Subscribe Us

header ads

Intel မှ Mainstream ဈေးကွက်အတွက် 12th Gen Alder Lake CPU၊ Cooler နဲ့ Chipset များပြသ



Intel ဟာ CES 2022 ပွဲမှာ Celeron၊ Pentium၊ Core i3၊ Core i5၊ Core i7 နဲ့ Core i9 CPU ‌တွေပါဝင်တဲ့ 12th Gen Alder Lake Desktop CPU ပေါင်း၂ဒါဇင်နီးပါးကို ထုတ်ဖော်ပြသခဲ့ပါတယ်။ ဒါ့အပြင့် Alder Lake တွေအတွက် Stock Cooler ၃ခုအပြင် 600 Series Chipset Motherboard ၃မျိုးကိုပါပြသပေးခဲ့ပါတယ်။ ပြသသွားတဲ့အရာအားလုံးဟာ 12th Gen CPU တွေကို mainstream ‌ဈေးကွက်ထဲအရောက်ပို့ပေးနိုင်ဖို့ပဲဖြစ်ပါတယ်။ ပထမဆုံးထွက်ရှိခဲ့တဲ့ 12th Gen CPU တွေဟာ overclock လုပ်နိုင်တဲ့ Kနဲ့ KF တွေသာဖြစ်ကြပါတယ်။


E-Cores တွေမပါတဲ့ Model တွေပါဝင်လာပြီ

Leak တွေထွက်ထားသလိုပါပဲ Core i7 နဲ့ Core i9 တွေကလွဲရင် ကျန်တဲ့ CPU တွေမှာ E-Cores တွေမပါတော့ပါဘူး။ Overclock မရတဲ့ CPU တွေဖြစ်တာကြောင့် TDP ဟာ 65W နဲ့ 35W ကြားမှာသာရှိနေပါတယ်။

Overclock မရဘူးဆိုပေမယ့် အခုပြသလိုက်တဲ့ CPU တွေထဲမှာ P-CORES ၈ခုနဲ့ E-cores ၈ခုစီပါဝင်တဲ့ Core i9 12900 နဲ့ 12900F တို့လို အမြင့်ပိုင်း CPU တွေပါဝင်လာပါတယ်။ ဒီ CPUတွေဟာ Turbo Boost ကို 5.1GHz (3.8GHz E-cores) အထိရမှာဖြစ်ပြီး 30MB L3 Cache ရှိမှာပါ။


Core i5 မှာတော့ P-Cores သီးသန့်သာဖြစ်ပြီး E-coresမပါဝင်တော့ပါဘူး။ မြင်တွေနေကြ 6 Cores 12Threads ပုံစံဖြစ်ပြီး Core i5 12600မှာဆို 3.3GHz Base Clockနဲ့ 4.8 GHz Turbo ရနိုင်ပါတယ်။ TDP က 65W ဖြစ်ပြီး Turbo နဲ့ဆိုရင် 117W အထိရှိလာမှာပါ။


E-cores တွေမပါတော့သည့်တိုင် ယခင် Gen တွေထက် သိသိသာသာမြန်ဆန်နေလိမ့်မယ်လို့ Intel ကဆိုပါတယ်။ Intel ရဲ့ ကိုယ်ပိုင်စမ်းသပ်ချက်တွေအရ Core i5 12600ဟာ Ryzen 7 5700G ကို productivity နဲ့ browsing မှာ ၃၀%အထိအသာရတယ်လို့ဆိုပါတယ်။







Gaming စွမ်းဆောင်ရည်ပိုင်းမှာတော့ Core i9 12900ကိုသာပြသခဲ့ပြီး Core i911900ထက် 6-21% ဝန်းကျင်သာလွန်တယ်လို့ဆိုပါတယ်။ Core i5 တွေအကြောင်းက Review တွေထွက်လာမှသိရတော့မယ်ထင်ပါတယ်။

ပါဝါစားပိုသက်သာတဲ့ T Model များ

အပေါ်က CPU တွေအပြင် Intel ဟာ ပါဝါစားသက်သာတဲ့ T Models တွေပါပြသခဲ့ပြီး Core i9 ကနေ Celeron အထိပါဝင်ပါတယ်။


ပါဝါစားသက်သာအောင်လုပ်ထားလို့ Clock Speed ပိုနည်းသလို TDPကလည်း 35W သာရှိပြီး Turbo Boost နဲ့ဆို 69W ကနေ 106W အထိသာရှိမှာပါ။ အဲဒီ T Models တွေထဲမှာ Core i9 နဲ့ Core i7 တို့သာ E-cores တွေပါဝင်မှာဖြစ်ပါတယ်။

