![]() |
Image: NVIDIA |
NVIDIA ဟာ ဒီနေ့မှာ လူအများစောင့်မျှော်နေကြတဲ့ RTX Video Super Resolution ကို အသုံးပြုခွင့်ပေးလိုက်ပါပြီ။ သူ့အကြောင်းကို အရင် post မှာပြောပြီးသားမို့များများစားမပြောတော့ပါဘူး။ ဒီနည်းပညာဟာ ဂိမ်းတွေမှာ DLSS သုံးသလို AI အသုံးပြုကာ video တွေကို upscale လုပ်ပေးမှာဖြစ်ပါတယ်။
![]() |
Image: NVIDIA |
ဒီအတွက် NVIDIA ရဲ့ နောက်ဆုံးထွက် graphics driver ကိုသွင်းထားရမှာဖြစ်ကာ သင့်မှာ RTX 30 Series (သို့မဟုတ်) 40 Series graphics card နဲ့ နောက်ဆုံးပေါ် Chrome (သို့မဟုတ်) Edge Browser ရှိဖို့ရာလိုအပ်ပါတယ်။
VSR ကိုဖွင့်ဖို့ရာ NVIDIA နောက်ဆုံးထွက် driver ရဲ့ Adjust Video Image Settings ထဲက RTX video enhancement ကို အမှန်ခြစ်ပေးဖို့ရာလိုအပ်ပါတယ်။ VSR Quality ကို အဆင့်၄ခုနဲ့ရွေးချယ်နိုင်ပါတယ်။ VSR ကိုဖွင့်ထားတဲ့အခါ Tensor Core တွေကိုအသုံးပြုမှာမို့ ပါဝါစားသုံးမှုမဆိုစလောက်တိုးလာမှာဖြစ်ပြီး quality မြင့်လေလေ ပါဝါစားတာပိုများလေဖြစ်ပါတယ်။ Quality ပိုင်းအနေနဲ့ စမ်းသပ်ရာမှာ 720p video တွေဟာ အတော်လေးကြည့်ကောင်းလာတာကိုတွေ့ရပါတယ်။ ဒါပေမယ့် 4K လောက်အထိ upscale လုပ်လိုတယ်ဆိုရင်တော့ မူရင်းvideo ဟာ 1080p လောက်ရှိတာကပိုအဆင်ပြေပါတယ်။
#EnThueTech
#News
#AI #Software
#EnThueTech
#News
#AI #Software
0 Comments