Subscribe Us

header ads

Review: MSI Prestige 14 Evo A11MO


ကျ‌နော့်အနေနဲ့ အရင်အပတ်က ရုံးသုံးကျောင်းသုံးအတွက်သင့်တော်မယ့် Budget Laptop လေး review လုပ်ခဲ့ပါတယ်။ အခုသူ့ထက်ပိုပါးပြီး စွမ်းဆောင်ရည်လည်းအများကြီးပိုကောင်းတဲ့ Intel Evo Platform ထဲက Prestige Evo 14 A11MO ကို review လေးလုပ်ပေးလိုက်ပါတယ်။

Introduction

Prestige Series တွေဟာ MSI ရဲ့ အလှပဆုံး Laptop တွေထဲကတစ်ခုဖြစ်ပါတယ်။ ကျနော်သိသလောက် ပြောရမယ်ဆိုရင် Prestige Series မှာ သီးခြား graphics ပါတဲ့ Prestige နဲ့ integrated graphics သာပါတဲ့ Prestige Evo ဆိုပြီး ၂မျိုးရှိပါတယ်။ Evo ဆိုတာ Intel Evo Platform ကိုဆိုလိုတာပါ။ Intel Evo Platform ဆိုတာ 11th Gen Tiger Lake CPU သုံးထားတဲ့ laptop တွေရဲ့စွမ်းဆောင်ရည်ဆိုင်ရာ သတ်မှတ်ချက်စနစ်တစ်ခုပါ။ Evo ကို ယခင် Intel 10th Gen တုန်းကဆိုရင် Project Athena လို့ခေါ်ပါတယ် Intel Evo Platform အကြောင်းအသေးစိတ်ကို အောက်ပါလင့်မှာဖတ်နိုင်ပါတယ်။

Prestige 14 Evo ကို Pure White, Rose Pink နဲ့ Carbon Grey ဆိုတဲ့အရောင်၃မျိုးရှိပြီး ဒီကိုတော့ Carbon Grey နဲ့သာဝင်ပါတယ်။ Screen က 14လက်မ ကို FHD နဲ့ရနိုင်ပါတယ်။ ကျနော်Review လုပ်ပေးမှာက Core i5-1155G7 CPU, 8GB Memory, Full HD Display ပါဝင်တဲ့ Model ဖြစ်တဲ့ Prestige Evo 14 A11MO ပဲဖြစ်ပါတယ်။

Specifications

CPU: Intel Core i5-1155G7 (4Cores/8Threads)
Memory: 8GB LPDDR4 (onboard)
Graphics: Intel Iris Xe Graphics
Storage: 512GB NVMe PCIe Gen 4 SSD
Display: 14”Full HD (1920x1080), 99% sRGB, low power with IPS-Level Thin Bezel Display
Dimensions (WxDxH): 319x219x15.9 mm
Weight: 1.29 kg
I/O Ports: 2x Type-C (USB4 / DP / Thunderbolt™4) with PD charging, 1x Type-A USB2.0 and Micro SD (UHS-III) Card Slot
Connectivity: Wi-Fi 6, Bluetooth 5.2
Webcam: 720P with IR Camera
Speakers: 2x 2W
Audio Jack: 1x 3.5mm Combo Jack
Operating System: Windows 10 Home 64 bit
Battery: 52WH (3 Cell Li-Ion)
Power Adaptor: 65W
Price: $929

Design and Build Quality

Creator တွေအတွက် ရည်ရွယ်ပြီးထုတ်ထားတဲ့ MSIရဲ့ Prestige 14 Evo ဟာ အရင်ကျနော် review MSI Modern 14 နဲ့ အမြင်အားဖြင့်အတော်လေးဆင်တူပါတယ်။ Laptop တစ်ခုလုံးဟာ aluminium body နဲ့ဖြစ်ပါတယ်။ ကျနော်ရတဲ့ အရောင်က Carbon Grey ဖြစ်ပြီး သူ့မှာအရောင်က နေရာအများစုမှာတောက်ပြောင်နေခြင်းမရှိပဲအရောင်မှိုင်းတဲ့ဘက်ကိုရောက်တဲ့ဘက်ကိုသွားပါတယ်။

MSI Modern 14 နဲ့ ထက်ပိုကောင်းလာတာက Lid ရဲ့ ဘေးအနားသတ်လေးတွေနဲ့ track pad မှာ ပြောင်လက်နေပြီး နီလာကျောက်လိုအ‌ရောင်ဖြစ်အောင် လှလှပပခုတ်စားထားတာတွေ့ရပါတယ်။ 

