Subscribe Us

header ads

ChatGPT နှင့် AI ပေါ်ထွန်းလာခြင်း

Image: created by DALL-E A.I

အသိဉာဏ်ရည်တု လို့ ခေါ်ဆိုကြတဲ့ Artificial Intelligence (A.I) ဟာ ယနေ့ခေတ်ရဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံးနဲ့ လွှမ်းမိုးမှုအရှိဆုံးနည်းပညာတစ်ခုဖြစ်ပါတယ်။ ဒီနည်းပညာဟာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကနေ ဖျော်ဖြေရေးလုပ်ငန်းအထိ ကျွန်တော်တို့ရဲ့ နေထိုင်မှုပုံစံအမျိုးမျိုးကိုပြောင်းလဲပစ်နိုင်စွမ်းရှိနေတာပါ။ ဒါပေမယ့် AI ဆိုတာဘာလဲ၊ သူကဘယ်လိုအလုပ်လုပ်သလဲနဲ့ နောက်ဆုံးတိုးတက်မှုတွေနဲ့ စိန်ခေါ်မှုတွေကဘာတွေပါလိမ့်။

AI ၏ သမိုင်းအကျဉ်း

အလိုအလျောက်ပြုလုပ်နိုင်တဲ့စက်ပစ္စည်းတွေကို လူတွေစိတ်ကူးယာဉ်လာခဲ့တာ နှစ်ရာပေါင်းများစွာရှိခဲ့ပါပြီ။ သို့ပင်သော်ငြား အသိဉာဏ်တုလို့ဆိုတဲ့ Artificial Intelligence ဆိုတဲ့စကားလုံးကိုစတင်မွေးဖွားပေးသူကတော့ John McCarthy ဆိုသူဖြစ်ပြီး ၁၉၅၆ခုနှစ် Dartmouth College မှာကျင်းပတဲ့ "အသိဉာဏ်ပါဝင်တဲ့စက်များကိုဖန်တီးသည့် သိပ္ပံနှင့်အင်ဂျင်နီယာပညာရပ်အကြောင်း"ဆွေးနွေးဖို့အခြားသုတေသီတွေကိုဖိတ်ကြားစဥ် သုံးနှုန်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။

AI ဆိုတာဘာလဲ

AI ကိုတစ်နည်းအားဖြင့် နားလည်အောင်ပြောရမယ်ဆိုရင် လူရဲ့ဉာဏ်ပညာကိုအသုံးချမှပြီးမြောက်မယ့်အရာ မျိုးအထူးသဖြင့် ဘာသာစကားကိုနားလည်နိုင်စွမ်း၊ ပုံရိပ်များကိုသိရှိနိုင်စွမ်း၊ ဆုံးဖြတ်ချက်ချနိုင်စွမ်းနဲ့ အချက်အလက်တွေကနေလေ့လာသင်ယူနိုင်စွမ်းစတဲ့အချက်‌‌တွေကိုဆိုလိုတာပါ။ AI တွေဟာ သူတို့ကို ဒီဇိုင်းပြုသင်ကြားထားတဲ့အပေါ်မူတည်ပြီး အမျိုးအစားများစွာရှိကြတာပါ။

AI စနစ်တစ်မျိုးကတော့ ဘာသာစကား‌‌မော်ဒယ်ပဲဖြစ်ပါတယ်။ သူက စာလုံးတစ်ခု၊ စာသားတစ်ခု သို့ အကြောင်းအရာတစ်ခုကိုထည့်သွင်းပေးလိုက်တာနဲ့ သဘာဝဆန်ဆန်စာသားတွေထုတ်ပေးနိုင်တဲ့စနစ်တစ်မျိုးပါ။ ဥပမာ အကြောင်းအရာတစ်ခုကိုအခြေခံပြီး email ပြန်ကြားတာ သို့မဟုတ် ဆောင်းပါးတစ်ပုဒ်ကိုအကျဉ်းချုပ်ခိုင်းတာမျိုးဖြစ်ပါတယ်။

ChatGPT

နောက်ဆုံးပေါ်ဘာသာစကားမော်ဒယ်တစ်ခုကတော့ OpenAI ကဖန်တီးတဲ့ ChatGPT ပဲဖြစ်ပါတယ်။ ChatGPT ကို ဘီလီယံနဲ့ချီတဲ့အွန်လိုင်းမှာပြောဆိုထားတဲ့စကားတွေနဲ့ လေ့ကျင့်သင်ကြားထားပြီး လူသားတွေနဲ့မြောက်မြားစွာသောအကြောင်းအရာတွေကို သဘာဝကျကျ ဆွဲဆောင်မှုရှိရှိပြန်‌လည်ပြောဆိုပေးနိုင်စွမ်းရှိပါတယ်။ ဥပမာ သင်ဟာ ကြောင်တွေအကြောင်းအက်ဆေးတစ်ပုဒ်ရေးခိုင်းတာ ဒါမှမဟုတ် ဟာသတစ်ပုဒ်‌ကို ChatGPT ကိုပြောခိုင်းနိုင်ပါတယ်။

