Credit: Nvidia |
Nvidia ဟာ Deep Learning Dynamic Super Resolution DLDSR လို့ခေါ်တဲ့ AI အခြေခံ image scaling နည်းပညာကိုဖန်တီးနေပြီး ဇန်နဝါရီလ ၁၄ရက်နေ့မှာထွက်ရှိမယ့် driver ထဲထည့်သွင်းပေးလာတော့မယ်လို့သိရပါတယ်။ DLDSR ဟာ အခုအသုံးများနေတဲ့ Nvidia ရဲ့ DLSS နဲ့အများကြီးကွဲပြားမှုရှိပါတယ်။ DLDSR မှာ tensor core တွေအသုံးပြုပြီး ဂိမ်းကို သင့်မော်နီတာ resolution ထက် ပိုမိုမြင့်မားတဲ့ resolution မှာ render လုပ်မှာဖြစ်ကာ သင့်monitorအတွက်ကိုက်ညီမယ့် resolution ရအောင် scale back ပြန်ပြီးလျော့ချပေးမှာပါ။
Nvidia က ဘေးခြင်းကပ်ယှဉ်ပြထားတဲ့ screenshot ထဲမှာ တစ်ခုက DSRကိုသုံးပြီး 4K >1080P မှာထားကာ နောက်တစ်ခုမှာတော့ DLDSR နဲ့ 1620P>1080P ကိုသုံးထားတယ်လို့ဆိုပါတယ်။ ပုံထဲမှာ DLDSR သုံးထားတဲ့အခြမ်းကပိုမိုပြတ်သားပြီး native fps မှာ 145FPS ရခဲ့ပြီး DLDSRမှာ 143FPS ရခဲ့တဲ့အတွက် စွမ်းဆောင်ရည်ပိုင်းအနေနဲ့မကွာခြားလှဘူးဆိုနိုင်ပါတယ်။DLDSR ဟာ driver အခြေပြုနည်းပညာဖြစ်တဲ့အတွက် ဂိမ်းအများစုမှာအလုပ်လုပ်မှာဖြစ်သလို Tensor Core ပါတဲ့ဘယ် RTX GPU မဆို DLDSR ကို အထောက်အပံ့ပေးမှာဖြစ်တယ်လို့ဆိုပါတယ်။ ဆိုလိုတာက DLSSလို ဂိမ်းတစ်ခုခြင်းစီအထောက်အပံ့ပေးဖို့မလိုအပ်ဘူးလို့ဆိုလိုတာပါ။
Source: PC Gamer
#EnThueTech
#Gaming #Nvidia
0 Comments