သူ့ရဲ့ အဖုံး Lid ကိုကြည့်မယ်ဆိုရင်လည်း MSI ရဲ့ အသစ်ပြောင်းလဲလိုက်တဲ့ Logo ကိုသုံးထားတာတွေ့ရပါတယ်။ Logo ဟာ Lid ပေါ်မှာ သိသာထင်ရှားတဲ့ပုံစံထက် ရေးရေးလေးသာမြင်ရပါတယ်။ Lid ကိုတော့ 180°အထိလှန်ချလို့ရတာတွေ့ရပါတယ်။


အဖုံးကိုဖွင့်ဖို့အတွက်အချိုင့်လေးတစ်ခုထည့်ထားတယ်ဆိုပေမဲ့ဖွင့်ရတာအရမ်းကြီးလွယ်ကူနေတာမျိုးမဟုတ်ပဲ နည်းနည်းလေးကျပ်နေသလိုမျိုးတွေ့ရပေမဲ့ သုံးတာကြာရင်ကျင့်သားရသွားမှာပါ။ အဖုံးကလဲကျစ်လစ်သန်မာပြီးလိမ်ကြည့်လို့မလွယ်သလို laptopကိုပေါင်ပေါ်တင်သုံးတဲ့အခါ လုံးဝလှုပ်နေမှာမဟုတ်ပါဘူး။


Lidကို ဖွင့်ကြည့်ပြီးတဲ့အခါ သူ့ရဲ့ဘေးဘောင်လေးတွေက Evo Platform လို့ဆိုတဲ့အတိုင်း အင်မတန်သေးငယ်လှတာကိုတွေ့ရပြီးစိတ်ကျေနပ်စရာကောင်းပါတယ် ဒါပေမယ့် အပေါ် bezel က ဘေးဘက်တွေထက်အနည်းငယ်ပိုထူတာတွေ့ရပါတယ်။Web Cam ကိုပုံမှန်နေရာမှာရအောင်ထည့်ထားပြီး Window Hello အတွက် IR Camera ပါတပါတည်းပါဝင်ပါတယ်။

Prestige 14 မှာ ကျယ်ပြန့်တဲ့ကီးဘုတ်ဟာ သင့်ကိုစာ‌ကောင်းကောင်းရိုက်နိုင်ဖို့ ကူညီပေးမှာဖြစ်ပြီး power button က ကီးဘုတ်နဲ့တပါတည်းပါရှိနေတာကိုတွေ့ရပါတယ်။ Trackpad ကလည်းကြီးမားကျယ်ပြန့်တာကိုတွေ့ရပါတယ်။ သဘောကျစရာကောင်းတဲ့အချက်က 5° hinge design ကြောင့် ကီးဘုတ်ကိုစာရိုက်လို့အလွန်ကောင်းတဲ့အနေအထားမှာရှိနေစေပါတယ်။ ဒါ့အပြင် body ကလက်ရာသိပ်မထင်လို့ သန့်ရှင်းရေးလုပ်ရတာ သက်သာစေမှာပါ။

အောက်ခြေကိုလှန်ကြည့်လိုက်မယ်ဆိုရင် အောက်ဘက်မှာ Speaker ၂ခုနဲ့ cooling အတွက် လေဝင်ဖို့အပေါက်လေးတွေ တွေ့ရမှာပါ exhaustကတော့ ဘေးဘက်တွေကနေမဟုတ်ပဲ အပေါ်ဘက်ကနေထွက်သွားမှာမို့ လက်တွေအပူမိမှာမဆိုးရိမ်ရသလို laptop ကို desktop လို external monitor တွေ keyboard mouse တွေနဲ့သုံးမယ်ဆိုရင်တောင်အပူလွန်ကဲခြင်းကနေကာကွယ်ပေးနိုင်မှာပါ။


Quick Access Panel မပါတဲ့အတွက် Laptop ကို Upgrade လုပ်ဖို့ Screw ၇လုံးလောက်ဖြုတ်ရမှာပါ။ Laptopဟာ 15.9 mm သာထူပြီး 1.29kg သာရှိလို့သာမန်ထက်ပိုမိုပေါ့ပါးတာကြောင့် အပြင်ခဏခဏယူသွားတက်တဲ့သူအဖို့ ဒါဟာအတော်ကောင်းတဲ့အချက်ပါပဲ။ တစ်ခုလောက်ပြောစရာရှိလာတာက ဘယ်သူမှ တကူးတကကြည့်မနေတဲ့နောက်ဖုံးရဲ့ လေဝင်ပေါက်ကို audio visualizer လေးကသဘောကျစရာဖြစ်ပါတယ်။

