Subscribe Us

header ads

Microsoft ၏ AI အသုံးပြုထားသည့် Bing တွင် ရန်လိုသည့်ဖြေကြားမှုအချို့ရှိနေ

Jason Redmond/AFP via Getty Images

AI ထည့်သွင်းတည်ဆောက်ထားတဲ့ Bing ကိုအသုံးပြုရဖို့ စာရင်းသွင်းထားပါက စိတ်ရှည်ဖို့ Microsoft ပြောကြားလိုက်ပါတယ်။ Bing အသစ်ကို စောင့်ဆိုင်းနေသူသန်းပေါင်းများရှိလာတယ်လို့ ကုမ္ပဏီရဲ့ ဒုဥက္ကဌဖြစ်သူ Yusuf Mehdi က ဆိုပါတယ်။

Microsoft က OpenAI ရဲ့ ChatGPT ထည့်သွင်းထားတဲ့ Bing အသစ်ကိုကြေညာပြီးနောက် ၄၈နာရီအတွင်း အသုံးပြုလိုသူတစ်သန်းကျော်စာရင်းပေးသွင်းခဲ့တယ်လို့ဆိုပါတယ်။
ဒီအတွက် Microsoft ဟာ လက်ရှိ preview အဆင့်ရှိနေပြီဖြစ်တဲ့ Bing အသစ်ကိုစမ်းသပ်လိုသူတွေအတွက် waitlist တစ်ခုကိုဖန်တီးပေးထားပါတယ်။ ဒါပေမယ့် စိတ်မကောင်းစရာတစ်ခုက Microsoft အနေနဲ့ waitlistထဲက လူတွေကို အများအပြားစမ်းသပ်ခွင့်ပေးရမယ့်အစား အနည်းငယ်သာစမ်းသပ်ခွင့်ပေးနေတယ်လို့ဆိုပါတယ်။

လက်ရှိမှာ Microsoft ဟာ Bing အသစ်ကို အသုံးပြုသူသန်းပေါင်းများထံ မကြာခင်ထုတ်ပေးတော့မယ်ဆိုတဲ့အကြောင်းကို ဆွဲကိုင်ထားဆဲဖြစ်ပါတယ်။ "ကျွန်ုပ်တို့စတင်မိတ်ဆက်တုန်းကပြောခဲ့သလိုပဲ လာမယ့်အပတ်တွေထဲသန်းပေါင်းများစွာအသုံးပြုနိုင်မှာပါ။ အခုတစ်ပတ်သာလိုပါတယ်" လို့ Mehdi ကဆိုပါတယ်။

"Microsoft က Bing အသစ်ကို အသုံးပြုလိုသူ တွေအနေနဲ့ Bing နဲ့ Edge ကို မူရင်း ရှာဖွေရေးအင်ဂျင်နဲ့ ဘရောက်ဆာအဖြစ်အသုံးပြုမယ်ဆိုရင် ဦးစားပေးစာရင်းထဲပါဝင်မှာဖြစ်တယ်" လို့ Mehdi က ထပ်လောင်းပြောကြားခဲ့ပါတယ်။ သင့်ရဲ့ဖုန်းမှာ Bing အက်ပလီကေးရှင်းကိုသွင်းထားခြင်းကလည်း အခွင့်အလမ်းပိုကောင်းလာစေမှာပါလို့ဆိုပါတယ်။

Bing အသစ်ကို preview အနေနဲ့ထားရှိရတဲ့အကြောင်းအရင်းက AI algorithm တွေအသုံးပြုတဲ့အခါ တွက်ချက်မှုစွမ်းပကားကို အများအပြားအသုံးပြုရတာကြောင့်လို့ယူဆရပါတယ်။ Bing အနေနဲ့လည်း ပြီးပြည့်စုံမှုမရှိသေးတာကိုဖော်ပြသလိုလည်းဖြစ်နေပါတယ်။ Microsoft ရဲ့ သရုပ်ပြမှုမှာလည်း အမှားအယွင်းများစွာဖော်ပြခဲ့ပါတယ်။Bing ကိုစမ်းသပ်အသုံးပြုခွင့်ရသူအချို့က Bing မှာ မေးခွန်းထုတ်တဲ့အခါ ခုခံကာကွယ်မှုနဲ့ရန်လိုမှုအချို့ကိုသတိပြုမိခဲ့ကြောင်းလည်းဆိုပါတယ်။ ဒါကြောင့် Bing အသစ်ဟာ Beta အဆင့်ကိုကျော်လွန်ဖို့ အချိန်ယူရဦးမှာဖြစ်ပါတယ်။

Post a Comment

0 Comments