Intel ဟာ TDP 45W ရှိတဲ့ Alder Lake H Series CPU တွေကို CES 2022 မှာ ကြေညာလိုက်ပါတယ်။ အောက်တိုဘာလမှာ Desktop Alder Lake ကိုစတင်မိတ်ဆက်ပြီးနောက်မှာ အခု Alder Lake H-series CPU တွေကိုမိတ်ဆက်လာတာဖြစ်ပါတယ်။ Intel ဟာသူ့ရဲ့ Alder Lake H-series CPU တွေကို ကမ္ဘာ့အကောင်းဆုံး mobile gaming platform လို့ဆိုကာ 11th Gen ထက် ၂၈%ပိုမြန်တယ်လို့ဆိုပါတယ်။
သင်အနေနဲ့မှတ်မိဦးမယ်ဆိုရင် Desktop Alder Lake မှာ performance နဲ့ efficiency core တွေပါဝင်တာသိပြီးသားဖြစ်မှာပါ။ Mobile Alder Lake CPU တွေမှာတော့ Core တွေ ၁၄ခုကနေ ၈ခုအထိပါဝင်ပါတယ် ဒီ CPU တွေမှာ performance core ၄ခုကနေ ၈ခုအထိပါဝင်ကြပါတယ်။ အမြင့်ဆုံးက Intel Core i9-12900HK ဖြစ်ပြီး အနိမ့်ဆုံးကတော့ Intel Core i5-12450H ဖြစ်ပါတယ်။
11th Gen Tiger Lake Mobile CPU မှာတုန်းက core အများဆုံး ၈ခုပါခဲ့ပြီး Alder Lake Mobile CPU မှာတော့ performance core ၆ခုသာပါဝင်ပါတော့တယ်။ "12th Genရဲ့ မြင့်မားလှတဲ့ IPC က ဒီအကန့်အသတ်ကိုကျော်လွန်နိုင်မယ်လို့ယုံကြည်တယ် စမ်းသပ်ချက်တွေကလည်းအဆင်ပြေကြောင်းပြနေတယ်" လို့ Intel ရဲ့ မိုဘိုင်းလ်ဈေးကွက်ဒါရိုက်တာ Daniel Rogers ကဆိုပါတယ်။
Alder Lake H-series CPU တွေအားလုံးဟာ 45W တွေဖြစ်ပြီး Turbo Boost နဲ့ဆို ဒီထက်များမှာပါ။ စိတ်ဝင်စားစရာက သီးသန့် Benchmark အရ သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ ပါဝါစားသုံးမှုအချိုးဟာ Apple M1 Max ထက်သာတယ်လို့ဆိုထားတာပါ။ Intel ဟာ laptop ထုတ်လုပ်သူတွေကို 45W အစား 35W အဖြစ်လျော့ချခွင့်ပေးထားသလို တိုးခွင့်လည်းပေးထားပါတယ်။
Alder Lake H-series CPU တွေဟာ PCIe x8 ပါဝင်ပြီး external GPU သို့ Gen 4 SSD ၂ခု နဲ့ I/O အတွက် PCIE 3.0 12 lanes ပါဝင်ပါတယ်။ ဒါ့အပြင် WiFi 6E နဲ့ Thunderbolt 4 port ကို ၄ခုအထိလည်းအထောက်အပံ့ပေးပါတယ်။
Intel ရဲ့ ပြောဆိုချက်တွေအရ ဒီ CPU တွေဟာ PCIE 5.0 အထိရတယ်ဆိုပေမယ့် လက်တွေ့မှာ စမ်းစရာ Hardware မရှိတဲ့အတွက် PCIE 4.0 အထိသာထားဖို့ဆုံးဖြတ်ခဲ့တယ်လို့ဆိုပါတယ်။
Memory ပိုင်းအတွက် DDR5၊ LPDDR5၊ LPDDR4X နဲ့ DDR4 တို့ကိုအထောက်အပံ့ပေးမှာပါ။
Alder Lake တွေဘယ်လောက်မြန်သလဲ
Alder Lake H-series CPU တွေဟာ ယခင် Rocket Lake တွေထက် single thread မှာ 10 ကနေ 20%နဲ့ multi thread မှာ 30 ကနေ 40%အထိ ပိုမြန်တယ်လို့ဆိုပါတယ်။ တိုးတက်လာတဲ့ IPC ကြောင့် 12th Gen Core i9-12900HK ဟာ ယခင် 11th Gen Core i9-11980HK ထက် ဂိမ်းကစားတဲ့အခါ 28% ပိုမြန်တယ်လို့ဆိုပါတယ်။ဒါပေမယ့်လည်း 8%လောက်ဟာ background task တွေကို efficiency core တွေကိုပို့ထားနိုင်တဲ့ Intel ရဲ့ Thread Director API ကြောင့်သာဖြစ်ပါတယ်။
