Subscribe Us

header ads

Samsung ၏ စွမ်းဆောင်ရည်မြင့် laptop Galaxy Book3 Ultra

Image: Samsung

Samsung Electronics ဟာ Galaxy Book3 Ultra ကို ဖေဖော်ဝါရီ၁၄ရက်နေ့ ကြိုတင်မှာယူနိုင်ပြီး ဖေဖော်ဝါရီ၂၂ရက်နေ့မှာ ကမ္ဘာတစ်ဝှမ်းကို‌ဖြန့်ချီသွားမယ်လို့ဆိုပါတယ်။ Samsung ရဲ့ ဒီ premium PC အသစ်ဟာ Samsung Galaxy ecosystem ရဲ့ပြိုင်ဘက်ကင်းတဲ့ အတွေ့အကြုံကိုခံစားရမှာဖြစ်ပြီး ပါးလွှာ၊ ပေါ့ပါးစွာအသုံးပြုနိင်မှာဖြစ်ပါတယ်။ Galaxy Book3 Pro နဲ့ Galaxy Book3 Pro 360 တို့က ဖေဖော်ဝါရီ၁ရက်နေ့ကတည်းက ကြိုတင်မှာယူနိုင်တာဖြစ်ပါတယ်။ နောက်ဆုံးထွက် Galaxy Book Pro စီးရီးဟာဆိုရင်သုံးစွဲသူတွေရဲ့ စိတ်ဝင်စားမှုကိုအထူးရရှိခဲ့ကာ ယခင်နှစ်က Galaxy Book2 Pro စီးရီးထက်ကြိုတင်အမှာစာတွေထက် ၂ဆပိုပိုများပြားခဲ့ပါတယ်။

"Samsung မှာ Ultra ဆိုတာ ဘယ်ကဏ္ဍမဆို ကြီးမားထည်ဝါပြီးအကောင်းတကာ့အကောင်းဆုံးကိုဆိုလိုတာပါ။ ဒါ့ကြောင့်သူတို့အနေနဲ့ Ultra ဆိုတဲ့ အမွေအနှစ်ကို PC ကိုပို့ဆောင်ပေးလိုတာဖြစ်တယ်" လို့ Samsung Electronics ရဲ့ Mobile eXperience Business ဌာနက အကြီးအကဲဖြစ်သူ TM Roh ကဆိုပါတယ်။ "Galaxy Book3 Ultra ဟာ gaming နဲ့ content creation ပိုင်းကိုစိတ်ဝင်စားတဲ့ သုံးစွဲသူအတွက် စွမ်းဆောင်ရည်မြင့် laptop တစ်ခုအဖြစ် ပေးစွမ်းနိုင်တယ်" လို့ဆိုပါတယ်။



Image: Samsung

Galaxy Book3 Ultra ဟာ Galaxy Book ရဲ့ ပထမဆုံး Ultra edition ဖြစ်ပြီး နောက်ဆုံးပေါ် 13th Gen Intel Core i9 သို့ i7 CPU တို့နဲ့ရရှိနိုင်သလို GPU ပိုင်းမှာလည်း NVIDIA RTX 4050 သို့ 4070 laptop GPU တွေနဲ့ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ သူ့ရဲ့ 3K(2880x1800) Dynamic AMOLED 2x display ဟာ refresh rate 120Hz ရှိပြီး တောက်ပချောမွေ့တဲ့ အမြင်ခံစားမှုကိုပေးစွမ်းမှာဖြစ်ပါတယ်။ အလေးချိန်ကလည်း 1.79kg ရှိကာ 16.5mm အထူသာရှိတာမို့ အတော်လေးသေးငယ်ပေါ့ပါးတယ်လို့ဆိုနိုင်ပြီး ပါးလွှာကြံ့ခိုင်တဲ့ အလူမီနီယံကိုယ်ထည်မှာထည့်သွင်းတည်ဆောက်ထားတာဖြစ်ပါတယ်။

Galaxy Book3 Ultra အနေနဲ့ သူ့ရဲ့ကီးဘုတ်နဲ့trackpad ကိုအသုံးပြုပြီး Samsung Galaxy Tablet တွေနဲ့ Galaxy ဖုန်းတွေကိုပါ ထိန်းချုပ်နိုင်ပြီဖြစ်ပါတယ်။ Galaxy Book3 Ultra ကို ဖေဖော်ဝါရီ ၂၂ရက်နေ့ကစပြီး ကိုးရီးယားနိုင်ငံ၊ အမေရိကန်နိုင်ငံ၊ ပြင်သစ်နိုင်ငံနဲ့ ဂျာမဏီနိုင်ငံတို့အပါအဝင် သတ်မှတ်ထားတဲ့ ဈေးကွက်မှာဝယ်ယူနိုင်ပြီလို့ဆိုပါတယ်။

Source: Techpowerup

#EnThueTech
#News

Post a Comment

0 Comments