Subscribe Us

header ads

Intel မှ 1.8nm နှင့် 2nm node များကို အောင်မြင်စွာဖန်တီးနိုင်ပြီ

Image: Intel

Intel ဟာ သူတို့ရဲ့ ကိုယ်ပိုင်ထုတ်ကုန်တွေအပြင် Intel Foundry Services ဌာနရဲ့ ဖောက်သည်တွေပါထုတ်ကုန်တွေအတွက် Intel 18A (1.8nm) နဲ့ Intel 20A (2nm) process ကိုဖန်တီးနိုင်ခဲ့ပြီလို့ UDN သတင်းကဆိုပါတယ်။

Intel China ရဲ့ အကြီးအကဲနဲ့ဥက္ကဌဖြစ်သူ Wang Rui က သူတို့ရဲ့ Intel 18A (18 angstrom class) နဲ့ Intel 20A (20 angstrom class) fabrication process ကို အပြီးသတ်ဖန်တီးနိုင်ခဲ့ပြီလို့ ပွဲတစ်ခုမှာပြောကြားခဲ့ပါတယ်။ ဒါဟာ ဒီ production node တွေကို ဟာ စီးပွားဖြစ်ထုတ်ဖို့အဆင်သင့်ဖြစ်နေတယ်လို့ဆိုလိုတာမဟုတ်ပါဘူး ဒါပေမယ့် Intel ဟာ နည်းပညာ၂ခုလုံးအတွက် အသေးစိတ်အချက်အလက်တွေ၊ ပစ္စည်းတွေ၊ လိုအပ်ချက်တွေနဲ့ ‌ပစ်မှတ်ထားတဲ့စွမ်းဆောင်တွေအားလုံးကို ဆုံးဖြတ်ပြီးဖြစ်ပါတယ်။

Image: Intel

Intel ရဲ့ 20A fabrication နည်းပညာဟာ gate-all-around RibbonFET အပေါ်အားထားမှာဖြစ်ပြီး backside power delivery ကိုအသုံးပြုမှာပါ။ နာနိုမီတာအရွယ်အစားသေးလိုက်တာ၊ ထရန်စ္စတာနည်းပညာအသစ်နဲ့ backside power delivery ကိုတစ်ပြိုင်တည်းအသုံးပြုတာဟာ စွန့်စားမှုတစ်ခုဖြစ်ပါတယ် ဒါပေမယ့် Intel အနေနဲ့ ပြိုင်ဘက် TSMC နဲ့ Samsung Foundry တို့ကို 20A နည်းပညာနဲ့ ခုန်ပျံကျော်လွှားသွားနိုင်လိမ့်မယ်လို့ ယူဆရပါတယ်။ ဒီ node တွေကို ၂၀၂၄ခုနှစ်အလယ်ပိုင်းမှာ စတင်အသုံးပြုမယ် လို့ Intel ကရည်ရွယ်ထားပါတယ်။

Intel ရဲ့ 18A process ကတော့ ကုမ္ပဏီရဲ့ RibbonFET နဲ့ PowerVia နည်းပညာတွေကိုထပ်မံအဆင့်မြှင့်ထားမှာဖြစ်သလို ထရန်စ္စတာအရွယ်အစားကိုလည်းထပ်မံကျုံ့သွားစေမှာပါ။ ဒီ node ကိုဖန်တီးနေတာအခြေအနေကောင်းနေပြီး ၂၀၂၄နှစ်ဝက်ကနေ ၂၀၂၅ခုနှစ်လောက်မှာ စတင်မိတ်ဆက်လာမှာဖြစ်ပါတယ်။ Intel အနေနဲ့ မူလက 1.8 angstrom node အတွက် ကနဦးမှာ 0.55 numerical aperture (NA) optics ASML ရဲ့ Twinscan EXE စကင်နာကိုအသုံးပြုဖို့ကြံရွယ်ထားပေမယ့် နည်းပညာကို‌ စောလျင်စွာအသုံးပြုဖို့ဆုံးဖြတ်ခဲ့တာမို့ လက်ရှိ 0.33 NA optics အပြင် EUV double patterning ရတဲ့ Twinscan EXE စကင်နာတွေသာ ဆက်လက်အသုံးပြုမှာဖြစ်ပါတယ်။

ကုမ္ပဏီအနေနဲ့ ၂၀၂၄ခုနှစ် ဒုတိယနှစ်ဝက်လောက်မှာ အမြောက်အများစတင်ထုတ်လုပ်တဲ့အချိန်ရောက်တဲ့အခါ သူတို့ရဲ့ 1.8nm နည်းပညာဟာ နယ်ပယ်အတွင်းအဆင့်အမြင့်ဆုံး node ဖြစ်လာမယ်လို့ မျှော်လင့်ထားပါတယ်။

Intel ရဲ့ Intel 18A နဲ့ Intel 20A fabrication နည်းပညာ၂ခုလုံးဟာ ကိုယ်ပိုင်ထုတ်ကုန်တွေအပြင် Intel Foundry Services ဌာနက ဖောက်သည်တွေရဲ့ထုတ်ကုန်တွေအတွက်ပါ ထုတ်လုပ်ပေးမှာဖြစ်ပါတယ်။

Source: Intel and Tom's Hardware

#EnThueTech
#News
#Semiconductors

Post a Comment

0 Comments