P နဲ့ U-series CPU များ
နောက်ထပ် Intel ဟာ 12th Gen အနွယ်ဝင် P နဲ့ U-series CPU တွေအကြောင်းကိုလည်းပြောသွားပါသေးတယ်။ Lineup အသစ်ဖြစ်တဲ့ P-series တွေဟာ စွမ်းဆောင်ရည်ကောင်းတဲ့ thin and light laptop တွေအတွက်ဖြစ်ပြီး 14 Cores အထိပါဝင်လာမှာဖြစ်သလို Xe Graphics လည်းပါတယ်။ ဒီ CPU တွေဟာ စွမ်းဆောင်ရည်မြင့် laptop တွေနဲ့ ultraportable တွေကြား ကွာခြားမှုကိုပိုမိုကျဉ်းမြောင်းသွားစေပါတယ်။Intel ဟာ နောက်ထွက်ရှိမယ့် U-series CPU တွေအကြောင်းပြောရာမှာတော့ ပုံမှန် thin and light laptop တွေနဲ့ tablet တွေအကြားအများအပြားတွေ့မြင်လာရမယ်လို့ဆိုပါတယ်။ U-series CPU မှာ 15W က thin and light အတွက်ဖြစ်ပြီး 9W ကတော့ tablet အတွက်ဖြစ်ပါတယ်။
အမြင့်ဆုံး Core i7-1265Uဟာ Clock Speed 4.8GHz နဲ့ 10 Cores/12 Threads ရှိပြီး Base Power 15W ဆိုပေမယ့် OEM တွေအနေနဲ့ 55W အထိပြောင်းလဲနိုင်ပါတယ်။ Core i5 တွေဟာလည်း 10 Cores/12 Threads ရှိပြီး Core i3 ကသာ 6 Cores/8 Threads ရှိတာတွေ့ရပါတယ်။ ယခင်က Intel ရဲ့ U-series CPU တွေဟာ 4 Cores/8 Threads သာရှိလို့အခုအင်မတန်အားရစရာကောင်းလာပါတယ်။
Intel ဟာ Chromebook တွေအကြောင်းဘာမှမပြောပေမယ့် Pentium နဲ့ Celeron CPU တွေဟာ ဒီအတွက်အစားဝင်လို့ရနိုင်ပါတယ်။ သတိထားဖို့လိုတာက AMD ဟာလည်း laptop တွေအတွက်မျိုးဆက်သစ် Zen architecture ကိုကြေညာလာဖို့ရှိနေတာပါ။
Intel ဟာ Tiger Lake တုန်းက ကြေညာခဲ့ဖူးတဲ့ H35 ဆိုတဲ့အခေါ်အဝေါ်ကိုမသုံးတော့ပါဘူး ဒါပေမယ့် 12th Gen H-series တွေဟာ 35W အထိလျော့ထားလို့ရတဲ့အတွက် စွမ်းဆောင်ရည်မြင့်ကာ အလွန်ပါးလွှာတဲ့ ultraportable laptop ဖန်တီးနိုင်မှာကြောင့်လို့ဆိုပါတယ်။ 12th Gen H-series တွေရဲ့ scalable လုပ်နိုင်စွမ်းကြောင့် 45W ultraportable ကို ပါးလွှာတဲ့ enthusiast PC အဖြစ် ဖန်တီးနိုင်သလို 65W အထိဖန်တီးနိုင်တယ်လို့ဆိုပါတယ်။
Intel 12th Gen H-series၊ P-series CPU နဲ့ U-Series CPU တွေရဲ့ Core i7 နဲ့ Core i5 CPU model တွေမှာ Xe Graphics တွေပါဝင်ပါတယ်။ Xe Graphics ဟာ GT1 ဆိုပြီး 96EU နဲ့ Core i7 CPU မှာပါဝင်ပြီး 80EU ရှိတဲ့ GT2 Core i5 တွေမှာ ပါဝင်မှာပါ။

အချုပ်ဆိုရရင် 12th Gen Alder Lake H-series တွေဟာ အမြန်ဆုံး mobile processor တွေပါလို့ပြောပါတယ်။
Intel ရဲ့ Keynote မှာ executive vice president Greg Bryant ကတော့ ပရိတ်သတ်တွေကို မျိုးဆက်သစ် CPU ဖြစ်တဲ့ Raptor Lake ဟာ Windows မှာ boot တက်နေပြီဖြစ်ပြီး ၂၀၂၂ခုနှစ်နှောင်းပိုင်းမှာ ဖြန့်ချီမယ်လို့ဆိုပါတယ်။
Source: PC World and Windows Central
0 Comments