပါတယ်။


ဒီ GPU တွေမှာ RX 6800S၊ RX 6700Sနဲ့ RX6600S ဆိုပြီး model ၃မျိုးပါဝင်ပြီး Nvidia MaxQ‌ တွေလိုမျိုးပဲ ပုံမှန် M Series တွေထက် စွမ်းအင်စားသုံးမှုပိုမိုနည်းပါးပါတယ်။


S Series GPUတွေအပြင် M Series GPU model အသစ် ၅မျိုးကိုလည်းကြေညာသွားခဲ့ပါတယ်။ ဒီထဲက မှ Model ၃မျိုးဟာ enhanced version တွေဖြစ်ပြီး AMDအဆိုအရ RX 6850M XTဟာ RX 6800M ထက် ၇%ပိုမြန်ကာ RX 6650M XTနဲ့ RX 6650M တို့က RX 6600M ထက် ၂၀%ပိုမြန်တယ်လို့ဆိုပါတယ်။ နောက်ထပ် Navi 24 die မှာအခြေခံထားတဲ့ RX 6500M နဲ့ RX 6300M entry level laptop တွေအတွက်ဖြစ်တယ်လို့ဆိုပါတယ်။


Smart Shift Max


၂၀၂၂ခုနှစ်ထုတ် Gaming Laptop တွေမှာ features အသစ်တွေပါဝင်လာပါမယ်။ တစ်ခုက Smart Shift နည်းပညာကို အဆင့်မြှင့်ထားတဲ့ Smart Shift Max ပါ သူက CPU နဲ့ သီးခြားGPU ‌တို့ရဲ့ပါဝါစားသုံးမှုကိုထိန်းညှိပေးတာပါ ဥပမာဂိမ်းဆော့နေရင်း GPU ကပါဝါပိုလိုလာရင် CPU ကိုပေးမယ့်ပါဝါကို GPU ကိုလွဲပေးလိုက်တာမျိုးကိုဆိုလိုတာပါ။




Smart Shit Eco ကတော့ ဘက်ထရီနဲ့သုံးနေချိန်မှာ သီးသန့် GPU ကိုပိတ်ထားပြီး APU ထဲက RDNA2 graphics ကိုသာအသုံးပြုအောင်ဖန်တီးထားတာကါ။


hardcore laptop သမားတွေအတွက် စိတ်ဝင်စားစရာက Smart Access Graphics ပါ ဒီနည်းပညာ က ဂိမ်းဆော့တဲ့အချိန် သီးသန့်GPU ကိုသုံးမှာဖြစ်ပြီး graphics စွမ်းဆောင်ရည်သိပ်မလိုတဲ့အချိန်မှာ iGP ကိုသုံးမှာပါ။


Source: Techspot

Post a Comment

0 Comments