Subscribe Us

header ads

Intel မှ Xeon Workstation Processor များကိုမိတ်ဆက်

Intel ဟာ ဖေဖော်ဝါရီလ၁၅ရက်နေ့က code name ကို Sapphire Rapids လို့အမည်ပေးထားတဲ့ Xeon W-3400 နဲ့ W-2400 desktop workstation processor အသစ်တွေကိုကြေညာခဲ့ပါတယ်။ ပရောဖက်ရှင်နယ်တွေအတွက် ဒီ processor အသစ်တွေဟာ မီဒီယာနဲ့ဖျော်ဖြေရေး၊ အင်ဂျင်နီယာပိုင်းနဲ့ data science ပရောက်ဖက်ရှင်နယ်တွေအတွက် မြင့်မားတဲ့စွမ်းဆောင်ရည်ကိုပေးမှာဖြစ်ပါတယ်။


architecture အသစ်၊ ပိုမြန်ဆန်တဲ့ core တွေနဲ့ embedded multi-die interconnected bridge (EMIB) စတဲ့နည်းပညာတွေကြောင့် အံ့မခန်းစွမ်းဆောင်ရည်ကိုပေးနိုင်ပါတယ်။


အမြင့်ဆုံးဖြစ်တဲ့ Intel Xeon w9-3495X processor မှာဆိုရင် ပြန်လည်ဖန်တီးထားတဲ့ memory controller အသစ်နဲ့ ကြီးမားတဲ့ L3 Cache ကြောင့် ယခင်မျိုးဆက်ထက် Single Core စွမ်းဆောင်ရည် ၂၈%နဲ့ multi core စွမ်းဆောင်ရည် ၁၂၀%တိုးတက်လာမှာဖြစ်ပါတယ်။ Clock Speed အနေနဲ့ Turbo Boost Max Technology 3.0 နဲ့ 4.8GHz အထိရရှိနိုင်တာမို့ အသုံးပြုသူတွေရဲ့နေ့စဉ်အလုပ်တွေမှာ မယုံနိုင်စရာစွမ်းဆောင်ရည်ကိုပေးစွမ်းနိုင်ပါတယ်။




အခြား feature တွေအနေနဲ့
  • 105 MB အထိရှိမည့် L3 Cache
  • Channel ၈ခုရှိသည့် DDR5 RDIMM Memory ကို 4TB အထိအထောက်အပံ့ပေးထားပြီးမြင့်မားလှသည့် bandwidth ကြောင့် ကြီးမားသည့် data set များနှင့် memory အသားပေးအလုပ်များအတွက်ကောင်းမွန်စေ
  • ECC Memory နှင့် RA5 နည်းပညာအထောက်အပံ့များ
  • Xeon W-3400 processor များတွင် CPU မှ PCIe 5.0 lanes ကို ၁၁၂ခုအထိရရှိနိုင်ကာ Xeon W-2400 processor များတွင် 64 lanes အထိရရှိနိုင်
  • Intel WiFi 6E အထောက်အပံ့‌
  • unlocked processor များအတွက် OC အထောက်အပံ့နှင့်အတူ ပထမဦးဆုံး DDR5 XMP 3.0 RDIMM memory OC အထောက်အပံ့လည်းပါဝင်
  • A.I ကို ပိုမိုထိရောက်စွာလေ့ကျင့်ပေးရန် အတွက် Intel Deep Learning Boost(AMX, Bfloat16)
  • Hardware အခြေခံလုံခြုံရေးစနစ်များ၊ firmware version ထိန်းချုပ်ခြင်းနှင့် အဝေးထိန်းစနစ်ဖြင့်စီမံခန့်ခွဲနိုင်ခြင်း





Xeon W-3400 နှင့် W-2400 workstation processor တွေကို ဖေဖော်ဝါရီ ၁၄မှစတင် မှာယူနိုင်ပြီး မတ်လမှာစတင်ရရှိမှာဖြစ်ပါတယ်။ ဈေးနှုန်းကတော့ $359 နဲ့ Xeon w3-2423 ကရရှိနိုင်ပြီး အမြင့်ဆုံးက $5899 ကျသင့်မယ့် Xeon w9-3495X ပဲဖြစ်ပါတယ်။

Source: Intel and Techpowerup

#News
#CPU

Post a Comment

0 Comments