Subscribe Us

header ads

Intel မှ AI Accelerator နှင့် Arc graphics ပါဝင်သည့် Core Ultra mobile CPU များကိုမိတ်ဆက်


Image: Intel

Intel ဟာ mobile ဈေးကွက်အတွက် သူတို့ရဲ့ Meteor Lake အခြေခံ Core Ultra CPU တွေကိုကြေညာလိုက်ပြီး H-series နဲ့ U-series တွေပေါင်းစပ်ပါဝင်ပါတယ်။ ဒီချစ်ပ်အများစုကိုအခုစတင်ဝယ်ယူနိုင်မှာဖြစ်ပြီး အချို့ CPU မော်ဒယ်တွေကတော့ ၂၀၂၄ခုနှစ် ပထမ၃လပတ်မှာစတင်ထွက်ရှိလာမယ်လို့မျှော်လင့်ရပါတယ်။

ဒီ Core Ultra ချစ်ပ်တွေဟာ Intel 4 node နဲ့ ဖန်တီးထားတဲ့ ပထမဦးဆုံး consumer processor တွေဖြစ်ပြီး ကုမ္ပဏီရဲ့ Foveros 3D hybrid architecture ကိုအသုံးပြုထားပါတယ်။ ဒီ processor တွေဟာ ပထမဆုံး AI Accelerator တစ်မျိုးဖြစ်တဲ့ NPU (neural processing unit) ပါဝင်တဲ့ ပထမဆုံး Intel processor တွေဖြစ်ပါတယ်။ Intel အဆိုအရ သူတို့ရဲ့ NPU(AMDQualcomm နှင့် Apple တို့မှာလည်း သီးခြား NPU versionများရှိ) ဟာ AI PC ခေတ်ကိုယူဆောင်လာမှာဖြစ်ကြောင်းဆိုပါတယ်။

Image: Intel

Intel Core Ultra မှာ ယခင်မျိုးဆက်တွေလို စွမ်းဆောင်ရည်အလယ်အလတ်ရှိကာ ပါးလွှာပေါ့ပါးတဲ့ laptop ဖန်တီးဖို့ရည်ရွယ်ထားတဲ့ P-series CPU ဆိုတာမရှိတော့ပဲ H-series တွေက အလယ်အလတ်နဲ့ အမြင့်ပိုင်း နေရာတွေကိုပါယူလိုက်ပြီဖြစ်ပါတယ်။ ပါဝါစားသက်သာဖို့လိုအပ်တဲ့ laptop အတွက် U-series တွေကတော့ ပုံမှန်အတိုင်းရှိနေမှာဖြစ်ပါတယ်။ Intel အနေနဲ့ Core Ultra CPU တွေအတွက် ပိုမိုတိုးတက်ကောင်းမွန်တဲ့ Redwood Cove P-cores နဲ့ Crestmont E-cores ကို ပြောင်းလဲအသုံးပြုထားပါတယ်။ Redwood Cove P-cores က အရင်မျိုးဆက်ထက်စွမ်းဆောင်ရည်ပိုကောင်းလာသလို Crestmont E-cores တွေကလည်း အရင်မျိုးဆက် E-cores ထက် IPC ပိုကောင်းလာတယ်လို့ဆိုပါတယ်။

Image: Intel

မိတ်ဆက်သွားတဲ့ Core Ultra CPU တွေမှာ Core Ultra H CPU ၄ခု(Core Ultra 7 ၂ခု၊ Core Ultra 5 ၂ခု)နဲ့ Core Ultra U CPU ၄ခု(Core Ultra 7 ၂ခု၊ Core Ultra 5 ၂ခု) စီပါဝင်ပါတယ်။ Core Ultra H CPU မှာ အမြင့်ဆုံးက Core Ultra 7 165H ဖြစ်ပြီး 16 Core /22 Thread အထိပါဝင်ကာ အမြင့်ဆုံး clock speed အနေနဲ့ 5.0-GHz အထိ ရရှိနိုင်ပါတယ်။ ဒီ CPU မှာ performance core (P-core) ၆ခု, eight efficiency core (E-core) ၈ခု အပြင်အရင်မျိုးဆက်တွေမှာမပါဝင်ခဲ့တဲ့ low-power efficiency core (LP E-core) ၂ခုစီလည်းပါဝင်ပါတယ်။ Core Ultra 9 တွေကတော့ ၂၀၂၄ခုနှစ် ပထမ၃လပတ်မှထွက်ရှိလာမှာလို့သိရပါတယ်။

