Subscribe Us

header ads

TSMC ရှယ်ယာများကိုရောင်းထုတ်လိုက်သည့် ဝါရင်းဘတ်ဖက်

Image: Adam Jeffery | CNBC

ရိုက်တာသတင်းဌာနရဲ့အစီအရင်ခံချက်အရ နာမည်ကျော်ဘီလျံနာသူဌေးကြီးဝါရင်းဘတ်ဖက်ရဲ့ Berkshire Hathaway ကုမ္ပဏီဟာ ၄.၁ဘီလီယံတန်ကြေးရှိတဲ့ TSMC စတော့ရှယ်ယာတွေပေါင်း သန်း၆၀ခန့်ကို လွန်ခဲ့တဲ့ နိုဝင်ဘာလအထိရင်းနှီးမြုပ်နှံမှုပြုလုပ်ထားခဲ့ပါတယ်။ ဒီရှယ်ယာတွေရဲ့ ၈၆%ခန့်ကိုရောင်းချပြီးချိန်မှာ ၆၁၈သန်းတန်ကြေးရှိတဲ့ အမေရိကန်အစုရှယ်ယာ ၈.၆သန်းကိုပိုင်ဆိုင်ထားတယ်လို့ SEC ကဆိုပါတယ်။ TSMC ရှယ်ယာတွေဟာ ဗုဒ္ဓဟူးနေ့မှာ ၄%ကျဆင်းသွားခဲ့ပါတယ်။

ရင်းနှီးမြုပ်နှံမှုကုမ္ပဏီတစ်ခုအ‌နေနဲ့ Berkshire Hathaway ဟာ ရှယ်ယာတွေကိုဘာကြောင့်ဝယ်ယူတယ်ရောင်းချတယ်ဆိုတာပြောပြလေ့မရှိပါဘူး။ မှတ်သားရမှာတစ်ခုက ဝါရင်းဘတ်ဖက်ရဲ့ ကုမ္ပဏီဟာ နိုဝင်ဘာလကမှ TSMC စတော့တွေကိုဝယ်ယူခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် TSMC ရဲ့လုပ်ငန်းဟာ ၂၀၂၃ခုနှစ်မှာ ယခင်နှစ်ထက်ကျဆင်းမယ်ဆိုတာဖော်ပြလျက်ရှိနေခဲ့ပါတယ်။

Samsung နှင့် Intel တို့ရဲ့ပြိုင်ဆိုင်မှု

TSMC အနေနဲ့လက်ရှိမှာ ကမ္ဘာ့အကြီးမားဆုံးချစ်ပ်ထုတ်လုပ်ရေးလုပ်ငန်းဖြစ်ပြီး နံပတ်၁နေရာမှာ အချိန်အတန်ကြာရှိနေဦးမှာပါ ဒါပေမယ့်လည်း TSMC အတွက် ပြိုင်ဆိုင်မှုများပြားလာခြင်းနဲ့ တရုတ်နိုင်ငံရဲ့ကျူးကျော်မှုစတဲ့ အန္တာရာယ်တွေရှိနေပြန်ပါတယ်။

Samsung အနေနဲ့ ချစ်ပ်ထုတ်လုပ်နိုင်စွမ်းနဲ့ထွက်နှုန်းမှာ TSMC ကိုမမှီဘူးဆိုပေမယ့် ဒေါ်လာဆယ်နဲ့ချီပြီး ရင်းနှီးမြုပ်နှံထားပြီး တစ်နှစ်ထက်တစ်နှစ်တိုးတက်လာအောင်ပြုလုပ်လာတာကြောင့် အချိန်ကြာလာတာနဲ့အမျှ TSMC ကိုပိုမိုချိန်းခြောက်လာနိုင်ပါတယ်။

Intel ကလည်း ကမ္ဘာ့နံပတ်၂ ချစ်ပ်ထုတ်လုပ်သူဖြစ်ဖို့ရည်မှန်းထားကာ အောင်မြင်မှာလား‌ဆိုတာပြောဖို့ ပြောဖို့ခက်တယ်ဆိုပေမယ့် Intel မှာ အလွန်ရည်မှန်းချက်ကြီးတဲ့ လမ်းပြမြေပုံရှိနေပြီး လာမယ့်နှစ်တွေအတွင်းထုတ်လုပ်နိုင်စွမ်းတိုးတက်လာမှာဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ ကျုးကျော်ခံရဖွယ်ရှိမှု

