![]() |
Image: ASML |
Intel ရဲ့ graphics hardware engineer တစ်ဦးဟာ Panther Lake လို့အမည်ရတဲ့ Intel igp နဲ့ CPU architecture အသစ်ကို သူ့ရဲ့ LinkedIn အချက်အလက်မှာ ဖော်ထုတ်လိုက်ပါတယ်။ သူဟာ ဒီအချက်အလက်တွေကိုပြန်လည်ဖြုတ်ချခဲ့ပေမယ့် Tom's Hardware ဟာ screenshot ရယူထားနိုင်ခဲ့ပါတယ်။
Intel ရဲ့ architecture အကြောင်းကိုလက်ရှိမှာ ဘာမဗသေချာမသိသေးပါဘူး ဒါပေမယ့် သူ့မှာပါဝင်တဲ့ iGP ကတော့ Intel ရဲ့ Xe3 Celestial GPU architecture တစ်မျိုးကိုသုံးထားမယ်ဆိုတာကိုသာသိရပါသေးတယ်။ LinkedIn profile အရ Panther Lake နဲ့ သူရဲ့စပ်ဆက် iGP တွေကို Intel Architecture Day 22 မှာ ကြေညာဖို့စီစဉ်ထားတယ်လို့ဆိုပါတယ်။ ဒါကတကယ်ဖြစ်ခဲ့မယ်ဆိုရင် တရားဝင်အချက်အလက်တွေသိခွင့်ရမှာပါ။
![]() |
Image: Intel |
သူ့ရဲ့ timeline အရဆိုရင် Panther Lake တွေမှာ Intel ရဲ့ 20A process နဲ့ထုတ်လုပ်လာမှာဖြစ်ပြီး ၂၀၂၄ခုနှစ်ဒုတိယနှစ်ဝက်မှာရောက်လာဖွယ်ရှိတယ်လို့ခန့်မှန်းရပါတယ်။ 20A ဆိုတာ Intel အတွက် ကြီးမားတဲ့မှတ်တိုင်တစ်ခုဖြစ်ပြီး ချစ်ပ်တစ်ခုရဲ့ physical feature တွေကို နာနိုမီတာနဲ့တိတိကျကျမတိုင်းတာနိုင်တော့တဲ့ angstrom ခေတ်ကိုပထမဆုံးဝင်ရောက်လာတဲ့ node ဖြစ်လာမှာပါ။ အဲဒီအစား ချစ်ပ်တွေကို တစ်မီတာရဲ့ ၁၀ဘီလီယံပုံတစ်ပုံ သို့ angstrom နဲ့သာ တိုင်းတာပါလိမ့်မယ်။
ဒါဟာ ထရန်စ္စတာတွေအနေနဲ့ နာနိုမီတာတစ်ခုထက်ပိုငယ်သွားပြီလို့ဆိုလိုခြင်းမဟုတ်ပဲ နာနိုမီတာနဲ့ မတိုင်းတာနိုင်တော့တာကိုသာဆိုလိုခြင်းပါ။ ဒါ့အပြင် 20A မှာ EUV ကိုဆက်ခံတဲ့ RibbonFET ဆိုတဲ့ architecture အသစ်နဲ့ ထရန်စ္စတာတွေကို ချိတ်ဆက်ပေးမယ့် PowerVia interconnect နည်းပညာလည်းပါဝင်လာမှာဖြစ်ပါတယ်။
ဒီအချက်အလက်တွေသာအမှန်ဖြစ်ခဲ့မယ်ဆိုရင် Intel 20A ဟာ Intel 3 ထက် ၁၅%ပိုထိရောက်ကာ Alder Lake သို့ Raptor Lake ထက် ၅၀% ပိုထိရောက်လာနိုင် ချေရှိပါတယ်။
Celestial GPU architecture ကတော့ Arc Alchemist နဲ့ Battlemage နောက်မှာထွက်ရှိလာမယ့် တတိယမျိုးဆက် GPU ဖြစ်ပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် LinkedIn ထဲမှာရေးသားချက်အရ Celestial တွေကို သီးခြား graphics card တွေမှာသာအသုံးပြုမှာမဟုတ်ပဲ iGP မှာထည့်သွင်းလာမယ်ဆိုတာသိလာရပါတယ်။ ဒါကအဆန်းမဟုတ်ဘူးဆိုပေမယ့် ကောင်းတဲ့အချက်က Intel အနေနဲ့ သူတို့ရဲ့ သီးခြား GPU architecture ကို iGP မှာ သုံးလာဖို့ ယုံကြည်မှုရှိနေတယ်ဆိုတာပါပဲ။
Source: Tom's Hardware
#EnThueTech
#News
#Semiconductors
0 Comments