![]() |
Image: Willis Lai/IDG |
CES 2023 ပွဲမှာ စိတ်ဝင်စားစရာအကောင်းဆုံးထုတ်ကုန်တစ်ခုက လှုပ်ရှားတဲ့အစိတ်အပိုင်းမပါပဲပန်ကာတွေနေရာကိုအစားထိုးမယ့် Airjet ပဲဖြစ်ပါတယ်။ Frore Systems ကိုတည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Madhavapeddy ဟာ San Jose မှာရှိတဲ့ ကုမ္ပဏီရဲ့ရုံးခန်းတွေနဲ့ စမ်းသပ်ခန်းတွေထံ PCMag ကိုလာရောက်လေ့လာခွင့်ပြုပေးခဲ့ပါတယ်။
Airjet ဆိုတာက သေးငယ်တဲ့ အစိုင်အခဲတုံးလေးဖြစ်ပြီး လှုပ်ရှားနေတဲ့အစိတ်အပိုင်းတစ်ခုမှမပါပဲ CPU နဲ့ GPU ကအပူတွေကိုဖယ်ရှားပေးနိုင်တဲ့အရာတစ်ခုပါ။ Airjet မှာ အလွန်တရာသေးငယ်တဲ့ အလွှာပါးလေးကို ကြေးနဲ့ပြုလုပ်ထားတဲ့ head spreader ပေါ်ကနေ တုန်ခါစေပြီး တစ်နာရီကို မိုင်၁၂၀အထိပြင်းအားရှိမယ့်လေကိုဝင်ရောက်စေကာ 2.8mm သာရှိတဲ့အထူကနေ အပူကိုစွန့်ထုတ်မှာဖြစ်ပါတယ်။ တူညီတဲ့ စွမ်းအင်သုံးစွဲမှုမှာဆိုရင် Airjet ဟာ သာမန်ပန်ကာတွေထက် ၂ဆပိုအအေးပေးနိုင်သလို အရွယ်အစားလည်းအများကြီးပိုသေးငယ်သွားပါတယ်။
Airjet ထဲက တုန်ခါစေတဲ့အရာဝတ္တူဟာ ဖုန်နဲ့ရေကိုလည်းကာကွယ်ပေးနိင် ဖုန်တွေကိုစစ်ထုတ်မယ့်အလွှာတွေကိုလည်းတပ်ဆင်ထားပြီးဖြစ်ပါတယ်။ ဖုန်စစ်မယ့်အလွှာဟာ အရွယ်အစား 1 micron အထိရှိတဲ့ဖုန်တွေကိုစစ်ပေးနိုင်ပါတယ်။ ဒီထက်ပိုသေးငယ်တဲ့အမှုန်တွေကတော့ Airjet ရဲ့ ပြင်းထန်တဲ့လေတွန်းအားနဲ့အတူအပြင်ကိုလွင့်ပါသွားစေမှာပါ။ လက်ရှိမှာ Airjet ကို အလွန်တရာဖုန်ထူတဲ့ ပတ်ဝန်းကျင်မှာ ၁၀ရက်တိတိမရပ်မနားစမ်းသပ်ခဲ့ရာမှာ စွမ်းဆောင်ရည် ၅%ထက်ပင်ရော့နည်းသွားတာမရှိဘူးလို့ပါတယ်။ ဒီအခြေအနေဟာ ပြင်ပမှာဆိုရင် ၇နှစ်စာနဲ့ညီမျှတယ် လို့ Madhavapeddy ကဆိုပါတယ်။
Madhavapeddy က Airjet ဟာ လက်ရှိ ပန်ကာအခြေခံlaptopတွေထက် ပိုကုန်ကျမှာဖြစ်ကြောင်းကို ရှင်းရှင်းလင်းလင်းဝန်ခံထားပါတယ်။ ဈေးနှုန်းက ထုတ်လုပ်မယ့်သူတွေအတွက် သင့်တင်ပြီးလက်ခံနိုင်ဖွယ်ဖြစ်မှာလို့ လေးလေးနက်နက်ဖြေကြားထားပါတယ်။
Airjet ကိုလောလောဆယ် ဘယ်ထုတ်ကုန်မှာမှမတပ်ဆင်ရသေးပေမယ့် Frore အနေနဲ့ ထုတ်ကုန်အများမှာ သူတို့ရဲ့ အအေးပေးစနစ်အစား Airjet နဲ့ အစားထိုးစမ်းသပ်နေပါတယ်။ သာမန် Airjet ၃ခုဟာ CPU heatsink နဲ့ fan ကိုအစားထိုးလိုက်တဲ့အခါ core wattage ကို 12.5w ကနေ 15w အထိတိုးမြှင့်ချိန်မှာတောင် ပူလာတာမရှိသလို အသံကိုလုံးဝလျော့ချထားနိုင်ပါတယ်။ Madhavapeddy က ပိုကောင်းတဲ့ဒီဇိုင်းကိုသုံးမယ်ဆိုရင် Airjet ၄ခုဟာ 21w အထိအအေးခံပေးနိုင်ကြောင်းဆိုပါတယ်။
Source: PCMag
#EnThueTech
#News
#Cooling&Case
0 Comments