![]() |
Image: Creative |
Creative ဟာ မကြာသေးခင်က သူတို့ရဲ့ နောက်ဆုံးပေါ် USB DAC ဖြစ်တဲ့ Sound Blaster X5 ကို ကြေညာလိုက်ပါတယ်။ သူက dual DAC dual headphone amplifier ပုံစံမို့ external sound card ပုံစံထက် hi-fi DAC/Headphone Amplifier ဘက်ကိုရောက်တယ်လို့ဆိုနိုင်ကာ 3.5mm microphone input၊ DSP effect တွေပါတဲ့ software၊ equalizer preset တွေနဲ့ microphone filter တွေကြောင့်အတော်လေးကောင်းမွန်တဲ့ sound card လို့ဆိုနိုင်ပါတယ်။
![]() |
Image: audioXpress |
ဒါ့အပြင် Creative ဟာ Bluetooth 5.0၊ 4.4mm balance headphone output၊ analog (RCA) နဲ့ optical input နဲ့ output တွေသာမက USB speaker headset ၊ microphone ၊ wireless receiverတွေနဲ့ပါတွဲဖက်ဖို့ USB Type-A audio host port ကိုပါထည့်သွင်းပေးထားပါသေးတယ်။ ဒါ့အကြောင့် PC သို့ Mac ကနေ PS4 နဲ့ PS5 လိုဂိမ်းစက်တွေအထိအသုံးပြုနိုင်ပါတယ်။
![]() |
Image: Techpowerup |
![]() |
Image: Techpowerup |
Creative ရဲ့အခြား sound card တွေလိုပဲ Sound Blaster X5 ကို Creative App ကနေထိန်းချုပ်လို့ရနိုင်ပြီး desktop ရော mobile နဲ့ပါအသုံးပြုနိုင်ပါတယ်။ Android နဲ့ iOS ဖုန်းတွေအတွက် Creative App ကို Bluetooth ကနေချိတ်ဆက်ပေးရမှာဖြစ်ပါတယ်။ Mobile Version မှာလည်း desktop app ရဲ့ feature တွေအားလုံးနီးပါးပါဝင်ပါတယ်။
![]() |
Image: Techpowerup |
Sound Blaster X5 မှာ ဘယ်ဘက်နဲ့ညာဘက်တစ်ခုစီအတွက် Cirrus Logic CS43198 DAC တစ်ခုစီပါဝင်ပြီး 32-bit/384 kHz PCM playback အထိအထောက်အပံ့ပေးထားသလို DoP128 နဲ့ DSD256 audio format တွေကိုလည်း decode လုပ်ပေးနိင်ပါတယ်။ ဘယ်ညာအသံတစ်ဖက်စီကို DAC တစ်ခုစီသုံးထားလို့ crosstalk နဲ့ in-circuit interference ဖြစ်တာကနေ ကာကွယ်ပေးမှာပါ။ impedance ကလည်း 600-ohm အထိရတာမို့ headphone အမြင့်ပိုင်းတွေကိုအဆင်ပြေပြေသုံးနိုင်ပါတယ်။
Microphone အတွက် ဘယ် ADC ကိုသုံးထားသလဲဆိုတာမသိရပေမယ့် 24-bit/192 kHz PCM bit-depth/sample rate အထိရနိုင်ကာ ADC ရဲ့ dynamic range က 114 dB နဲ့ THD-N -105 dB အထိရှိပါတယ်။
Creative Sound Blaster X5 ရဲ့ ဈေးနှုန်းက $300 ရှိတယ်လို့သိရပါတယ်။
Source: Creative and Techpowerup
#EnThueTech
#News
#Audio
#EnThueTech
#News
#Audio
0 Comments