Display

MSI Prestige 15 မှာ AU Optronics AUO B140HAN06.2 1080p 60Hz display panel ကိုတပ်ဆင်ထားပြီး ဒီစျေးနဲ့ သင့်တော်တဲ့ Display လို့ပြောနိုင်ပါတယ်။ Color ပိုင်းအနေနဲ့
  • sRGB 99.73%
  • AdobeRGB 85.49%
  • DCI-P3 79.67% 
အထိရှိတဲ့အတွက် Color ပိုင်းမှာ Photo and Video Editing တွေအတွက်ပါ အသုံးချနိုင်မှာပါ။ Viewing Angle ကလည်း အတော်လေးကောင်း‌နေပါတယ်။ ဒါပေမယ့် Gaming မဟုတ်တဲ့အတွက် 60Hz သာရတာမို့ Thunderbolt 4 ကို external GPU နဲ့တွဲပြီး ဂိမ်း‌ဆော့ဖို့စဥ်းစားမယ်ဆိုရင် သိပ်သဘောကျမှာမဟုတ်လောက်ပါဘူး။ 

YouTube နဲ့ Netflix ကရုပ်ရှင်တွေ Video တွေကိုတော့ Screen မှာကောင်းကောင်းအရသာရှိရှိကြည့်နိုင်ပါတယ်။ သဘောကျစရာကောင်းတဲ့အချက်က display ဟာ 300nits ဝန်းကျင်ရှိတဲ့အတွက် သာမန် Laptop တွေထက်အနည်းငယ်ပိုတောက်ပနေတာပါ

Keyboard and Trackpad

ပုံမှန်အားဖြင့် MSI ရဲ့ Gaming Laptop တွေမှာဆို Steelseries ရဲ့ Keyboard တွေကိုအသုံးပြုထား လေ့ရှိပေမဲ့ Creator တွေအတွက်ထုတ်ထားတဲ့ Prestige 14 Evoမှာ Steelseries ကိုမသုံးထားပါဘူး။ ကီးဘုတ်ရဲ့ကီးတစ်ခုခြင်းနေရာချထားပုံကသုံးရအဆင်ပြေပြီး ကီးလေးတွေနှိပ်ရတဲ့feeling နဲ့ စာရိုက်ရတာကအတော်လေးမိုက်ပါတယ်။ ဘယ်ဘက်ကWindows Key ကို ညာဘက်ပြောင်းချင်ရင်တော့ MSI Center မှာပြောင်းလို့ရပါတယ်။ Gaming Laptop မဟုတ်တဲ့အတွက် Keyboard ရဲ့ Backlight က ပုံမှန် Laptop တွေလိုအဖြူရောင်တစ်မျိုးတည်းသာဖြစ်တာကိုတွေ့ရပါတယ်။ Keyboard ပိုင်းမှာတော့ Prestige 14 Evo ဟာ Modern 14 နဲ့အတူတူပဲလို့ပြောနိုင်ပါတယ်။

Prestige series တွေနဲ့ Modern Series တွေကွာခြားချက်တစ်ခုက Track Pad ပါ။ Prestige 14 Evo ရဲ့ Track Pad ဟာ အရင်စမ်းခဲ့တဲ့ Modern 14 ရဲ့ Track Pad ထက်ပိုမိုကျယ်ပြန့်ပြီး သုံးရတာ အတော်‌လေးအဆင်ပြေပါတယ်။ ဆိုလိုတာက Modern 14 တုန်းက Track Pad ကောင်းပေမယ့် Prestige 14 Evoမှာ ကပိုပြီးကောင်းတယ်လို့ဆိုနိုင်ပါတယ်။ Track pad ရဲ့ မျက်နှာပြင်ဟာ ချောမွေ့ပြီး သုံးရတာလျင်မြန်သွက်လက်လှပါတယ်။ 

Modern series နဲ့ မတူတာက ပိုစျေးကြီးတဲ့ Prestigeရဲ့  Track pad မှာ အသေးစိတ်လက်ရာဖြစ်တဲ့ ငွေရောင်အနားလေးကွပ်ကို လှလှပပခုပ်စားပေးထားတာပါ အဲတော့ ပိုပြီး premium ဆန်တယ်လို့ခံစားမိစေပါတယ်။ Track pad မှာ left-click နဲ့ right-click အတွက်သီးသန့် ခလုပ်တွေ မထည့်ထားသလို အသံတွေကလဲ အတော်ညက်ညောပါတယ်။ Track Pad အတွက် Windows Precision Driver ကိုသုံးထားပြီး တုံ့ပြန်မှုက အလွန်မြန်ဆန်ပြီး အားရစရာကောင်းတဲ့ Track Pad ပါ။ Track Pad ဘယ်ဘက်အပေါ်ထောင့်မှာ Windows Hello အတွက် Finger Print Sensor ပါဝင်ပြီး Unlock လုပ်သွားတာအလွန်မြန်ပါတယ်။ တစ်ချို့ကတော့ Finger Print Sensor ကိုအဲနေရာမှာထားတာကိုသဘောမကျပေမယ့် ကျနော့်အတွက်ကပြဿနာမရှိပါဘူး။

