Subscribe Us

header ads

Steam မှ တူ‌ရကီနှင့် အာဂျင်တီးနားနိုင်ငံရှိ Steam store များကို အမေရိကန်ဒေါ်လာဖြင့်ပြောင်းလဲသတ်မှတ်

Image via TechSpot

Valve Software ဟာ ဒီနေ့မှာ တူရကီနဲ့ အင်ဂျင်တီးနားနိုင်ငံက Steam store တွေမှာ ယခင်လိုဒေသသုံးငွေကြေးအစား အမေရိကန်ဒေါ်လာကိုပြောင်းလဲအသုံးပြုမှာဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။ ဒီလိုပြောင်းလဲရတာဟာ ဒီဈေးကွက်၂ခုမှာ မတည်ငြိမ်မှုတွေမြင့်မားလာတာကြောင့် ဂိမ်းရေးဆွဲသူတွေအတွက် သူတို့ဂိမ်းတွေအတွက်ဈေးသက်မှတ်ရာမှာ အခက်အခဲတွေဖြစ်လာတာကြောင့်လို့ဆိုပါတယ်။ အခြားဒေသက ဂိမ်းမာတွေကလည်း ဒီနိုင်ငံ၂ခုကဂိမ်း‌တွေဟာ ဈေးအတော်သက်သာတာကြောင့် VPN ကိုအသုံးပြုပြီး ဝယ်ယူကြတာလည်းဖြစ်ပါတယ်။ ဒီလိုအသုံးပြုသူတွေအနေနဲ့ သူတို့ရဲ့ Steam Wallet လက်ကျန်ငွေတွေကို အမေရိကန်ဒေါ်လာအဖြစ်ပေါက်‌ဈေးအတိုင်း အလို‌အလျောက်ပြောင်းလဲ‌သွားတာတွေ့ရမှာဖြစ်တယ်လို့သိရပါတယ်။

Source: Techpowerup

#EnThueTech
#News
#Gaming

Post a Comment

0 Comments