လာမည့် ရက်သတ္တပတ်ဟာ AI နည်းပညာရဲ့ အဓိကခြေလှမ်းတစ်ခုဖြစ်လာမှာပါ။ "GPT-4 ကို လာမည့်အပတ် (မတ်လ ၁၉ရက် ၂၀၂၃ခုနှစ်)မှာ ထုတ်ဖော်ပြသတော့မယ်" လို့ Microsoft Germany ရဲ့ နည်းပညာအရာရှိချုပ်ဖြစ်သူ Andreas Braun ကဆိုပါတယ်။ GPT-4 ဟာ ဗီဒီယိုလည်းပါဝင်မှာဖြစ်သလို လက်ရှိ GPT-3.5 မော်ဒယ်နဲ့ လုံးဝကွဲပြားခြားနေမှာဖြစ်ပါတယ်။
၂၀၂၂ခုနှစ် နိုဝင်ဘာလမှာ စတင်လွှင့်တင်ခဲ့တဲ့ ChatGPT ဟာ GPT-3.5 နဲ့စွမ်းအားပေးထားတာဖြစ်ပါတယ်။ နောက်ထပ် အကြီးစား Large Language Model (LLM) က GPT-4 ဖြစ်ကာ သိသိသာသာစွမ်းပိုကောင်းပြီး လုပ်ဆောင်နိုင်စွမ်းအသစ်တွေလည်းပါဝင်လာပါတယ်။Braun က "လက်ရှိမှာ ChatGPT နဲ့ အခြားနည်းပညာတွေဟာ GPT-3.5 အပေါ်အခြေခံထားပြီး စာသားအခြေခံတဲ့အဖြေတွေကိုသာထုတ်ပေးနိုင်ပါတယ်။ ဒါတွေဟာ GPT-4 ထွက်ရှိလာတဲ့အခါပြောင်းလဲသွားနိုင်တယ်" လို့ AI in Focus - Digital Kickoff ဆိုတဲ့ပွဲတစ်ခုမှာ ဆိုခဲ့ပါတယ်။
Microsoft ဟာ ChatGPT အသုံးပြုထားတဲ့ Bing အသစ်ကို နှစ်ဆန်းပိုင်းမှာထုတ်ဖော်ပြသခဲ့ပါတယ်။ ဒီရှာဖွေရေးအင်ဂျင်ကို GPT-4 နဲ့ဖန်တီးထားတယ်လို့ဆိုပေမယ့် ဒါဟာမမှန်ဘူးလို့ဆိုပါတယ်။ အဲဒီအစား Microsoft ဟာ အဖြေတွေကိုမြန်ဆန်စွာထုတ်ပေးနိုင်ပြီးလက်ရှိအချက်အလက်တွေအပေါ်အခြေခံဖို့ Prometheus ဆိုတဲ့ မူပိုင်နည်းပညာကိုအသုံးပြုခဲ့ပါတယ်။
Microsoft ဟာ ChatGPTကိုဖန်တီးတဲ့ OpenAI အပေါ်ရင်းနှီးမြုပ်နှံမှုကြီးကြီးမားမားပြုလုပ်ထားခဲ့ပါတယ်။ ဒီကုမ္ပဏီ ၂ခုဟာ AI စွမ်းရည်တွေတိုးတက်အောင် နီးနီးကပ်ကပ်လက်တွဲလုပ်ဆောင်နေပါတယ်။ Microsoftရဲ့ ပွဲမှာ GPT-4 အကြောင်းကိုဆွေးနွေးသွားတယ်ဆိုကတည်းက ဒီကုမ္ပဏီ၂ခုဟာ ဘယ် းလောက်အထိနီးကပ်စွာလုပ်ကိုင်နေကြသလဲဆိုတာညွှန်ပြနေပါတယ်။
Source: Windows Central
#EnThueTech
#News
#AI
0 Comments