Ports

Port တွေအနေနဲ့ ဘယ်ဘက်မှာ USB4, Display Port, PD chargingနဲ့ Thunderbolt™4 ပါအကုန်ရတဲ့ Type-C Port ၂ခု နဲ့ 4K @ 60Hz အထိရမယ့် HDMI port ပါဝင်ပါတယ်။ USB4 ဟာ Thunderbolt 4 port အနေနဲ့ပါရတဲ့အတွက် Monitor တွေ၊ Storage တွေ၊ Laptop ကိုအားသွင်းနိုင်တာတွေ အပြင် external GPU တွေနဲ့ပါတွဲသုံးနိုင်ပါတယ်။ 


တစ်ခုရှိတာက Laptop ကို ပါဝါပေးမယ့် adapter ဟာ Type C ပဲမို့ အားသွင်းပြီးသုံးနေတဲ့ အခါ USB ၂ပေါက်ကိုသာသုံးနိုင်မှာဖြစ်ပါတယ်။

ညာဘက်မှာတော့ Micro SD Card Slot တစ်ခု နဲ့ Type-A USB2.0 ၁ခု ပါဝင်ပါတယ်။ USB Type-A portက တစ်ခုပဲပါတဲ့အပြင် USB2.0 လည်းဖြစ်နေပြန်တော့ USB mouse သုံးနေတဲ့အချိန်လောက်မှာ ပြဿနာမရှိသေးမယ့် external HDD ကိုပါတွဲသုံးဖို့လိုအပ်လာတဲ့အခါ တစ်ခုတည်းရှိတဲ့ USB Type-A port က USB 2.0 ဖြစ်နေပြန်လို့အဆင်မပြေတော့ပြန်ပါဘူး။ ဆိုလိုတာက USB Type-A port ကို USB 3.1 Gen 1 အဖြစ်ပြောင်းလဲပေးတာမျိုး ဒါမှမဟုတ် နောက်ထပ် USB port တစ်ခုလောက် ထပ်ထည့်ပေးထားမယ်ဆိုရင် ပိုကောင်းမယ်လို့ ထင်ပါတယ်။ အကယ်၍ သင်က Thunderbolt 4 dock နဲ့ သုံးမယ်ဆိုရင် ပြဿနာသိပ်မရှိပါဘူး။

Webcam

Video Call တွေအတွက် Prestige 14 Evoရဲ့ Webcam ရုပ်ထွက်က သာမန်အဆင့်လို့သာပြောနိုင်ပြီး ဒီထက်ဆိုးရွားနေတာမဟုတ်ပေမယ့် ဒီထက်ပိုကောင်းသင့်တယ်လို့ထင်ပါတယ်။ သဘောကျမိတဲ့အချက် က Windows Hello ရဲ့ biometric sign-in အတွက် IR Camera ရော Finger Print Reader ရောတစ်ပါတည်းပါဝင်လာလို့ လုံခြုံရေးပိုင်းအတွက်အတော်စိတ်ချရတဲ့သဘောမှာရှိပါတယ်။ IR Camera နဲ့မို့ညမှောင်နေချိန်မှာလည်း unlock လုပ်ပေးနိုင်သလို unlock လုပ်တဲ့အချိန်ကအလွန်မြန်ဆန်လှပါတယ်။ ဒါပေမယ့် သင်ဟာ Face Mask တပ်ထားမယ်ဆိုရင်တော့ unlock လုပ်မှာမဟုတ်ပါဘူး။

Audio

Audio ပိုင်းကိုပြောရမယ်ဆိုရင် Prestige 14 မှာ ယခင် Series တွေအတိုင်း 2w Speaker ၂လုံးကို Laptop ရဲ့အောက်ဘက် ဘယ်ညာထောင့်‌တစ်ခုစီမှာနေရာချထားပါတယ်။ Speaker တွေရဲ့အသံထွက် guitar သံလိုမျိုးမှာ ရှင်းရှင်းလင်းလင်းကြားရတယ်ဆိုပေမယ့် ကျန်တဲ့နေရာတွေမှာ သိပ်အားမရပါဘူး။ Nahimic Audio software ကနေ အနည်းငယ် tuning လုပ်လိုက်တာနဲ့ အသံတွေက နည်းနည်းပိုနားထောင်လို့ကောင်းသွားတယ်ဆိုနိုင်ပေမယ့် အရင် Modern 14 ကပိုသာသလိုမျိုးထင်ရပါတယ်။

