Subscribe Us

header ads

Windows 11 နှင့် Windows 10 တွင် VBS ပိတ်ထားပါက စွမ်းဆောင်ရည်တိုးတက်လာနိုင်

Image: Future

Windows 11 သို့ အချို့သော Windows 10 built တွေမှာ လုံခြုံရေးဆိုင်ရာဆက်တင်တစ်ခုရှိပြီး အဆိုပါဆက်တင်က သင့်ကွန်ပြူတာကို အချို့နေရာမှာ ၁၅%လောက်အထိနှေးကွေးသွားစေနိုင်ပါတယ်။ VBS လို့ခေါ်တဲ့ Visualization-based security ဟာ memory အတွင်းကို စိတ်မချရတဲ့ကုဒ်တွေဝင်မလာနိုင်အောင်တားဆီးပေးပါတယ်။ နောက်ထပ် Windows 11 မှာပါဝင်တဲ့ Hypervisor-Enforced Code Integrity (HVCI) ကလည်း VBS ကိုသုံးပြီး စိတ်မချရတဲ့ driver တွေနဲ့ software တွေကို memory ကိုဝင်မလာနိုင်အောင်တားဆီးပေးပါတယ်။ VBS နဲ့ HVCI ၂ထပ်နဲ့ကာကွယ်ထားမယ်ဆိုရင် antivirus ကို ကျော်ဖြတ်လာတဲ့ malware တွေကိုတောင်ကာကွယ်မှုပြုလုပ်ပေးနိင်ပါတယ်။

စိတ်မကောင်းစရာက VBS နဲ့ HVCI တို့ဟာ စွမ်းဆောင်ရည်ကိုသိသိသာသာကျဆင်းစေပါတယ် အထူးသဖြင့် ဂိမ်းကစားတဲ့နေရာမှာပါ။ Tom's Hardware ဟာ ဒီဆက်တင်တွေကိုအဖွင့်အပိတ်လုပ်ပြီးစမ်းသပ်ရာမှာ စွမ်းဆောင်ရည်ကို ၁၅%အထိကျဆင်းစေတာကိုတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။ ဒါဟာ သင့်အနေနဲ့ graphics card အဟောင်းကိုသုံးနေတာဖြစ်စေ အမြန်ဆုံး RTX 4090 ကိုသုံးနေတာဖြစ်စေ သက်ရောက်နေမှာဖြစ်တယ်လို့ဆိုပါတယ်။ ပုံမှန်အချိန်ဆိုရင် VBS ဟာ Windows 10 ကနေ Windows 11 ကို upgrade လုပ်လိုက်တဲ့အခါ ဖွင့်ထားမှာမဟုတ်ပေမယ့် နောက်ပိုင်း update တွေတင်လိုက်တဲ့အခါ ဖွင့်မိသွားနိုင်ပါတယ်။

ပုံမှန်လူအများစုနဲ့ application တွေအသုံးပြုချိန်မှာတော့ VBS ဟာ ၅% သို့ ဒီထက်နည်းတဲ့စွမ်းဆောင်ရည်ကျဆင်းမှုကိုသာဖြစ်မှာမို့ သိသာတဲ့ကွာခြားမှု‌‌ကြုံတွေ့ရမှာမဟုတ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သင့်အနေနဲ့ကွန်ပြူတာရဲ့ စွမ်းပကားကိုအပြည့်အဝအသုံးပြုလိုပြီး လုံခြုံရေးအရံအတားကိုဖယ်ရှားလိုတယ်ဆိုရင်ဖြင့် Windows 11 နဲ့ Windows 10 မှာ အောက်ပါနည်းလမ်းတွေကိုအသုံးပြုနိုင်ပါတယ်။

VBS ဖွင့်မဖွင့် ကြည့်နိုင်မည့်နည်းလမ်း

VBS ကိုပိတ်ဖို့မစဉ်းစားခင်မှာ ပထမဆုံးဆောင်ရွက်စရာအနည်းငယ်ရှိနေပါတယ်။


၁။ အလွယ်ကူဆုံးက System Information ကိုရှာရပါမယ်



၂။ System Information ထဲမှာ Virtualization -based security ကိုရှာရပါမယ်။ running ဖြစ်နေတယ်ဆိုရင် VBS ပွင့်နေတာဖြစ်ပါတယ်။ "not enable" ဆိုရင်ပိတ်ပြီးသားဖြစ်ပါတယ်။



VBS နှင့် HVCI ကိုပိတ်နည်း


၁။ search ထဲမှာ Core Isolation ကိုရှာပြီးနှိပ်ရပါမယ်။

၂။ Core Isolation ထဲက Memory Integrity ကို off ပေးရပါမယ်။ off လုပ်ပြီးသားဖြစ်နေရင် အဆင့်၆ကိုကျော်ဖတ်လိုက်ပါ။

၃။ Restart ကိုနှိပ်ပေးရပါမယ်။

၄။ System Information ထဲမှာ Virtualization -based security ကိုပြန်ကြည့်ပြီး not enable ဖြစ်နေရင်အဆင်ပြေပါပြီ။ အကယ်၍ not enable ဖြစ်မနေဘူးဆိုရင် VBS ကို အဆင့်၆မှာပြောထားသလို registry မှာ ပိတ်ပေးရပါမယ်။

၅။ Windows နဲ့ R ကိုတွဲနှိပ်ပြီး regedit ကိုရိုက်သွင်းပြီး OK ကိုနှိပ်ကာဝင်ရပါမယ်။


၆။ Registry Edit ထဲမှာ HKEY_LOCAL_MACHINE\System\CurrentControlSet\Control\DeviceGuard ကိုသွားရပါမယ်။

၇။ EnableVirtualizationBasedSecurity မှာ 0 ကိုထားပေးရပါမယ်။

၈။ Regedit ကိုပိတ်ပြီး reboot လုပ်ရပါမယ်။
၉။ System Information မှာ Virtualization Based Security ကို not enable ပြမပြကြည့်ရပါမယ်။ VBS enable ဖြစ်နေတုန်းဆိုရင် အောက်ကနည်းလမ်းကိုအသုံးပြုရပါမယ်။

Virtual Machine ကိုဖယ်ရှား၍ VBS ပိတ်နည်း

VBS က running လို့ပြနေတုန်းပဲဆိုရင် Virtual Machine ဆိုတဲ့ feature ကို Windows မှာ ဖြုတ်လိုက်လို့ရပါတယ်။ တစ်ခုသိထားရမှာက ဒါကိုဖြုတ်လိုက်မယ်ဆိုရင် Windows Subsystem for Linux ကိုမသုံးနိုင်တော့ပါဘူး။ ဘယ်လိုဖြုတ်ရမယ်ဆိုတာ အောက်မှာဆက်ကြည့်နိုင်ပါတယ်။




၁။ Turn Windows Feature on or off ကို search မှာရှာရပါမယ်။


၂။ Virtual Machine ကို uncheck လုပ်ပြီး OK နှိပ်ရပါမယ်။

၃။ Reboot လုပ်ပေးရပါမယ်။
၄။ Check System Information ကိုရှာကြည့်တဲ့အခါ Virtualization Based Security ဟာ not enable ဖြစ်နေတာတွေ့ရမှာပါ။

Source: Tom's Hardware

#EnThueTech
#News
#TechTips



Post a Comment

0 Comments