Subscribe Us

header ads

TCL ၏ 144Hz refresh rate ရှိသည့် C11G 4K QLED TV ထွက်ရှိလာ

Image: TCL

TCL ဟာ သူတို့ရဲ့ C11G TV series ကိုတရုတ်နိုင်ငံမှာ‌ကြေညာလိုက်ပါတယ်။ ဒီ QLED မော်ဒယ်အသစ်တွေဟာ 4K UHD display နဲ့ 1000 nits brightness ရှိပြီး ၅၅လက်မ၊ ၆၅လက်မနဲ့ ၇၅လက်မ မျက်နှာပြင်တွေနဲ့ရရှိနိုင်ပါတယ်။ quantum dot matrix မှာ blacklight zone ပေါင်း ၂၂၀ပါဝင်ကာ 10,000,000:1 contrast ratio ရှိမှာပါ။ VRR ကိုလည်းအထောက်အပံ့ပေးထားပြီး 144Hz refresh rate၊ 157% BT.709 color gamut အပြင် Dolby Vision IQ နဲ့ HDR 10+ ကိုလည်း‌အထောက်အပံ့ပေးမှာဖြစ်ပါတယ်။

အသံပိုင်းအတွက် Onkyo ရဲ့ 50W 2.1 channel ပါဝင်ကာ AI နည်းပညာနဲ့ 360° ပုံစံကြားရမှာဖြစ်သလို Dolby Atmos နဲ့ DTS-X နဲ့လည်းကိုက်ညီမှုရှိပါတယ်။ Android TV မို့ CPU ပိုင်းအနေနဲ့ Quad Core A73 processor နဲ့ 4+64GB Memory ပါဝင်ပါတယ်။

Gaming အတွက်‌ဆိုရင် 6ms input lag၊ FreeSync Premium Pro feature တွေပါဝင်သလို gadget တွေနဲ့ချိတ်ဆက်ဖို့ရာ HDMI ARC နဲ့ USB-A တွေလည်းပါဝင်ပါတယ်။ ဒီ ၅၅လက်၊ ၆၅လက်မနဲ့ ၇၅လက်မ TCL C11G TV တွေကိုလက်ရှိ ၅၄၉၉ယွမ်($958)၊ ၈၉၉၉ယွမ်($1326) နဲ့ ၁၀၉၉၉ယွမ်($1622) ဆိုပြီး အသီးသီးရောင်းချနေပါတယ်။ နိုင်ငံတကာဈေးကွက်ကို ဘယ်တော့ရောက်မယ် မရောက်ဘူးဆိုတာကတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

Source: Notebookcheck

#EnThueTech
#News

Post a Comment

0 Comments