Prestige 1
4 Evo မှာ သီးခြား Headphone နဲ့ Mic အတွက် 3.5mm Audio Combo Jack ပါဝင်ပြီး ပုံမှန် headset တွေနဲ့သုံးမယ်ဆိုရင် adapter တစ်ခုတော့ဆောင်ထားရပါလိမ့်မယ်။ သူရဲ့ထုတ်ပေးလိုက်တဲ့အသံက သီးခြား sound card တွေလောက်မကောင်းဘူးဆိုပေမယ့် အရင် review လုပ်ဖူးတဲ့ Modern 14 ထက်တော့ နည်းနည်းလေးပိုကောင်းတယ်လို့ခံစားရပါတယ်။

ဂိမ်းဆော့ကြည့်ရာမှာတော့ Nahimic Audioမှာပါတဲ့ surround ထက် Windows Sonics for headphones ကို တွဲဖက်အသုံးပြုပြီး ကစားတာက surround ပိုကောင်းတယ်လို့ခံစားရပါတယ်။ Battlefield V Multiplayer ကစားကြည့်တဲ့အခါ အနီးအဝေးအထက်အောက်ဘယ်ညာအသံတွေကို ကောင်းစွာကြားရပါတယ်။

သူမှာမူလပါဝင်တဲ့ mic ဟာ ပုံမှန်အခြေအနေမှာဆို ကြည်လင်တဲ့အသံကိုဖမ်းပေးနိုင်ပြီး Cooler Boost ဖွင့်ထားချိန်မှာတောင် mic ရဲ့အသံကို Fan တွေရဲ့ဆူညံသံကလွမ်းမိုးမှုမရှိတဲ့အတွက်ကျေနပ်စရာပါ။ အကယ်၍ ဆူညံသံကိုထပ်လျော့လိုတယ်ဆိုရင်တော့ MSI Center Pro ဒါမှမဟုတ် Nahimic Audioမှာပါတဲ့ Noise Cancellation feature တွေကိုသုံးနိုင်ပါတယ်။

Storage

Prestige 14 Evoမှာ 512GB ရှိတဲ့ SAMSUNG MZVL2512HCJQ-00B00 PCIE 4.0 NVME SSD ကိုထည့်‌ထားပါတယ်။ PCIE 4.0 မို့ SSD ရဲ့ စွမ်းဆောင်ရည်ဟာ Read/Write နှုန်းတွေဟာ PCIE 3.0 NVME SSD တွေထက် ၂ဆလောက်စွမ်းဆောင်ရည်ပိုမိုကောင်းမွန်‌နေတာကိုတွေ့ရပါတယ်။ 




PCIE 4.0 SSD ကြောင့် စက်ဖွင့်တဲ့အချိန်တစ်စက္ကန့်လောက်သာကြာလို့အလွန်မြန်တယ်လို့ဆိုနိုင်ပါတယ်။ SSD ရဲ့ Capacity ဟာ 512GB ဆိုတော့ ရုံးအလုပ်အတွက်ဆိုအဆင်ပြေတယ်ဆိုနိုင်ပါတယ်။

Battery

Prestige 15 မှာ 52WH ရှိတဲ့ 3Cell Li-Ion battery ကိုထည့်သွင်းပေးထားပြီး Video ကြည့်မယ်ဆိုရင် Balance Modeနဲ့ဆို ၇နာရီ‌ခွဲလောက်ခံပါတယ် ရိုးရိုးသာမန် Task တွေလောက်ဆို ဒီထက်ပိုခံပါလိမ့်မယ်။ ဂိမ်းဆော့မယ်ဆို တစ်နာရီခွဲလောက်ခံပါတယ်။ အားပြန်သွင်းရင်တော့ တစ်နာရီအတွင်း ၇၅% ပြန်ဝင်တာတွေ့ရပြီး အားအပြည့်ဝင်ဖို့အတွက်ဆိုရင်တော့ ၂နာရီလောက်ကြာတာကိုတွေ့ရပါတယ်။

ဘက်ထရီနဲ့ပတ်သက်ပြီး ကျနော့်အနေနဲ့သဘောကျစရာက Power Deliveryအထောက်အပံ့ပါ။ သူကဘယ်လိုမျိုးလဲဆိုတော့ အပြင်သွားတဲ့အခါ Laptop Adapter ကိုယူသွားစရာမလိုပဲ သာမန်ဖုန်းAdapter လေးနဲ့မှေးပြီးသုံးလို့ရသလို Power Delivery အထောက်အပံ့ပါတဲ့ Power Bank နဲ့ ဘက်ထရီသက်တမ်းကို အပိုဆောင်းရရှိနိုင်တာပါ။ ဥပမာပြောရရင် ဒီLaptopဟာ ဘက်ထရီနဲ့ Netflix ကို ၇နာရီခွဲလောက်ကြည့်လို့ရတယ်ဆိုရင် Power Delivery ပါတဲ့ Power Bank နဲ့ ဆိုရင် ဘက်ထရီဟာ ၇နာရီခွဲထက်အများကြီးပိုခံလာတာကိုတွေ့ရမှာပါ။

