![]() |
Image: Shutterstock |
Recoding Industry Association of America (RIAA) ရဲ့ နှစ်ပတ်လည်အစီရင်ခံစာအရ အမေရိကန်နိုင်ငံမှာ vinyl ဓာတ်ပြား တွေဟာ အချပ်ရေ ၄၁သန်းရောင်းချခဲ့ရပြီး CD သီချင်းခွေတွေက ၃၃သန်းရောင်းချခဲ့ရပါတယ်။
ဓာတ်ပြားတွေဘက်ကိုလူတွေစိတ်ပြန်ဝင်စားလာတာအချိန်အတန်ကြာခဲ့ပါပြီ ၂၀၂၂ခုနှစ်ဟာဆိုရင် အမြတ်ငွေ ၁၆နှစ်ဆက်တိုက် တိုးတက်လာခဲ့တယ်လို့ RIAA ကဆိုပါတယ်။Vinyl ဓာတ်ပြားတွေဟာ ခေတ်ဟောင်းနည်းပညာလို့ထင်ရပေမယ့် သူရဲ့အသံထွက်က CD နဲ့ Streaming ဝန်ဆောင်မှုကအသံတွေထက် ပို warm ဖြစ်တာကိုသိရှိကြပါတယ်။ ဒါ့အပြင် ဓာတ်ပြားဟာ အယ်လ်ဘမ်တစ်ခုကို $30 သို့ ဒီထက်မကကျသင့်ပေမယ့် ဝယ်ယူသူတွေအတွက် သီချင်းကိုအမှန်တကယ်ပိုင်ဆိုင်ရတယ်လို့ ခံစားမှုလည်းပေးနိုင်ပါတယ်။
Vinyl ဓာတ်ပြားတွေ CD ထက်ပိုရောင်းရလာတာဟာ ၂၀၂၀ခုနှစ်လောက်ကစတင်ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကာလမှာ အမေရိကန်ကသုံးစွဲသူတွေဟာ နေအိမ်ကနေ အလုပ်လုပ်စာသင်ရပါတယ်။ အဆိုပါနှစ်မှာပဲ vinyl ဓာတ်ပြားရောင်းရတဲ့အမြတ်ငွေဟာ CD ရောင်းရငွေထက် ၁၉၈၆နောက်ပိုင်းပထမဆုံးအကြိမ်ကျော်လွန်ခဲ့ကြောင်း RIAA ကဆိုပါတယ်။
RIAA ရဲ့ နောက်ဆုံးတင်ပြချက်အရ ၂၀၂၁ခုနှစ်ထဲမှာ physical ဂီတစတိုးတွေပြန်လည်ဖွင့်လှစ်လာလို့ physical media တွေရောင်းအားပြန်လည်ရှင်သန်လာတယ်လို့ဆိုပါတယ်။ ၂၀၂၂ခုနှစ်မှာ အခွေရောင်းအား ဒေါ်လာ ၁.၇ဘီလီယံရှိပြီး ယခင်နှစ်ကထက် ၄%တိုးတက်လာခဲ့ပါတယ်။ ဓာတ်ပြားခွေရောင်းအားဟာလည်း ၁.၂ဘီလီယံအထိရှိလာကာ ၁၇%တိုးတက်လာတယ်လို့ RIAA ကဆိုပါတယ်။
Source: PCMag
0 Comments