Subscribe Us

header ads

Alienware မှ 500Hz monitor နှင့်အတူ keyboard၊ mouse နှင့် headset များကိုကြေညာ

Image: TechSpot

ကွန်ပျူတာကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Alienware ဟာ 480Hz ရှိပြီး 500Hz အထိ overclock လုပ်နိုင်တဲ့ 24.5 လက်မ Alienware AW2524H ကိုကြေညာလိုက်ပါတယ်။ panel ကတော့ ကာလာပိုကောင်းတဲ့ IPS panel ကိုသုံးထားကာ Nvidia G-Sync၊ Reflex Analyzer၊ VESA DisplaHDR 400၊ RGB မီးတွေအပြင် headset တင်မယ့်နေရာလည်းပါဝင်ပါတယ်။

Image: TechSpot

Port တွေအနေနဲ့ 5Gbps အထိရမယ့် USB A ၂ခု၊ 3.5mm audio jack ၂ခု၊ DisplayPort 1.4 connector တစ်ခုနဲ့ HDMI 2.1 ၂ခုပါဝင်ပါတယ်။ HDMI က 240Hz အထိသာရမှာမို့ 500Hz ဆိုရင် DisplayPort ကိုသာ သုံးရမှာပါ‌။ ဈေးနှုန်းက $829ဖြစ်ပြီး မတ်လ ၂၁နေ့မှာစတင်ရောင်းချမယ်လို့ဆိုပါတယ်။ ဒီမော်နီတာက 500Hz အထိရတဲ့ပထမဆုံးမော်နီတာမဟုတ်ပဲ Computex 2022 မှာပြသခဲ့တဲ့ Asus ROG Swift Pro PG248Q မော်နီတာဟာလည်း 500Hz ရပါတယ် ဒါပေမယ့် TN panel ကိုသာအသုံးပြုထားတာပါ။

Image: TechSpot


နောက်ထပ် Alienware ဟာ AW920K Tri-Mode Wireless Gaming Keyboard ကိုမိတ်ဆက်ခဲ့ပါတယ်။ ဒီကီးဘုတ်မှာ Cherry MX Red switch တွေနဲ့ PBT double-shot keycap တွေကိုအသုံးပြုထားပါတယ်။ program လုပ်လို့ရတဲ့ switch နဲ့ dial လည်းပါသလို 2.4GHz wireless၊ Bluetooth 5.1နဲ့ magnetic USB cable လည်းပါပြီး Q3 မှာစတင်ရောင်းချမှာဖြစ်ကာ ဈေးနှုန်းက $289.99ဖြစ်ပါတယ်။

Image: TechSpot

AW920K ရဲ့ TKL version ကတော့ $159.99 ဖြစ်ပါတယ်။

Image: TechSpot


နောက်တစ်ခုက headset တွေပါ။ Alienware အနေနဲ့ ကြိုးနဲ့ရောကြိုးမဲ့၂မျိုးစလုံးကိုမိတ်ဆက်သွားပါတယ်။ Wireless version က 40mm driver နဲ့ Dolby Atmos ကိုအထောက်အပံ့ပေးထားပြီး ဘက်ထရီ နာရီ၃၀လောက်ခံပါတယ်။ ဈေးနှုန်းက $160ဖြစ်ပြီး wire version ကတော့ $100 ဖြစ်ပါတယ်။

Image: TechSpot


နောက်ဆုံးတစ်ခုက Alienware AW610M Wireless Gaming Mouse ပါ။ Lunar Light နဲ့ Dark Side of the Moon ဆိုပြီးအရောင်၂မျိုးနဲ့ရနိုင်ပါတယ်။ 26000 DPI optical sensor၊ program လုပ်နိုင်တဲ့ခလုတ် ၇ခုနဲ့ RGB zone ၃ခုပါဝင်ပါတယ်။ ဘက်ထရီအနေနဲ့ နာရီ ၁၄၀လောက်ခံပြီး ၅မိနစ်အားသွင်းယုံနဲ့ ၁၀နာရီသုံးနိုင်မယ့် အမြန်အားသွင်းစနစ်ပါဝင်ကာ ယနေ့ အမေရိကားမှာ $100 နဲ့ရောင်းချနေပြီဖြစ်ပါတယ်။

Post a Comment

0 Comments