MSI Center Pro

Laptop တွေမှာ Utility Software တစ်ခုပါလေ့ရှိပါတယ်။ MSI မှာဆိုရင်တော့ ပြုပြင်ပြောင်းလဲမှုတွေလုပ်ထားတဲ့ MSI Center Pro ပါ။ 

သူက ကိုယ်သုံးမဲ့ function အလိုက်အတွက် Setting ချိန်လို့ရမယ် ကိုယ်သုံးမယ့် application အပေါ်မူတည်ပြီး power သုံးစွဲမှုကို အလိုအလျောက်ပြောင်းလဲပေးတာတွေရှိမယ် (CPUကိုပိုသုံးမှာလား GPU ဘက်ကိုပိုသုံးမှာလားစသဖြင့်)၊ ဘက်ထရီခံအောင်သုံးမှာလား စွမ်းဆောင်ရည်အပြည့်သုံးမှာလားစတဲ့features တွေပါဝင်ပါတယ်။

နောက်ထပ် Zoom Meeting လိုမျိုးမှာ ဆူညံသံလျော့ပေးမယ့် Noise Cancellation အပြင် iOS device တွေနဲ့ Screen Mirroring လုပ်လို့ရမယ့် Duet Displayလည်းပါပါတယ်။

Testing Methodology and Benchmarks

CPU Benchmark အတွက် Cinebench R15Cinebench R20Cinebench R23နဲ့ Geekbench 5 ကိုထည့်သွင်းစမ်းသပ်ထားပါတယ်။ Intel 11th Gen Tiger Lake အနွယ်ဝင် Core i5-1155G7 CPU ဟာ Intel ရဲ့ 10nm SuperFin နဲ့ထုတ်ထားတဲ့CPU ဖြစ်ပြီး Quad Core CPU သာဖြစ်ပေမယ့် ယခင် 10th Gen ထက် သိသိသာသာပိုမြန်လာပါတယ်။ ဒါ့အပြင် Prestige 14 Evo မှာတပ်ဆင်ထားတဲ့ Core i5-1155G7 CPU Intel 11th Gen Tiger Lake Core i5 မှာ အမြင့်ဆုံး CPU ဖြစ်တာကိုတွေ့ရပါတယ်။ စွမ်းဆောင်ရည်အရ Core i5-1155G7 ဟာ Cinebench R15 မှာ Intel ရဲ့ Desktop CPU Core i7 7700K နဲ့ score အတူတူလောက်ရှိသလို မနှစ်နှစ်ဆန်းပိုင်းတုန်းက Review လုပ်ခဲ့ဖူးတဲ့ Prestige 15 က Core i7-1185G7 နဲ့တောင် CPU Benchmark တွေမှာ မကွာခြားလှတဲ့ ရလဒ်တွေတွေ့ရပါတယ်။


Intel Core i5-1155G7
ဟာ Base Clock 2.5 GHz နဲ့ Boost Clock 4.5GHz အထိရှိပါတယ်။ Rendering လုပ်နေချိန်မှာတော့ Core အားလုံးဟာ 3.6 GHz အထိတက်လာတာတွေ့ရပြီး Single Core စွမ်းဆောင်ရည်တွေအလေးပေးတဲ့ Game ကစားတဲ့အခါ 3.3~3.6GHz မှာသာအမြဲရှိနေဝာာကိုတွေ့ရပါတယ်။ မူလ TDP 28W ရှိတဲ့ ဒီCPU ကို manufacturer ‌တွေအနေနဲ့ 12~28W အထိချိန်ညှိလို့ရလို့သိရပါတယ်။ ကျနော်စမ်းသပ်ကြည့်ရာမှာတော့ Rendering မှာ CPU Load 100%နဲ့ဆိုရင် CPU ဟာ 58W အထိသုံးနေပြီး ဂိမ်းကစားတဲ့အခါ 36W လောက်သုံးနေတာကိုတွေ့ရပါတယ်။ 