ChatGPT ဟာ အထင်ကြီးစရာဖြစ်ရုံသာမက အငြင်းပွားဖွယ်ရာတစ်ခုလည်းဖြစ်နေပြန်ပါတယ်။ လူအချို့ကမူ ChatGPT ကိုအသုံးချပြီး သတင်းမှားဖြန့်ခြင်း သို့မဟုတ် တစ်ဦးတစ်ယောက်အဖြစ်အယောင်ဆောင်ခြင်းစသည့် မကောင်းသည့်ရည်ရွယ်ချက်များဖြင့်အသုံးပြုလာမည်ကို စိုးရိမ်မှုများဖြစ်ပေါ်လျက်ရှိနေပါတယ်။ ဒီပြဿနာကိုဖြေရှင်းဖို့ OpenAI ဟာ ChatGPT ကရေးသားထားတဲ့စာဟုတ်မဟုတ်ခွဲခြားနိုင်တဲ့ tool အသစ်တစ်ခုကိုလည်းဖန်တီးထားပါတယ်။ OpenAI ဟာ ChatGPT ရဲ့ စွမ်းပကားအပြည့်အဝအသုံးပြုခြင်းကိုလည်း ကန့်သတ်ထားပြီး အသုံးမပြုခင်စည်းကမ်းသတ်မှတ်ချက်တွေကိုလိုက်နာဖို့လည်းလိုအပ်ပါတယ်။

ChatGPT ဟာ AI နည်းပညာဖွံ့ဖြိုးလာမှုရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာနေပါတယ်။ အစီရင်ခံစာအချို့အရ machine learning နဲ့ deep learning ကျွမ်းကျင်မှုလိုအပ်ချက်ဟာ ပြီးခဲ့တဲ့နှစ်ကထက် ၂ဆတိုးတက်လာပြီး AI ကျွမ်းကျင်မှုလိုအပ်ချက်ဟာ နိုင်ငံအများအပြားမှာသိသိသာသာမြင့်မားလာပါတယ်။ AI ဟာ လူသစ်စုစောင်းမှု၊ ဆိုက်ဘာလုံခြုံရေး၊ ဈေးကွက်ရှာဖွေရေးနဲ့ အခြားပုံမှန်လည်ပတ်မှုတွေစတဲ့ကဏ္ဍပေါင်းစုံကို မြှင့်တင်ပေးနိုင်စွမ်းရှိနေပါတယ်။

AI ၏ စိန်ခေါ်မှုများ

ဘယ်လိုပဲဖြစ်ဖြစ် AI နည်းပညာပေါ်ထွန်းလာခြင်းဟာ စိန်ခေါ်မှုတွေနဲ့ စွန့်စားရမှုတွေရှိလာပါတယ်။ လူအချို့က AI ဟာ လူသားအလုပ်သမားတွေကိုအစားထိုးမှာ သို့မဟုတ် လူသားကဆုံးဖြတ်ချက်ချတာကိုလွှဲပြောင်းယူသွားမှာကိုစိုးရိမ်လျက်ရှိပါတယ်။ အခြားသူတွေကတော့ AI ရဲ့ ကျင့်ဝတ်ဆိုင်ရာသက်ရောက်မှုတွေက ကိုယ်ရေးကိုယ်တာ၊ လုံခြုံရေး၊ တရားမျှတမှု၊ တာဝန်ခံမှုနဲ့ လူမှုတန်ဖိုးတို့အပေါ်သက်ရောက်မှုတွေရှိလာမှာကို စိုးရိမ်ပူပန်နေကြတာပါ။ ဒါ့အပြင့် လက်ရှိမှာ နည်းပညာကန့်သတ်ချက်တွေအပြင် AI က ဘယ်လိုအလုပ်လုပ်သလဲနဲ့ ဘာလုပ်နိုင်သလဲဆိုတာနဲ့ပတ်သက်ပြီး မသေချာမရေရာမှုတွေလည်းရှိနေပြန်ပါတယ်။

ဒါကြောင့် AI ဖွံ့ဖြိုးတိုးတက်လာမှုရဲ့ အခွင့်အလမ်းနဲ့စိန်ခေါ်မှုကို နားလည်ဖို့ရာအရေးကြီးလှပါတယ်။ မိမိတို့အနေဖြင့် ChatGPT လို AI tool တွေကို တာဝန်သိသိကျင့်ဝတ်ရှိရှိဘယ်လိုအသုံးပြုမလဲဆိုတာကို သတိပြုဖို့လိုအပ်ပါတယ်။ မိမိတို့အနေဖြင့် ChatGPT လို AI ကနေ ဘယ်လိုလေ့လာသင်ယူပြီးပူးပေါင်းဆောင်ရွက်လို့ရမလဲဆိုတာကိုလည်း စူးစမ်းလေ့လာဖို့ရာလိုအပ်လှပါတယ်။

AI ကကျွန်တော်တို့ထံ ရောက်ရှိလာခဲ့ပါပြီ ကျွန်တော်တို့ရဲ့အနာဂတ်ကိုဘယ်လိုဖန်တီးမလဲဆိုတာက‌တော့ ကျွန်တော်တို့အပေါ်သာမူတည်နေပါတော့တယ်။

ယခုဆောင်းပါးသည် ChatGPT မှရေးသားထားခြင်းကို ပြန်လည်ဘာသာပြန်ဆိုထားခြင်းသာဖြစ်ပါသည်။

#EnThueTech
#Article #AI

Post a Comment

0 Comments