Subscribe Us

header ads

တရုတ်နိုင်ငံ၏ ပထမဆုံး ChatGPT ပြိုင်ဖက်သည် စတင်ပြီး နာရီအနည်းငယ်သာ အလုပ်လုပ်နိုင်ခဲ့



တရုတ်နိုင်ငံရဲ့ ပထမဦးဆုံး ChatGPT ပြိုင်ဘက်ကို မနေ့က လူအများအပြားကိုသုံးစွဲခွင့်ပြုလိုက်ပေမယ့် နာရီအနည်းငယ်အကြာမှာပဲ ပျက်တောက်သွားခဲ့ပါတယ်။

ရိုက်တာသတင်းအရ ဖူဒန်တက္ကသိုလ်က NLP Lab ဟာ စကားပြောဆိုနိုင်တဲ့ MOSS ကိုဖန်တီးခဲ့ပါတယ်။ MOSS ဟာ "မေးခွန်းများဖြေကြားခြင်း၊ စာသားထုတ်ပေးခြင်း၊ အနှစ်ချုပ်‌ ပေးခြင်းနဲ့ ကုတ်ရေးသားခြင်းစတာ‌ တွေကိုပြုလုပ်ပေးနိုင်တယ်"လို့ဆိုထားပါတယ်။ တနည်းအားဖြင့် အခြား ChatGPT ပါပဲ။

တရုတ်နိုင်ငံပိုင်မီဒီယာက ChatGPT ရဲ့ ပြိုင်ဘက်လို့ ဆိုထားတဲ့ MOSS ဟာ တရုတ်လူမှုကွန်ယက်တွေမှာအတော်လေးလူပြောများနေပြီး မနေ့ကမှ ဒီ AI ကိုစတင်လွှင့်တင်ခဲ့တာဖြစ်ပါတယ်။ အလွန်အမင်းကိုရေပန်းစားတဲ့အတွက် ဆာဗာတွေဝန်ပိပြီး crash ဖြစ်ကုန်ပါတယ်။

MOSS ကိုဖန်တီးတဲ့အဖွဲ့ကတော့ "မိမိတို့ရဲ့ တွက်ချက်နိုင်စွမ်းအားဟာ ဒီလိုကြီးမားတဲ့ traffic ကိုကိုင်တွယ်နိုင်စွမ်းမရှိသလို လုံလောက်တဲ့အင်ဂျင်နီယာပိုင်းဆိုင်ရာအတွေ့အကြုံမရှိတာမို့ လှိုက်လှိုက်လှဲလှဲတောင်းပန်ပါတယ်"လို့ ဆိုပါတယ်။

တရုတ်နိုင်ငံရဲ့ ပရောဂျက်တစ်ခုအနေနဲ့ ထူးဆန်းတာက MOSS ဟာ အင်္ဂလိပ်ဘာသာကလွဲပြီး အခြားဘာသာစကားတွေကိုကောင်းကောင်းအဓိပ္ပာယ်မဖော်ပြပေးနိုင်ပါဘူး။ အဖွဲ့သားတွေဟာ chatbot ရဲ့ တရုတ်ဘာသာစကားကျွမ်းကျင်မှုကို‌တိုးတက်အောင်ဆောင်ရွက်နေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီပရောဂျက်အောင်မြင်ဖို့က တွက်ချက်မှုအရင်းအမြစ်သာ အဓိကဖြစ်လို့နေပါတယ်။

Source: PCMag

#EnThueTech
#News #AI

Post a Comment

0 Comments