Intel Core i5-1155G7 မှာ 80 Execution Unit ရှိတဲ့ Intel ရဲ့ Iris Xe Graphics လည်းပါဝင်ပါတယ်။ သူ့ရဲ့စွမ်းဆောင်ရည်ကို ဂိမ်းအချို့နဲ့စမ်းသပ်ဖြစ်ခဲ့ပါတယ်။ ထုံးစံအတိုင်း AAA Titles တွေအများစုပါသလို အချို့Epsort ဂိမ်းတွေကိုလည်း ထည့်သွင်းစမ်းသပ်ထားပါတယ်။ Intel Iris Xe Graphics ဟာ Direct X12 ကိုအထောက်အပံ့ပေးထားသော်ငြား အချို့ဂိမ်းတွေမှာ ကစားလို့မရတာတွေ Crash ဖြစ်တာတွေ တွေ့နေရတုန်းပါပဲ သို့ပေမယ် မနှစ်ကတုန်းထက်နည်းနည်းပိုကောင်းလာတာတော့တွေ့ရပါတယ်။ ဒီအတွက် ဂိမ်းတွေကို Direct X11 မှာသာ စမ်းသပ်ထားပါတယ်။ Iris Xe Graphics က ယခင်မျိုးဆက်တွေထက်အများကြီးပိုကောင်းလာတာတွေ့ရပေမယ့် iGP သာမို့ သီးခြားGPU တွေကိုမယှဉ်နိုင်ပါဘူး။ iGP အချင်းချင်းဆိုရင်တော့ level တူ Ryzen APU တွေမှာပါတဲ့ Vega Graphics ထက်နည်းနည်းပိုသာမယ် ထင်ပါတယ်။ ဒါကြောင့် iGP သာဖြစ်တဲ့ Iris Xe Graphics ကို 1080P Lowest Setting မှာ ဂိမ်း၈ခုနဲ့စမ်းသပ်ထားပါတယ်။ စမ်းသပ်ချက်အရ AAA Titles တွေကို 30fps လောက်ရပါတယ်။ 


AAA ဂိမ်းတွေမှာ FPS ပိုလိုချင်တယ်ဆိုရင်တော့ 1366x768 resolution မှာပြောင်းကစားကြည့်တဲ့အခါ Battlefield V ကို 60 fps ဝန်းကျင်ရလာတာတွေ့ရပါတယ်။ 14လက်မ မျက်နှာပြင်မှာ 1366x768 resolution ပြောင်းကစားလိုက်လို့ ရုပ်ထွက်သိသိသာသာမကွာသွားနိုင်ပါဘူး။







Overall Performance
အတွက်ကတော့ PCMark 10 နဲ့ပါ။ Productivity အတွက် 3DMark၊ BlenderCorona နဲ့ V-Ray ကိုထည့်သွင်းစမ်းသပ်ထားပါတယ်။ Storage အတွက် CrystalDiskMark နဲ့စမ်းသပ်ထားပါတယ်။ Benchmark တွေစမ်းလို့ရလာတဲ့ အသေးစိတ်ကို graph တွေနဲ့ပြထားပေးပါတယ်။ Benchmark အားလုံးကို Windows 10 Version 21H2 မှာစမ်းသပ်ထားပါတယ်။


ဘက်ထရီစွမ်းဆောင်ရည်ကို
Audio Level and Brightness 50% နဲ့ Power Balanced Mode မှာ Netflix ကြည့်တာ ၇နာရီခွဲလောက်ကြည့်လို့ရပါတယ်။ ဒါဟာအတော်လေးကောင်းမွန်ဆိုနိုင်ပြီး ဒီထက်နည်းတဲ့workloads တွေနဲ့ battery saving mode တွေမှာထားရင် ပိုခံမယ်လို့ထင်ပါတယ်။ ဂိမ်းဆော့မယ်ဆို၁နာရီခွဲဝန်းကျင်သာရပါတယ်။ အားပြန်သွင်းတဲ့အချိန်က အတော်လေးမြန်ဆန်ပါတယ် ၁နာရီလောက်အားသွင်းရင် 75%လောက်ပြန်ပြည့်နေပါပြီ။

Temperatures and Noise

အရွယ်အစားသေးငယ်ပြီး ပေါ့ပါးတဲ့ Laptop တွေမှာ ဆိုးရိမ်စရာက သာမန်ထက်ပိုပူတာပါ။ ဒါပေမယ့် MSI Prestige 14 Evoဟာ သူ့ထက်ထူထဲတဲ့ Laptop တွေလောက်မအေးဘူးဆိုနိုင်ပေမယ့် Stress Test ၃ကြိမ်လုပ်ကြည့်ရာမှာ ၃ကြိမ်လုံးကိုအောင်အောင်မြင်မြင်ကျော်ဖြတ်သွားနိုင်ပါတယ်။ Clock Speed ပိုင်းအနေနဲ့ ဂိမ်းကစားတဲ့အခါ CPU က 3.1GHz~3.5GHz ကြားမှာအမြဲလိုလို ထိန်းထားနိုင်စွမ်းရှိတာကိုတွေ့ရပါတယ်။ ဂိမ်းကစားတဲ့အခါ Ultrabook မို့ Fan ကို‌ Auto Mode မှာထားကစားရင် အများဆုံး CPUက 90°C လောက်တက်လာပြီး Cooler Boost သုံးပြီးကစားမယ်ဆိုရင် CPU က 88°C လောက်သာရှိတော့တာကို‌ တွေ့ရပါတယ်။ အသေးစိတ်ကိုပုံမှာပြထားပါတယ်။


