Subscribe Us

header ads

ဂိမ်းများကို ကြိုက်နှစ်သက်သည့်နေရာတွင် ပြောင်းလဲသွင်းယူခွင့်ပြုလိုက်သည့် Microsoft Store


Image: En Thue Tech

Windows 8 နဲ့အတူ ၂၀၁၂ခုနှစ်မှာစတင်မိတ်ဆက်ပေးခဲ့တဲ့ Microsoft Store ဒေါင်းလုဒ်ထားတဲ့ဂိမ်းတွေကို မိမိနှစ်သက်ရာနေရာမှာ သွင်းယူခွင့်ပေးလိုက်ပြီလို့ဆိုပါတယ်။ ဒီအကြောင်းကို Twitter/X မှာ Microsoft Store Engineer တစ်ဦးကကြေညာခဲ့တာဖြစ်ပြီး Windows 11 အသုံးပြုသူတွေအတွက် Microsoft Store app ရဲ့ version 22310 မှာ ဒီလုပ်ဆောင်ချက်ကို ထည့်သွင်းပေးလိုက်ပြီလို့ဆိုပါတယ်။


Image: @kid_jenius on X

ဒီလုပ်ဆောင်ချက်အတွက် Microsoft Store ဟာ ဆယ်စုနှစ်တစ်ခုစာနဲ့ operating system ၃ခုလောက် အချိန်ယူခဲ့ရပေမယ့် နောက်ဆုံးမှာရောက်ရှိလာခဲ့ပါပြီမို့ ဂိမ်းတွေကို OS drive အစားအခြားနေရာမှာ သိမ်းဆည်းလို့ရလာပါပြီ။ Windows ပေါ်က အခြားဂိမ်းlauncherတွေဖြစ်တဲ့ Steam၊ Battle.net၊ Origin၊ နဲ့ Epic Games Store တောင်မှ ဂိမ်းတွေကိုကြိုက်နှစ်သက်ရာနေရာမှာ သွင်းယူခွင့်ပြုထားခဲ့တာဖြစ်ပါတယ်။

Source: Tom's Hardware

#EnThueTech
#News
#Gaming

Post a Comment

0 Comments