Image: Intel

နောက်ထပ် Intel အဆိုအရ processor အသစ်တွေဟာ ပိုမိုသေးငယ်တဲ့ node ကို အသုံးပြုထားတဲ့အပြင် NPU ကို အသုံးချနိုင်တာမို့ စွမ်းအင်သုံးစွဲမှုအရမ်းထိရောက်ကြောင်းဆိုပါတယ်။ Ultra 7 165H ရဲ့ power limit PL1 ဟာ 28W သာရှိတဲ့အတွက် Netflix ကြည့်တဲ့အခါ Raptor Lake Core i7-1370P ထက် စွမ်းအင်သုံးစွဲမှု ၂၅% လျော့နည်းတယ်လို့ဆိုပါတယ်။ ဒါဟာ Raptor Lake Core i7-1370P အနေနဲ့ P-core ရော E-core ၂ခုလုံးအသုံးပြုနေတာကြောင့်ဖြစ်ပြီး Core Ultra မှာတော့ low-power efficiency core (LP E-core) တွေကိုသာ အသုံးပြုမှာဖြစ်ပါတယ်။ ထူးခြားချက်က Core Ultra CPU တွေအားလုံးမှာ တူညီတဲ့ NPU တွေပါဝင်မှာဖြစ်ပါတယ်။

Image: Intel

ဒါတင်မက Core Ultra မှာ graphics ပိုင်းအတွက် Arc GPU အသစ်တွေပါဝင်လာတယ်ဆိုပေမယ့် အချို့ H-series processors အတွက်သာဖြစ်ပါတယ်။ Gaming ပိုင်းမှာဆိုရင် Arc GPU အသစ်ပါဝင်တဲ့ Core Ultra 7 165H ဟာ 13th Gen Core i7-1370P ထက် ၂ဆအထိပိုမိုမြန်ဆန်တယ်လို့ဆိုပါတယ်။ ဒါကအတော်လေးကောင်းမွန်တယ်လို့ဆိုရမှာဖြစ်ပါတယ်။

Image: Intel

Intel အနေနဲ့ Core Ultra CPU တွေမှာ AI ပိုင်းအတွက် CPU နဲ့ GPU အပြင် NPU ကိုလည်း ထည့်သွင်းပေးထားပြီး "AI engines" လို့တင်စားထားပါတယ်။ AI စွမ်းဆောင်ရည်ပိုင်းမှာ Core Ultra 7 165H အနေနဲ့ "AI engines" ၃ခုလုံးကိုပေါင်းစပ်လိုက်ရင် 34 TeraOPS အထိရရှိတယ်လို့ဆိုထားပြီး CPU၊ GPU နဲ့ NPUတစ်ခုခြင်းစီရဲ့ သီးခြားစွမ်းဆောင်ရည်ကိုတော့ ခွဲခြားပြသတာမျိုးမရှိပါဘူး။ Intel ကိုယ်တိုင်တိုင်းတာထားတဲ့ benchmark ရလဒ်တွေအရ AI စွမ်းဆောင်ရည်ပိုင်းမှာ Core Ultra 7 165H ဟာ Core i7-1370P အပြင် Ryzen AI ပါဝင်တဲ့ Ryzen 7 7840U တို့ထက်သာလွန်တယ်လို့ဆိုပါတယ်။

Image: Intel

လက်ရှိမှာ Core Ultra CPU ပါဝင်တဲ့ laptop တွေကိုဝယ်ယူနိုင်ပြီဖြစ်ပြီး ၂၀၂၄ခုနှစ်ထဲမှာ ထပ်မံရောက်ရှိလာမှာဖြစ်ပါတယ်။ အခု ပထမအသုတ်မှာ MSI၊ Asus၊ Acer၊ Lenovo နဲ့ အခြားအမှတ်တံဆိပ်တွေပါဝင်ပြီး AI PC နဲ့ Meteor Lake မှာဘာတွေထူးခြားလာမလဲဆိုတာ မကြာခင်သိရတော့မှာပါ။

Source: Tom's Hardware and Techspot

#EnThueTech
#News
#CPU
#AI

Post a Comment

0 Comments