ဒီ
Laptop ဟာ ပါးလွှာတဲ့ပုံစံမို့ အားနည်းချက်က Cooler Boost ဖွင့်ပြီး Game ဆော့နေတဲ့အချိန် keyboard ပေါ် လက်တင်ထားရင် ချွေးစေးတောင်ပြန်လာပါတယ်။ Cooler Boost ပိတ်ထားပြီးဆော့မယ်ဆိုရင် ကီးဘုတ်ကအတော်ပူနေပြီး သုံးလို့အဆင်မပြေပါဘူး။ အပူသက်သာချင်ရင်  Power Mode ကို Best Battery Life မှာထားသုံးရင် စွမ်းဆောင်ရည်နည်းနည်းကျသွားပေမယ့် အပူတော်တော်သက်သာသွားပါလိမ့်မယ်။ Gaming mouse သုံးပြီး ဂိမ်းဆော့ကြည့်တဲ့အခါမှာလည်း exhaust ကထွက်တဲ့လေပူတွေက screen ရဲ့အောက်ခြေကိုတိုးထွက်သွားတာမို့ လက်ကိုမရောက်လာတဲ့အတွက် အနှောင့်အယှက်ကင်းကင်းနဲ့ဆော့နိုင်ပါတယ်။


ဆူညံမှုဘက်ကိုပြောရရင်
Prestige 14 Evo ဟာ ရိုးရိုးအခြေအနေမှာဆို fan အသံမကြားရ‌ပါဘူး။ ဂိမ်းဆော့နေတဲ့အချိန်မှာလည်း အတော်လေးတိတ်ဆိတ်ပါတယ်။ အပူပိုစွန့်ထုတ်နိုင်အောင် Cooler Boost ကိုဖွင့်သုံးမယ်ဆိုရင် အသံအများကြီးပိုဆူလာတယ်ဆိုပေမယ့် လက်ခံနိုင်တဲ့အနေအထားမှာရှိတာကို တွေ့ရပါတယ်။ အသေးစိတ်ကို ပုံမှာပြထားပါတယ်။

The Good

  • 2x Thunderbolt 4 ports
  • Good Trackpad
  • Thin and Light
  • Good Battery Life
  • PCIE Gen 4 SSD
  • Brighter Display

The Bad

  • Fewer USB ports
  • Tiny Audio

Conclusion

MSI Prestige 14 Evo A11MO ဟာ အမြင်အရစတိုင်ကျတဲ့ Laptop တစ်ခုလို့ဆိုနိုင်ပြီး ပုံမှန်ပါးတဲ့ Laptop ထက်အနည်းငယ်ပိုပါးသလိုပိုလည်း‌‌ပေါ့ပါတယ်။ သူ့ရဲ့ ဈေးနှုန်းက $929 ဖြစ်ပြီး ဈေးကြီးတယ်လို့ဆိုနိုင်ပေမယ့် ဒီလိုပေါ့ပါးတဲ့ Laptop တွေရဲ့ဈေးက Spec ဆင်တူ Laptop တွေထက် ဈေးပိုကြီးနေတာကထုံးစံလို့ပြောလို့ရပါတယ်။ အားနည်းချက်လေးတွေရှိနေပေမယ့် MSI Prestige 14 Evo A11MO မှာ 11th Gen ထဲက စွမ်း‌ဆောင်ရည်အမြင့်ဆုံး Core i5 CPU တပ်ဆင်ထားတယ်။ တောက်ပတဲ့ display နဲ့ အသုံးဝင်လှတဲ့ Thunderbolt 4 ကိုလည်း ဖောဖောသီသီ ၂ခုတောင်ထည့်ပေးထားတယ်။ သာမန်ထက်ပိုကောင်းတဲ့ Battery နဲ့ အရမ်းမြန်တဲ့ PCIE Gen 4 SSD ကိုလည်းထည့်ပေးထားတာတွေ စတဲ့ကောင်းကွက်လေးတွေကြောင့် တန်တယ်လို့ပြောနိုင်ပါတယ်။ MSI Prestige 14 Evo A11MO ကို DCD Distribution ကနေ‌ဖြန့်ချီပြီး Core-i7 1195G7 CPU ပါဝင်တဲ့ Model လည်းရှိတယ်လို့သိရပါတယ်။။ ကျနော့်ကို Review Unit ပေးတဲ့ MSI Gaming ကိုလည်းအထူးကျေးဇူးတင်ပါတယ်။

#EnThueTech
#Review
#Ultrabook #Laptop
#MSI #Prestige14Evo

Related: MSI Modern 14 Review and MSI Prestige 15 Review


Post a Comment

0 Comments