Image: Google |
သင့်ရဲ့အရေးကြီးအချက်အလက်တွေကို cloud service တစ်ခုခုမှာ backup လုပ်ထားခြင်းဟာ ကောင်းတဲ့ အလေ့အထလို့ဆိုနိုင်ပေမယ့် စိတ်အချရဆုံးလို့မဆိုနိုင်ပါဘူး။ Google ဟာ Google Drive သုံးစွဲသူတွေရဲ့ သိမ်းဆည်းထားတဲ့ဖိုင်တွေ ပျောက်ဆုံးမှုအပေါ်စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေရပါတယ်။ သုံးစွဲသူအများအပြားဟာ လွန်ခဲ့တဲ့လအနည်းငယ်က ဖိုင်တွေပျက်စီးသွားတဲ့အပေါ်တိုင်တန်းမှုပြုထားကြပါတယ်။ တိုင်ကြားမှုတစ်ခုမှာဆိုရင် ၃လစာလောက်ဖိုင်တွေပျောက်ဆုံးသွားတယ်လို့ဆိုပါတယ်။
ကံမကောင်းတာက Google Drive မှာပါရှိတဲ့ recovery စနစ်ဟာ သုံးစွဲသူကဖျက်လိုက်တဲ့ဖိုင်ကိုသာ restore လုပ်တာကြောင့်အလုပ်မဖြစ်တာပါပဲ။ Google အနေနဲ့လက်ရှိမှာ Google Drive အသုံးပြုသူတွေအနေနဲ့မိမိဖိုင်တွေကိုဖျက်တာမလုပ်ဖို့နဲ့ အကောင့်ကို logout မလုပ်ဖို့အကြံပြုထားပါတယ်။လွန်ခဲ့တဲ့ရက်ကသီးခြား thread တစ်ခုမှာတော့ ဒီပြဿနာဟာ Windows နဲ့ Mac တွေရဲ့ version 84.0.0.0 ကနေ 84.0.4.0 အထိသက်ရောက်မှုရှိနေတယ်လို့ဆိုပါတယ်။ သင့်ဟာ Google Drive ကိုအားကိုးနေရတယ်ဆိုရင် လက်ရှိမှာ သင့်ရဲ့ အရေးကြီးဒေတာတွေကို အခြားနေရာမှာပြန်လည်ကူးယူထားခြင်းကစိတ်အချရဆုံးဖြစ်ပါတယ်။
Source: PC World and TechSpot
#EnThueTech
#News
#Web
0 Comments