Subscribe Us

header ads

၂၀၂၃ခုနှစ်တွင်လည်း ဂိမ်းများကို အခမဲ့ဆက်လက်ပေးနေဦးမည့် Epic Games

Image: Epic Games

Epic Games Store ဟာ ၂၀၁၈ခုနှစ်နှောင်းပိုင်းမှာ စတင်လွှင့်တင်ကတည်းက ဒေါ်လာသန်းချီအကုန်ကျခံကာ ဂိမ်းတွေကို အခမဲ့ပေးလာခဲ့ပါတယ်။ စစခြင်းမှာ ၂ပတ်တစ်ကြိမ်ပေးခဲ့ပေမယ့် ၂၀၁၉ခုနှစ် ဇွန်လလောက်ကစပြီး အပတ်စဉ်ပေးလာခဲ့တာပါ။


Image: Epic Games


Epic Games ရဲ့ Year In Review အရ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်မှာ Epic Games မှာ အခမဲ့ပေးခဲ့တဲ့ဂိမ်းပေါင်းက ၉၉ခုရှိပြီး US ဈေးကွက်အရ စုစုပေါင်းတန်ကြေး ၂၂၄၀ ဒေါ်လာရှိပါတယ်။ ဂိမ်းတွေရယူခဲ့တဲ့တန်ဖိုးက ဒေါ်လာ သန်း ၇၀၀ နီးပါးရှိတယ်လို့ဆိုပါတယ်။

PC မှာ Epic Games ကို အသုံးပြုသူ သန်း၂၃၀ရှိလာခဲ့ပြီး ၂၀၂၁ခုနှစ်ကထက် ၃၆သန်းတိုးတက်လာခဲ့ပါတယ်။ Epic Games ကိုအသုံးပြုသူစုစုပေါင်းဟာလည်း ၇၂၃သန်းရှိလာခဲ့ပြီဖြစ်ပါတယ်။ နေ့စဥ်အသုံးပြုသူပေါင်း ၃၄.၃သန်းနဲ့ လစဉ်ပုံမှန်အသုံးပြုသူပေါင်း ကလည်း မနှစ်က သန်း၆၂ရှိရာက အခု၆၈သန်းအထိတိုးတက်လာတယ်လို့ဆိုပါတယ်။

Epic Games ဟာ ၂၀၂၃ခုနှစ်မှာလည်း ဂိမ်းတွေကို giveaway ပေးနေဦးမှာဖြစ်တယ်လို့သိရပါတယ်။

Source: Epic Games

#EnThueTech
#News
#Gaming


Post a Comment

0 Comments