Intel ဟာ 12+4 pin 12VHPWR power connector ရဲ့ ဒီဇိုင်း အထူးသဖြင့်တပ်ဆင်မယ့်ကြိုးဘက်ခြမ်း(male connector)ကို ပိုမိုခိုင်ခံအောင်နဲ့ မီးလောင်မှုကနေကကွယ်ဖို့အတွက် ဒီဇိုင်းဆိုင်ရာအပြောင်းပြုလုပ်ဖို့ရာပြင်ဆင်နေပါတယ်။ အသစ်ပြင်ဆင်ထားတဲ့အခြမ်းဟာ graphics cardပေါ်က 12VHPWR socket မှာ အပြည့်အဝကိုက်ညီမှုရှိနေမှာဖြစ်ပါတယ်။
![]() |
Image: harukaze5719 |
ယခင်က male connector switch ရဲ့ pin တစ်ခုစီမှာ အပေါက်၃ခုကိုသုံးထားပေမယ့် ဒီဇိုင်းအသစ်မှာ push-spring ဒီဇိုင်းကိုသုံးလာမှာပါ။ ဒီအပြောင်းအလဲကြောင့် male connector ဘက်ခြမ်းဟာ ကြိုးကိုကွေးညွှတ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ဆွဲအားက အချိတ်အဆက်အားနည်းစေမှုကို ခံနိုင်ရည်ပိုရှိလာစေပါတယ်။ ဒါကြောင့်ချိတ်ဆက်မှုဟာ ပိုမိုခိုင်မြဲလာစေမှာပါ။
Source: Techpowerup
#EnThueTech
#News
0 Comments