Subscribe Us

header ads

မိုလ်ဘိုင်းဖုန်းများ‌တွင် အသံဖြင့်ပါဖြေကြားမည့် Bing AI(ChatGPT)

Image: Microsoft


ChatGPTကိုအ‌ခြေခံထားတဲ့ Bing Chat ဟာ လွန်ခဲ့တဲ့ ၂ပတ်ကစပြီး ကမ္ဘာမှာလှုပ်လှုပ်ရှားရှားဖြစ်စေခဲ့ အခြဆိုရင် မိုလ်ဘိုင်းဖုန်းတွေမှာပါရရှိ‌ တော့မှာဖြစ်ပါတယ်။ စစခြင်း laptop နဲ့ desktop တွေရဲ့ web browser မှာသာရရှိမယ်ဆိုထားပေမယ့် iOS နဲ့ Android အတွက် Bing နဲ့ Edge mobile app တွေမှာရရှိမယ်လို့ကြေညာလိုက်ပါတယ်။

Chat function ကိုသုံးနိုင်ဖို့ iPhone မှာ Bing ကို update လုပ်ဖို့ပြီး Chat preview ပွင့်ပြီးသားဆိုရင်တန်းသုံးရုံပဲလို့ သိရပါတယ်။ Bing အတွက် location နဲ့ မိုက်ကရိုဖုန်းကို access လုပ်ပေးဖို့လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ မိုလ်ဘိုင်းဖုန်းမှာဆိုရင် သင့်ရဲ့အသံကိုသုံးပြီးမေးမြန်းနိုင်သလို အသံနဲ့ပါဖြေကြားမှာဖြစ်ပါတယ်။

လက်ရှိမှာ Bing ရဲ့ အသံကို ခံစားချက်မပါတဲ့အမျိုးသမီးအသံအနေနဲ့သာရရှိနိုင်ပါ‌သေးတယ်။ Alexa နဲ့ Siriမှာဆို အမျိုးသားအသံနဲ့ အခြားလေယူလေသိမ်းတွေကိုဆက်တင်ထဲမှာပြောင်းလဲနိုင်ပါတယ်။ နောက်ပိုင်းမှာ Bing မှာလည်းပြောင်းလဲခွင့်ပေးလာမယ်လို့ယူဆရပါတယ်။

Image: Microsoft

Bing AI chatbot ကို Skype မှာလည်းအသုံးပြုနိုင်ပြီဖြစ်ပါတယ်။ ဒီကိစ္စမှာ သင်ဟာ သင့်သူငယ်ချင်းတွေနဲ့ group chat တွေမှာ Bing AI ကိုပေါင်းထည့်နိုင်ပါတယ်။ Bing ဟာ Skype မှာ ဘာသာပြန်တာကိုပါဆောင်ပေးနိုင်ပြီး ဘာသာစကားပေါင်း၁၀၀ကျော်ကို ကျွမ်းကျင်တယ်လို့ဆိုပါတယ်။ နောက်ပိုင်းမှာ Teams မှာသုံးလာဖို့ စီစဉ်ထားတယ်လို့သိရပါတယ်။ လက်ရှိ Bing chat preview ကိုသုံးစွဲခွင့်ရထားသူတွေဟာ နောက်ပိုင်းဆိုရင် Skype မှာပါသုံးနိုင်ပါတယ်။ ဒါပေမယ့် လိုင်းကျတဲ့ပြဿနာရှိတယ်လို့ Microsoft ကသတိပေးထားပါတယ်။

Bing previewဟာ နိုင်ငံပေါင်း ၁၆၉နိုင်ငံက သုံးစွဲသူ၁သန်းကျော်ကို‌ ခေါ်ဆောင်လာခဲ့တယ်လို့ Microsoft ကဆိုပါတယ်။ chatbot ကိုလည်း အသုံးပြုမှုကိုကန့်သတ်တာ အကြောင်းအရာတစ်ခုကိုကြာကြာမဖြေပေးတာစတဲ့အပြောင်းအလဲအချို့ပြုလုပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ စကားကိုပို‌ကြာကြာပြောနိုင်အောင် ဖြေလျော့မှုတွေလုပ်ပေးလာခဲ့ပါတယ်။

Source: Tom's Hardware

#EnThueTech
#News #AI

Post a Comment

0 Comments