Image via TechSpot |
အိန္ဒိယအစိုးရဟာ နိုင်ငံအတွင်းမှာ ထုတ်လုပ်မှုဆိုင်ရာအလုပ်အကိုင်များ ပိုမိုရရှိလာဖို့အတွက် တွန်းအားပေးနေတာကြောင့် ကမ္ဘာလုံးဆိုင်ရာ PC အမှတ်တံဆိပ်အများအပြားတွေရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပြီး လက်တော့ပ်များ၊ တက်ဘလက်များ၊ all-in-one PC များ၊ ဆာဗာများနဲ့ ultra-small form factor ကိရိယာများကို ထုတ်လုပ်သွားမှာဖြစ်ပါတယ်။
သတင်းထုတ်ပြန်ချက်တစ်ခုမှာ အိန္ဒိယနိုင်ငံရဲ့ အီလက်ထရွန်နစ်နှင့် အိုင်တီဝန်ကြီးဌာနအနေနဲ့ PC ထုတ်လုပ်သူ ၂၇ ဦးရဲ့ လျှောက်လွှာများကို production-linked incentive (PLI) အောက်မှာ အတည်ပြုထားကြောင်း ပြောကြားခဲ့ပါတယ်။ (PLI) အစီအစဥ်သည် အစိုးရက ပါဝင်သည့်ကုမ္ပဏီတွေကို ခြောက်နှစ်အတွင်း ဒေါ်လာ ၂ ဘီလီယံခန့် ထုတ်ပေးမှာဖြစ်ပါတယ်။ Acer၊ Asus၊ Dell၊ HP၊ Lenovo နှင့် Foxconn တို့ အပါအဝင် နာမည်ကြီးအမှတ်တံဆိပ်အချို့ရဲ့ လျှောက်လွှာတွေကို အတည်ပြုထားပြီးဖြစ်ပါတယ်။အိန္ဒိယအစိုးရအနေနဲ့ PLI 2.0 ဟာ အလုပ်အကိုင်ပေါင်း ၂သိန်းအထိ ဖန်တီးပေးကာ ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ သန်း 360 အထိ ဖန်တီးပေးခြင်းဖြင့် အိန္ဒိယစီးပွားရေးကို သိသိသာသာမြှင့်တင်ပေးမယ်လို့ ပြောကြားထားပါတယ်။ အဆိုပါ စပျိုးမှုအောက်တွင် ရင်းနှီးမြုပ်နှံသွားမယ့် တန်ဖိုးစုစုပေါင်းဟာ အမေရိကန်ဒေါ်လာ ၄၂ ဘီလီယံအထိ ရှိမယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နိုင်ငံပိုင်မီဒီယာကို မိန့်ခွန်းပြောကြားရာတွင် အိုင်တီဝန်ကြီး Ashwini Vaishnaw က ''အတည်ပြုလျှောက်ထားသူ ၂၇ ဦးအနက် ၂၃ ဦးဟာ စတင်ထုတ်လုပ်ဖို့ရာ အဆင်သင့်ဖြစ်နေပြီ''လို့ အခိုင်အမာဆိုပါတယ်။ အိန္ဒိယဟာ PC ထုတ်လုပ်မှုဗဟိုချက်ဖြစ်လာဖို့ ၎င်း၏ပထမဆုံးခြေလှမ်းတွေကို မကြာမီအချိန်အတွင်း လုပ်ဆောင်နိုင်မယ်လို့ အကြံပြုထားပါတယ်။
အိုင်တီပစ္စည်းများထုတ်လုပ်ဖို့အတွက် PLI 2.0 အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ နိုင်ငံအတွင်း လက်ပ်တော့တွေထုတ်လုပ်ဖို့ Dell, HP, Foxconn, Foxconn, Asus, Acer နှင့် Flex တို့အပါအဝင် ကမ္ဘာလုံးဆိုင်ရာ PC ထုတ်လုပ်သူတွေထံက လျှောက်လွှာ ၃၈ ခုကို အိန္ဒိယမီဒီယာများက လက်ခံရရှိခဲ့ကြောင်း အိန္ဒိယမီဒီယာတွေက ဖော်ပြပြီးနောက် ရက်သတ္တပတ်အနည်းငယ်အကြာတွင် အဆိုပါသတင်းထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ ငွေလက်ခံရယူရန် အရည်အချင်းပြည့်မီဖို့က ၎င်းတို့အနေနဲ့ အိန္ဒိယနိုင်ငံအတွင်း ကုန်ထုတ်လုပ်မှုဆိုင်ရာ စက်ရုံများ ထူထောင်ကာ နှစ်စဉ်သတ်မှတ်ထားတဲ့ ကုန်ပစ္စည်းပမာဏကို တင်ပို့ရမည်ဖြစ်ပါတယ်။ ထူးခြားတာက Apple နဲ့ Samsung တို့ဟာ ဒီအစီအစဉ်အသစ်မှာ ပါဝင်ရန် လျှောက်ထားမှု မရှိတာဖြစ်ပါတယ်။
PLI 2.0 ဟာ နိုင်ငံခြားမှ ဖုန်းထုတ်လုပ်သူအများအပြား နိုင်ငံအတွင်း ထုတ်လုပ်ရေးစက်ရုံတွေ တည်ထောင်လာခဲ့သလို ဆင်တူတဲ့အောင်မြင်မှုအပေါ် ဖန်တီးရေးဆွဲထားတာဖြစ်ပါတယ်။ Counterpoint Research ရဲ့ မကြာသေးမီက အစီရင်ခံစာတစ်ခုအရ အိန္ဒိယဟာ Apple၊ Xiaomi၊ Samsung၊ BBK Electronics နဲ့ အခြား စမတ်ဖုန်းထုတ်လုပ်ရေးကုမ္ပဏီတွေ ကျေးဇူးကြောင့် အစိုးရရဲ့ 'Make in India' အစပျိုးမှုရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး မိုဘိုင်းထုတ်လုပ်သူဖြစ်လာပါတယ်။
Source: TechSpot
#EnThueTech
#News
#Regional
0 Comments