Subscribe Us

header ads

ကြိုးများကိုဖျောက်ထားနိုင်မည့် AMD B650 DIY-APE မားသားဘုတ်များကို MSI မှဖန်တီးနေ

Image: Bilibili

Asus ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက LGA1700 CPU တွေအတွက် TUF B760M BTF ကိုပြသခဲ့သလို MSI နဲ့ MaxSun ဟာလည်း DIY-APE ဒီဇိုင်းကိုအခြေခံထားတဲ့ အလယ်အလတ်တန်းစားမားသားဘုတ်၂ခုကိုဖန်တီးနေဖြစ်ပါတယ်။ သတိပြုရမှာက ဒီနာမည်ဟာ တကယ်ထွက်ရှိလာမယ့် နာမည်မဟုတ်တာကိုပါ။

Image: Bilibili

ဒီပရောဂျက်က cable တွေကို အလွန်သပ်ရပ်စွာနဲ့ဆင်နိုင်ဖို့ တိတိပပဆိုရရင် လုံးဝကိုဖျောက်ထားဖို့ပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီမားသားဘုတ်‌‌တွေကိုသုံးဖို့ ကိုက်ညီတဲ့ casing ကိုလိုအပ်မှာဖြစ်ပါတယ်။

Image: Bilibili

အခုဆိုရင် ဒီ MSI AMD B650 မားသားဘုတ်၂ခုဟာ နောက်ဆုံးအရည်အသွေးစစ်ဆေးတဲ့အပိုင်းကိုရောက်နေပြီမို့ အချိန်အနည်းငယ်သာစောင့်ဖို့ရာလိုအပ်ပါတော့တယ်။ Bilibili မှာတင်ထားတဲ့ မူရင်း post မှာတော့ DIY-APE series အတွက် case ပုံစံ၂မျိုးကိုတွေ့ရပါတယ်။

Source: Videocardz

#EnThueTech
#News
#Motherboard

Post a Comment

0 Comments