Subscribe Us

header ads

PUBG ဖန်တီးသူမှ Unreal Engine 5 အသုံးပြုထားသည့် Sims ကဲ့သို့ ဂိမ်းအသစ် InZOI ကိုပြသ

Image: Krafton

Sim 4 ထွက်ရှိခဲ့တာ ဆယ်စုနှစ်တစ်ခုစာရှိခဲ့ပြီး သူ့ကိုယှဉ်နိုင်တာဆိုလို့ City Skylines လောက်သာရှိနေချိန်မှာ နာမည်ကြီးလှတဲ့ PUBG ဂိမ်းကိုဖန်တီးခဲ့သူ Krafton ဟာ အရမ်းလှပပြီး life simulation ဂိမ်းအမျိုးအစားကိုလှုပ်ခပ်သွားစေနိုင်တဲ့ InZOI ဂိမ်းအသစ်ကိုထုတ်ဖော်ပြသလိုက်ပါတယ်။ Krafton ဟာ ဒီဂိမ်းကို ဘူဆန်မှာကျင်းပတဲ့ G-Star 2023 summit မှာမိတ်ဆက်လိုက်တာဖြစ်ပြီး The Sims ဂိမ်းတွေနဲ့ဆင်တူတယ်ဆိုပေမယ့် ပိုမိုသဘာဝကျတဲ့ ရုပ်ထွက်ပိုင်းအတွက် Unreal Engine 5 ကိုအသုံးပြုလာတာဖြစ်ပါတယ်။

ဂိမ်းကစားသူတွေဟာ InZois လို့ခေါ်တဲ့ avatar တွေရဲ့ဘဝအနေနဲ့ကစားရမှာဖြစ်ကာ အခြား avatar တွေနဲ့ချစ်ကျွမ်းဝင်နိုင်သလို အလုပ်နဲ့အခြားလုပ်ဆောင်ချက်တွေဆောင်ရွက်နိုင်ပါတယ်။ ဂိမ်းtrailer မှာတော့ စတိုးဆိုင်အလုပ်၊ မီးသတ်သမား၊ ကာရာအိုကေသီဆိုခြင်းနဲ့ စတဲ့အရာတွေဆောင်ရွက်နေတာတွေ့ရပါတယ်။


ဂိမ်းကစားသူတွေအနေနဲ့ အဆောက်အဦတွေ၊ မြို့ပြအလှပြောင်းလဲခြင်းတွေနဲ့ ရာသီဥတုတွေကိုထိန်းချုပ်နိုင်ပါတယ်။ ဒါတင်မက ကစားသူတွေဟာ မြောက်များစွာသောရုပ်အဆင်လက္ခဏာတွေနဲ့အဝတ်အစားတွေကိုရွေးချယ်ခွင့်ရမှာပါ။ လက်ရှိမှာ InZOI ကိုဆက်လက်ဖန်တီးနေတုန်းဆိုပေမယ့် G-Star ပွဲမှာ playable demo တွေနဲ့ influencer တွေကို gameplay ဗီဒီယိုတွေတင်ခွင့်ပေးခဲ့ပါတယ်။


ဂိမ်းဟာ အလွန်သပ်ရပ်တဲ့ character တွေနဲ့ real-time reflection တွေများများစားစားအသုံးပြုထားတဲ့အတွက်လှပတဲ့ရုပ်ထွက်ရှိလို့ လူများစုကသတိထားမိကြပါတယ်။ လက်ရှိဈေးကွက်မှာ UE5 ဂိမ်းတွေနည်းပါးနေသေးပေမယ့် InZOI ဟာ ဂိမ်းအင်ဂျင်ရဲ့အကောင်းဆုံးထုတ်ဖော်ပြသမှုတွေထဲက တစ်ခုဖြစ်လာနိုင်ပါတယ်။ Krafton ရဲ့ ဒီဂိမ်းဟာ လှပတဲ့ရုပ်ထွက်ကြောင့် Sims ဂိမ်းတွေနဲ့ ကွဲပြားတယ်ဆိုပေမယ့် စွမ်းအားကောင်းတဲ့ PC ကို လိုအပ်ဖွယ်ရှိနေပါတယ်။


အင်တာဗျူးတစ်ခုထဲမှာတော့ Krafton အနေနဲ့ ဒီဂိမ်းကိုဖန်တီးနေတာတစ်နှစ်ဝန်းကျင်ရှိပြီလို့ဆိုပါတယ်။ InZoi ကိုလာမယ့်နှစ်မှာ ထွက်ရှိဖို့စီစဉ်ထားပေမယ့် ဘယ်ပလက်ဖောင်းမှာကစားလို့ရမလဲဆိုတာနဲ့ Sims 4 လို free-to-play ဖြစ်မယ်မဖြစ်ဘူးဆိုတာကို ထုတ်ဖော်ပြောဆိုတာမရှိသေးပါဘူး။

Sims 4 ထွက်ရှိတာ ၉နှစ်ကျော်ပြီဆိုပေမယ့် EA ဘက်ကဂိမ်းစီးရီးရဲ့နောက်လာမယ့်ဂိမ်းအသစ်အကြောင်းကို အနည်းငယ်သာပြောဆိုထားတာပါ။ ဒီနှစ်အစောပိုင်းက EA အနေနဲ့ လာမယ့် Sims ဂိမ်းဟာ free-to-play ဖြစ်နိုင်ပြီး Sims 5 လို့အမည်တွင်မှာမဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။ EA က လာမယ့်ဂိမ်းမှာ Sims 4 ကို ဖယ်ရှားမှုမပြုပဲ အတူယှဉ်တွဲတည်ရှိနေစေပြီး The Sims ကို အခြားကစားစရာဂိမ်းအဖြစ်ကမ်းလှမ်းလိုဝာာဖြစ်ပါတယ်။
InZOI အနေနဲ့ life simulation ဂိမ်းတွေရဲ့ နည်းပညာပိုင်းခုန်ပျံကျော်လွှားမှုကို ရှာဖွေနေသူတွေအတွက် ဆွဲဆောင်မှုတစ်ခုဖြစ်လာနိုင်ပါတယ်။

Source: TechSpot

#EnThueTech
#News
#Gaming

Post a Comment

0 Comments