လှပတဲ့ Laminar Air Cooler များ

Intelဟာ 65W TDP အတွင်းရှိတဲ့ 12th Gen CPU တွေအတွက် Laminar လို့အမည်ရတဲ့ Air Cooler ၃မျိုးကိုမိတ်ဆက်ပေးလိုက်ပါတယ်။ မော်ဒယ်တွေက RH1, RM1 နဲ့ RS1 တွေပါ။




Laminar RH1ကတော့ အခြားCooler ၂ခုထက်ပိုမိုရှည်လျားပါတယ်။ Copper Heat Column ကိုသုံးထားမှာဖြစ်ပြီး ထိပ်မှာ aRGB Lighting ပါဝင်လာပါမယ်။ Intel အဆိုအရ RH1ဟာအလွန်တိတ်ဆိတ်ပြီး 2.6 BA သာရှိကာ 65W Core i9 တွေရဲ့ Stock Cooler အနေနဲ့တွဲဖက်ပါဝင်လာမှာပါ။


65W TDP ရှိတဲ့ Core i7 Core i5 နဲ့ Core i3 တွေအတွက် Laminar RM1 Cooler ကတွဲဖက်ပါဝင်လာမှာပါ။ low profile ပုံစံဖြစ်ပြီး လှည့်ရမယ့် ပင်ခေါင်းတွေက ပလက်စတစ်တွေဖြစ်သွားမှာပါ။ Cooler ထိပ်မှာ RGBအစား အပြာရောင်အဝိုင်းလေးနဲ့ဖြစ်ပါတယ်။ သူကလည်း အသံအတော်တိုးပြီး 3.9 BA သာရှိတယ်လို့ Intel ကဆိုပါတယ်။


Pentium နဲ့ Celeron တွေအတွက်ကတော့ Laminar RS1 တွဲဖက်ပါဝင်လာမှာဖြစ်ပြီး RM1 နဲ့ ဆင်တူပေမယ့် အပြာရောင်ကွင်းမပါတော့သလို အနည်းငယ်လည်းသေးပါတယ်။

600 Series Motherboard Chipset များ

ဈေးနှုန်းတွေမသိရသေးပေမယ့် mainstream motherboard chipset တွေဖြစ်တဲ့ H670 B660 နဲ့ H610ကိုလည်းကြေညာခဲ့ပါတယ်။


H670 Chipset ဟာဆိုရင်ဖြင့် ယခင်ထုံးစံအတိုင်း Z690 လို Overclock လုပ်မရတာကလွဲရင်အတော်များများဆင်တူပါတယ်။ Z690ထက် PCIE 3.0 lane ၄ခု နဲ့ USB Port ပိုနည်းတာကလွဲရင်အတော်လေးဆင်တူပါတယ်။


H670 ဟာ H570 တုန်းကလိုပဲ overclock လို features လောက်ကလွဲရင် အားလုံးနီးပါးဆင်တူပြီးဈေးသိပ်မကြီးပဲ လူကြိုက်များတဲ့ chipset ဖြစ်လာမှာပါ။

လူသုံးများမယ့် B660နဲ့ H610တို့ ဟာ Alder Lake CPU သုံးမယ့်သူတွေအတွက် ပိုစျေးသက်သာတဲ့ရွေးချယ်မှုဖြစ်လာမှာပါ B660ဆိုရင် အမြင့်ပိုင်း Chipset တွေထက် PCIE 4.0 lane တစ်ဝက်လောက်သာပါတော့မှာဖြစ်ပြီး USB port တွေအနည်းငယ်လျော့ကျသွားပါလိမ့်မယ်။ ဒါ့အပြင် ဒီ B660မှာ PCIE RAID ကိုလည်း အထောက်အပံ့မပေးထားပါဘူး။ H610 မှာဆိုရင် PCIE 4.0 ကိုမပါတော့တာပါ။

စိတ်ဝင်စားစရာကောင်းတဲ့အချက်က 600 Series Chipset အားလုံးဟာ Wi-fi 6E ကိုအထောက်အပံ့ပေးမှာဖြစ်ပါတယ်။

အချုပ်ဆိုရရင် ဒီ CPU အသစ်တွေနဲ့ Chipset အသစ်တွေဟာ Alder Lake Architecture ကို ပိုပြီးလက်လှမ်းမှီလာစေသလို ရွေးချယ်မှုတွေလည်းပိုပြုလုပ်လာနိင်မှာဖြစ်ပါတယ်။

Source: Hot Hardware

Post a Comment

0 Comments