Berkshire Hathaway ရဲ့ ဘီလီယံနဲ့ချီတန်ဖိုးရှိတဲ့ TSMC စတော့ရောင်းချခဲ့တဲ့အကြောင်းအရင်းတစ်ခုက တရုတ်နိုင်ငံရဲ့ကျုးကျော်လာနိုင်ချေရှိမှု တိုးပွားလာတာကြောင့်လည်းဖြစ်နိုင်ပါတယ်။

ထောက်လှမ်းရေးနဲ့စစ်ဘက်ဆိုင်ရာကျွမ်းကျင်သူအချို့အဆိုအရ တရုတ်နိုင်ငံဟာထိုင်ဝမ်ကို ၂၀၂၅ခုနှစ်မှာ အစောဆုံးကျူးကျော်လာမယ်လို့ဆိုပါတယ်။ TSMC ရဲ့ ထိပ်တန်းနည်းပညာနဲ့ချစ်ပ်တွေထုတ်လုပ်နိုင်ပြီး ဒီချစ်ပ်တွေက တရုတ်နိုင်ငံရဲ့စစ်အင်အားကိုမြှင့်တင်ပေးနိုင်တာမို့ TSMC ဝန်ထမ်းတွေကိုကယ်ထုတ်ပြီး စက်တွေကိုဖျက်ဆီးခဲ့ဖို့ အမေရိကန်ထိပ်တန်းစစ်ဘက်ဆိုင်ရာစာနယ်ဇင်းတစ်ခုကတိုက်တွန်းခဲ့ဖူးပါတယ်။ ထိုင်ဝမ်လုံခြုံရေးဗျူရိုက‌တော့ အနောက်နိုင်ငံကချစ်ပ်ထုတ်လုပ်ရေးစက်ကိရိယာတွေမရှိရင် TSMC စက်ရုံတွေဟာ သုံးမရတော့တာမို့ ဖျက်ဆီးဖို့ရာမလိုအပ်ဘူးလို့ စောဒကတက်ခဲ့ပါတယ်

TSMC ရဲ့စက်ပစ္စည်းတွေကို တရုတ်နိုင်ငံက သိမ်းယူသည်ဖြစ်စေ၊ ဖျက်စီးသည်ဖြစ်စေ သို့ ချန်ထားခဲ့သည်ဖြစ်စေ တရုတ်နိုင်ငံရဲ့ကျုူး‌ကျော်မှုစတင်တာနဲ့ စတော့တန်ဖိုးဟာ အလျင်အမြန်တန်ဖိုးကင်းမဲ့သွားမှာဖြစ်ပါတယ်။

Berkshire Hathaway အနေနဲ့ စတော့တွေရောင်းထုတ်လိုက်တာဟာ ရေတိုအမြတ်အစွန်းကြောင့်လား၊ ချစ်ပ်ထုတ်လုပ်ရေးဈေးကွက်မှာပြိုင်ဆိုင်မှုပြင်းထန်လာလို့လား သို့ တရုတ်ကျုးကျော်မှုလိုရေရှည်စဉ်းစားရမယ့်အရာလားဆိုတာက ကုမ္ပဏီကသာသိနိုင်တဲ့အကြောင်းအရာဖြစ်ပါတယ်။ လက်ရှိမှာ TSMC ဟာ နံပတ်၁ဖြစ်နေပေမယ့် လာမယ့်နှစ်တွေမှာ ၂၀၂၀-၂၀၂၂ခုနှစ်‌‌တွေတုန်းကလိုအခြေအနေကောင်းနေဖို့တော့မလွယ်ကူဘူးဆိုတာ မိမိတို့သိရှိထားပါတယ်။

Source: Tom's Hardware

#EnThueTech
#News
#Semiconductors

Post a Comment

0 Comments