Image: AMD |
AMD ဟာ California ပြည်နယ် San Joseမှာကျင်းပခဲ့တဲ့ သူတို့ရဲ့ 'Advancing AI' ပွဲမှာ “Hawk Point” လို့အမည်ပေးထားတဲ့ Ryzen 8040 series of mobile processors တွေကိုကြေညာခဲ့ပြီး generative AI workloads အချို့မှာ စွမ်းဆောင်ရည် ၁.၄ဆအထိ တိုးတက်လာမယ်လို့ဆိုပါတယ်။ ဒါတင်မက AMD ဟာ XDNA 2 NPU engine တပ်ဆင်ထားပြီး ယခင်မျိုးဆက်ထက် AI စွမ်းဆောင်ရည်ပိုကောင်းတဲ့ ၂၀၂၄ ခုနှစ်မှာထွက်ရှိလာမယ့် “Strix Point” processors တွေအကြောင်းကိုလည်း အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။ ဒါတင်မက XDNA AI engine မှာ pre-trained AI models တွေကိုအသုံးချနိုင်တဲ့ Ryzen AI Software အသစ်ကိုလည်းထုတ်ဖော်ပြသခဲ့ပါသေးတယ်။
Image: AMD |
Hawk Point CPU တွေဟာ Ryzen 8000 နာမည်နဲ့ပထမဆုံးထွက်ရှိလာမယ့် lineup ဆိုပေမယ့် NPU စွမ်းဆောင်ရည် အနည်းငယ်တိုးတက်လာတာကလွဲလို့ Ryzen 7040 “Phoenix” processors တွေနဲ့ ကွဲပြားမှုရှိမှာမဟုတ်ပါဘူး။ AMD ဘက်ကတော့ Ryzen 8040 series ကို သူ့ရဲ့မိတ်ဖက်တွေထံတင်ပို့ပြီးဖြစ်တယ်လို့ဆိုထားပြီး လာမယ့်နှစ် ပထမသုံးလပတ်မှာ စျေးကွက်ထဲရောက်ရှိလာလိမ့်မယ်လို့ဆိုထားပါတယ်။
Strix Point
AMD ဟာ Strix Point” လို့အမည်ပေးထားတဲ့ မျိုးဆက်သစ် processor lineup ကိုလည်း အရိပ်အမြွက်ပြောကြားခဲ့ပြီး XDNA 2 NPU engine တပ်ဆင်ထားကာ ပထမမျိုးဆက် XDNA 1 NPU ထက် AI စွမ်းဆောင်ရည် ၃ဆပိုကောင်းတဲ့ မျိုးဆက်သစ် XDNA 2 NPU တပ်ဆင်ထားတယ်လို့ဆိုပါတယ်။Image: AMD |
Phoenix 7040 series ရဲ့ XDNA 1 မှာတုန်းက 10 TOPS (teraops INT8) စွမ်းဆောင်ရည်ရှိပြီး Hawk Point 8040 series မှာ 16 TOPS တိုးတက်လာတယ်လို့ဆိုထားပေမယ့် ဘယ်လိုနည်းလမ်းတွေအသုံးပြုပြီးစမ်းသပ်ထားသလဲဆိုတာကို ထုတ်ဖော်ပြသတာမျိုးမရှိပါဘူး။
Image: AMD |
Ryzen AI Software
အခုဆိုရင် AI ခေတ်ကို ရောက်နေပြီမို့ AMD ဟာ software ecosystem ကိုဖန်တီးဖို့အတွက် XDNA NPU ပါဝင်တဲ့ ပရိုဆက်ဆာပေါင်းတစ်သန်းကျော်ကို တင်ပို့ထားပြီးဖြစ်ပါတယ်။ ဒါပေမယ့်လည်း AI model တွေကို စက်ပေါ်မှာလည်ပတ်စေခြင်းဟာ စွမ်းဆောင်ရည်၊ လုံခြုံရေး၊ ကုန်ကျစရိတ်နဲ့ ထိရောက်တဲ့အကျိုးခံစားခွင့်မှုတွေကို ပေးတယ်ဆိုပေမယ့် စိန်ခေါ်မှုမြင့်မားတဲ့အလုပ်လို့လည်းဆိုနိုင်ပါတယ်။AMD ရဲ့ Ryzen AI Software suite ဟာ enthusiast တွေနဲ့ developer နှစ်ဘက်စလုံးကို ၎င်းတို့ရဲ့ silicon ပေါ်မှာ ကြိုတင်လေ့ကျင့်ထားတဲ့ AI မော်ဒယ်များကို အသုံးချနိုင်ဖို့ ဒီဇိုင်းထုတ်ထားတာဖြစ်ပြီး ခလုပ်တစ်ချက်နှိပ်ရုံဖြင့် အသုံးပြုနိုင်မှာဖြစ်ပါတယ်။
Ryzen AI ဆော့ဖ်ဝဲလ်ကို လက်ရှိမှာ အခမဲ့ရရှိနိုင်ပြီဖြစ်ပြီး အသုံးပြုသူများအတွက် Hugging Face ပေါ်မှာ AMD ရဲ့ pre-optimized model တစ်ခုလည်း ရှိပါတယ်။ Ryzen AIက ယခုအချိန် Windows မှာသာ အလုပ်လုပ်တယ်ဆိုပေမယ့် လာမည့်သုံးလပတ်တွေမှာ Linux ဗားရှင်းကို ရရှိနိုင်မှာဖြစ်တယ်လို့ဆိုထားပါတယ်။
Image: AMD |
မကြာသေးမီက AMD ဟာ စက်ရုပ်တွေ မျိုးဆက်သစ် AI နဲ့ PC AI ပလပ်ဖောင်းတွေမှာ AI အက်ပ်လီကေးရှင်းများကို တီထွင်သည့် developer များအတွက် 'Pervasive AI' ဆိုတဲ့ပြိုင်ပွဲကို ကျင်းပပေးမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
Image: AMD |
AMD ဟာ AI application တွေကျယ်ပြန့်လာစေဖို့အတွက် hardware တိုးတက်မှုအပိုင်းကိုသာမက developer တွေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းကိုလည်း အာရုံစိုက်နေပါတယ်။ စျေးကွက်ထဲက XDNA ထုတ်ကုန်ပေါင်း ၁ သန်းကျော်နဲ့ developer တွေအတွက် hardware တွေထောက်ပံ့ပေးထားပြီး အပလီကေးရှင်းအသစ်တွေဖန်တီးဖို့ မက်လုံးပေးထားပါတယ်။
Image: AMD |
နောက်ထပ်အရေးပါတဲ့အဆင့်ကတော့ built-in AI အသုံးပြုသူတွေတိုးတက်လာဖို့ဖြစ်ပါတယ်။ AMD သည်ဟာ PC အသုံးပြုသူတွေအတွက် AI အပလီကေးရှင်း ၁၀၀ ကျော်အပြင် Adobe၊ Microsoft နဲ့ OBS Studio တို့လို ထိပ်တန်းမိတ်ဖက်တွေနဲ့ လက်တွဲပြီး NPU ကို အပြည့်အဝအသုံးချနိုင်တဲ့ အပလီကေးရှင်းတွေထပ်မံထွက်ပေါ်လာဖို့ ကြိုးပမ်းနေပါတယ်။
Source: Tom's Hardware
#EnThueTech
#News
#CPU
#AI
Source: Tom's Hardware
#EnThueTech
#News
#CPU
#AI
0 Comments