Subscribe Us

header ads

ကွန်ပြူတာကို အလွန်သပ်ရပ်စွာဆင်နိုင်မည့် Back To (the) Future မားသားဘုတ်

Image: Asus

ပြီးခဲ့တဲ့မေလတုန်းက Gigabyte နဲ့ Maingear က connector တွေကိုမားသားဘုတ်ကျောဘက်မှာပြောင်းလဲထားတဲ့ casing နဲ့ မားသားဘုတ်အကြောင်းကိုတင်ခဲ့တာမှတ်မိဦးမယ်ထင်ပါတယ်။ အခုဆိုရင် Asus ကလည်း 12th/13th Gen CPU တွေအတွက် TUF GAMING B760M-BTF WiFi D4 ကိုလည်းထုတ်တော့မယ်လို့ဆိုပါတယ်။

Image: Asus

Image: Asus

ဒီဘုတ်ဟာ casing တိုင်းမှာတပ်ဖို့အဆင်မပြေပဲ သူနဲ့ကိုက်ညီတဲ့ casing ရှိမှသာသုံးလို့ရမှာပါ။ လက်ရှိအချိန်မှာ ဒီမားသားဘုတ်ကိုဘယ်တော့ရောင်းချမလဲဆိုတာမသိရသေးသလို case ထုတ်လုပ်သူတွေအနေနဲ့လည်း ဒီ မားသားဘုတ်ကိုအထောက်အပံ့ပေးမယ့် case ‌တွေဖန်တီးနေလားဆိုတာကိုလည်းမသိရသေးပါဘူး။

Source: Asus and OC3D

#EnThueTech
#News
#Motherboard

Post a Comment

0 Comments