![]() |
Image: Reddit’s S1lv1a88 battlestation |
ဂိမ်းမာတွေအတွက်သတင်းကောင်းပါပဲ။ Microsoft ဟာ ကွန်ပျူတာမှာတပ်ဆင်ထားတဲ့ RGB တွေကိုထိန်းချုပ်နိုင်မယ့် feature ကိုစမ်းသပ်နေပါတယ်။ ဒီအတွက် Windows 11 အသုံးပြုသူတွေဟာ third party software တွေအသုံးပြုစရာမလိုပဲ RGB ကိုထိန်းချုပ်နိုင်တော့မှာဖြစ်ပါတယ်။
Razer Logitech နဲ့ အခြား peripheral တွေဟာ RGB lighting ကို ချိန်ညှိဖို့ရာသီးခြား software ကိုလိုအပ်ပါတယ်။ Microsoft ရဲ့ Windows Lighting ဟာ third party software တွေသွင်းစရာမလိုပဲ RGB ကို မူရင်းအတိုင်းထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ ဒီ Software အောင်မြင်မယ် မအောင်မြင်ဘူးဆိုတာ peripheral ထုတ်လုပ်သူတွေရဲ့အထောက်အပံ့ပေါ်လည်းမူတည်နေပါတယ်။![]() |
Image: Windows Central |
![]() |
Image: Albcore |
ဒီ feature ကိုလောလောဆယ်မှာ ကုမ္ပဏီတွင်းမှာစမ်းသပ်မှုပြုလုပ်နေပြီဖြစ်ကာ နောက်ဆုံးထွက် Windows 11 preview build တွေမှာ lighting ဆိုပြီး setting app မှာတွေ့မြင်နေရပြီဖြစ်ပါတယ်။ လက်ရှိမှာတော့ အရောင်ပြောင်းတာ၊ အလင်းအမှောင် နဲ့ မြန်နှုန်းစတဲ့ အခြေခံပြောင်းလဲမှုတွေသာရနိုင်ပါသေးတယ်။
![]() |
Image: Windows Central |
Windows Central ကတော့ Microsoft အနေနဲ့ notification တစ်ခုဝင်လာချိန် RGB အရောင်ပြောင်းလဲသွားတဲ့ feature မျိုးထည့်သွင်းလာနိုင်တယ်ဆိုတာနားလည်ထားကြောင်းဆိုပါတယ်။ နောက်တစ်ခုက microphone mute ဖြစ်မဖြစ်၊ audio visualization နဲ့ Team integration တို့မှာ RGB အရောင်ပြောင်းသွားတာမျိုးဖြစ်နိုင်ပါတယ်။
ဒီ feature ကဘယ်တော့ပါလာမလဲဆိုတာမသိနိုင်ပေမယ့် preview build မှာတွေ့လာရပြီဆိုကတည်းက အပေါင်းလက္ခဏာဆောင်နေပါပြီ။ Microsoft ကတော့ preview build မှာပါဝင်တဲ့ feature အားလုံးဟာ အမှန်တကယ်ဖြန့်ချီတဲ့အခါပါဝင်ချင်မှပါဝင်မှာဖြစ်တယ်လို့ဆိုထားပြီး အထူးသဖြင့် တရားဝင်ကြေညာဖို့လိုသေးတယ်ဆိုတာကိုလည်းမှတ်သားထားဖို့လိုအပ်ပါသေးတယ်။
ဘာလိုပဲဖြစ်ဖြစ် Windows 11မှာ RGB ကိုထိမ်းချုပ်ခွင့်ပေးလာတာဟာ ဂိမ်မာတွေရဲ့နှလုံးသားကိုရယူနိုင်တယ်ဆိုပေမယ့် ဒီကိစ္စဖြစ်လာဖို့ကာ အချိန်တွေအများအပြားယူရဦးမှာဖြစ်ပါတယ်။
Source: Windows Central
#EnThueTech
#News
#Windows
#Software
Related Post
0 Comments