Subscribe Us

header ads

Google မှ active မဖြစ်သည့် Gmail အကောင့်သန်းပေါင်းများစွာကို ဖျက်သိမ်းမည်၊ ဒီဇင်ဘာလ ၁ရက်နေ့မတိုင်မီ login ဝင်ရန်လို

Image via Dezeen

သင့်မှာ အသုံးမပြုတာအတန်အသင့်ကြာမြင့်နေပြီဖြစ်တဲ့ Google အကောင့်တစ်ခုရှိမယ်ဆိုရင် ခုချိန်မှာ login ဝင်ပြီး email ပို့တာပဲဖြစ်ဖြစ် YouTube ဗီဒီယိုကြည့်တာပဲဖြစ်ဖြစ်လုပ်လို့ရမယ်ဆိုရင် လုပ်စေချင်ပါတယ်။ အကယ်၍သင်မလုပ်နိုင်ခဲ့ရင် အစောဆုံးအနေနဲ့ ဒီဇင်ဘာလ ၁ရက်မှာ ဖျက်သိမ်းခံရမှာဖြစ်ပါတယ်။

Google ဟာ သူတို့ရဲ့ inactive account policy ကိုလူထုကိုချပြထားတာလအတန်ကြာပါပြီ ဒါပေမယ့် မကြာသေးခင်က Help Center blog post တစ်ခုအရ စောစောစီးစီးဖြစ်လာဖွယ်ရှိနေပါတယ်။

အသုံးမပြု‌တော့တဲ့ အကောင့်ဟောင်းတွေဆိုတာက ၂နှစ်နဲ့အထက်အသုံးမပြုခြင်းမရှိတော့တဲ့အကောင့်တွေကိုဆိုလိုခြင်းဖြစ်ပါတယ်။ ဒီလိုအကောင့်ဟောင်းတွေနဲ့ လွယ်ကူတဲ့ password ပေးထားတဲ့အကောင့်တွေဟာ ခိုးယူခံရဖို့လွယ်ကူပြီး မသမာသူတွေကအသုံးချနိုင်ပါတယ်။ ဒီလိုအကောင့်တွေမှာ two-factors authentication လို အပိုထပ်ဆောင်းလုံခြုံရေးအစီအမံတွေ အသုံးပြုခြင်းနည်းပါးကြပါတယ်။ ဒါ့အပြင် Google အဖို့လည်း 1 exabyte (သို့မဟုတ်) 2 exabyte လောက် storage ပိုင်းအပိုထွက်လာစေမှာဖြစ်ပါတယ်။

အကောင့်ဖျက်သိမ်းခံရတဲ့အခါ သင့်ဘာကိုမှသုံးဆွဲနိုင်မှာမဟုတ်ပါဘူ။ ဆိုလိုတာက သင့်ရဲ့ Gmail၊ Google Drive YouTube နဲ့ workspace app တွေသုံးလို့ရမှာမဟုတ်တော့ပါဘူး။ Cloud မှာရှိတဲ့ သင့်ရဲ့အဖိုးတန်ဒေတာတွေဟာ ထာဝရပျက်သုန်းသွားမှာဖြစ်ပါတယ်။ Gmail အကောင့်ပျက်သွားတဲ့အတွက် အဆိုပါ Gmail ကနေတဆင့် login ဝင်ရောက်အသုံးပြုရတဲ့အကောင့်တွေကိုပါဆုံးရှုံးသွားမှာဖြစ်ပါတယ်။

သိထားရမှာက ဒီအ‌ကောင့်ပိတ်တဲ့ကိစ္စဟာ personal အကောင့်တွေကိုသာသက်ရောက်ပြီး business အကောင့်တွေအပေါ်မသက်ရောက်ပါဘူး။ စီးပွားရေးလုပ်ငန်းသုံးအကောင့်တွေ ၂နှစ်ထက်ပိုပြီး active မဖြစ်တော့ဘူးဆိုတာဟာ ဒီစီပွားရေးလုပ်ငန်းရပ်ဆိုင်းသွားပြီလို့သက်မှတ်လို့ရပေမယ့် သေချာသလောက်က ဥပဒေဆိုင်ရာ သို့မဟုတ် အခွန်အကောက်ဆိုင်ရာ အကြောင်းတွေကလည်း ဒီအကောင့်တွေဆက်လက်ထားရှိနေရမယ့်အကြောင်းပြချက်ဖြစ်နေပါတယ်။

Google အနေနဲ့အကောင့်မပိတ်သိမ်းခင်မှာ အသုံးပြုသူတွေကို သတိပေးမှာဖြစ်ပေမယ့် ဘယ်လောက်ထိရောက်မလဲ။ Google အနေနဲ့ သူတို့မှာရရှိထားသလောက် အချက်အလက်တွေနဲ့သာ သင့်ကိုဆက်သွယ်နိုင်ပါလိမ့်မယ်။ သင်ကိုယ်တိုင်ကအကောင့်ကိုအသုံးမပြုတဲ့အတွက် email ဝင်မဝင်မသိပေမယ့် secondary email တစ်ခုရှိရင်တော့ အနည်းငယ်သက်သာပါလိမ့်မယ်။

အကြံပေးလိုတာက အွန်လိုင်း‌ပေါ်ကသင့်ရဲ့လှုပ်ရှားမှုတွေကိုသတိပြုဖို့နဲ့ သင့်အချက်အလက်တွေနဲ့လုံခြုံရေးကို ထိန်းချုပ်ထားသင့်ပါတယ်။ အားကောင်းတဲ့ password တွေကိုအသုံးပြုဖို့လိုအပ်သလို သင့်ရဲ့တန်ဖိုးကြီးဒေတာတွေကို cloud မှာသာ သီးသန့်သိမ်းဆည်းထားတာမလုပ်ဖို့ဖြစ်ပါတယ်။

Source: Google, TechSpot and PC Gamer

#EnThueTech
#News
#Internet

Post a Comment

0 Comments