![]() |
Image: Alaina Yee / IDG |
Windows 11 အသုံးပြုသူတွေဟာ Microsoft ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ Windows 11 update တင်လိုက်တဲ့အခါ SSD စွမ်းဆောင်ရည်တွေကျဆင်းသွားတာကြုံတွေ့နေရတယ်လို့ဆိုပါတယ်။ အချို့က ဖိုင်အကူးအပြောင်းပိုမိုကြာမြင့်တယ်လို့ပြောဆိုကြသလို အချို့ကလည်း ဂိမ်းနဲ့ OS loading အချိန်ပိုကြာလာတယ်လို့ဆိုကြပါတယ်။ ကံကောင်းတဲ့အချက်က update ကို roll back ပြန်လုပ်လိုက်တဲ့အခါ မူလစွမ်းဆောင်ရည်ကိုရမှာပဲဖြစ်ပါတယ်။
ဒီလို SSD ကိုနှေးကွေးသွားစေတဲ့ update က KB5023706 ဆိုတဲ့ update ဖြစ်ပြီး update တင်တဲ့စက်တိုင်းကိုနှေးကွေးစေတာမဟုတ်တော့မဟုတ်ပါဘူး။
အကယ်၍သင့်အနေနဲ့ ဒီ Windows 11 update ကြောင့် SSD စွမ်းဆောင်ရည်နှေးကွေးသွားတယ်လို့ခံစားရတယ်ဆိုရင်တော့ အောက်ပါနည်းလမ်းကိုသုံးပြီး ပြန်လည်မြန်ဆန်လာအောင်ပြုလုပ်နိုင်ပါတယ်။
- Start Button ကို Right Click နှိပ်ပြီး Setting ထဲကိုဝင်ပါ
- ဘယ်ဘက်အောက်ခြေနားက Windows Update ကိုနှိပ်ပါ
- Update History ကိုနှိပ်ပါ
- Uninstall Updates ကိုရှာပြီးနှိပ်ပါ
- KB5023706 ကိုနှိပ်ပြီး Uninstall လုပ်ပါ
လက်ရှိမှာ Microsoft က ဒီကိစ္စကိုပြန်လည်ပြင်ဆင်မယ့် patch ကိုမထုတ်ပေးသေးပါဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း Windows 11 မှာ VBS ကိုပိတ်ထားရင် 15%အထိ စွမ်းဆောင်ရည်တိုးတက်လာမှာဖြစ်ကြောင်းတစ်ခါတင်ပေးခဲ့ဖူးပါတယ်။
Source: Tom's Hardware
#EnThueTech
#News
#TechTips
0 Comments